ကိုယ်တော်သည်ငါ့အား``အထဲသို့ဝင်၍ထိုသူတို့ပြုနေကြသည့်ဆိုးညစ်စက်ဆုပ်ဖွယ်သောအမှုတို့ကိုကြည့်လော့'' ဟုမိန့်တော်မူလျှင်၊-
ကိုယ် တော် က လည်း ဤ ဌာ န၌ ပြု ကျင့် ကြ သော၊ ရွံ ရှာ ဖွယ် ဆိုး သွမ်း မှု များ ကို၊ ဝင်၍ ကြည့် လော့ ဟူ သော အ မိန့် တော် အ ရ၊ ငါ ဝင် ရောက် ရှု ကြည့် ရာ၊
ဝင်လော့။ ဤအရပ်၌ ပြုကြသော စက်ဆုပ်ရွံရှာဖွယ် အမှုဆိုးတို့ကို ကြည့်ရှုလော့ဟု မိန့်တော်မူသည်အတိုင်း၊
တစ်ဖန် ငါ့အား “ဝင်သွားပါ။ ထိုနေရာ၌ သူတို့ပြုသော စက်ဆုပ်ရွံရှာဖွယ်မကောင်းမှုတို့ကို ကြည့်ပါ”ဟု မိန့်တော်မူသဖြင့်
သူတို့သည်ငါ့အားအာခံကာငါ၏စကား ကိုနားမထောင်ဘဲနေကြ၏။ သူတို့သည်မိမိ တို့မြတ်နိုးသည့်စက်ဆုပ်ဖွယ်ကောင်းသောရုပ် တုများနှင့် အီဂျစ်ဘုရားများကိုမစွန့်ကြ။ ငါသည်သူတို့အားအီဂျစ်ပြည်တွင်ငါ၏ အမျက်ဒေါသကိုသူတို့အပေါ်သို့သွန်း လောင်း၍ အမျက်တော်ဒဏ်ကိုအပြည့် အဝခံကြစေရန်အကြံရှိခဲ့၏။-
ငါသည်အထဲသို့ဝင်၍ကြည့်၏။ တံတိုင်းနံရံများတွင်တွားသွားသောသတ္တဝါရုပ်များ၊ အခြားမသန့်စင်သည့်တိရစ္ဆာန်ရုပ်များနှင့် ဣသရေလအမျိုးသားတို့ကိုးကွယ်သည့်အခြားရုပ်တုပုံများကိုရေးဆွဲထား၏။-
ဘုရားသခင်ကငါ့အား``အချင်းလူသား၊ ထိုသူတို့ပြုနေသည့်အမှုကိုသင်မြင်သလော။ ဤအရပ်တွင်ဣသရေလအမျိုးသားတို့ပြုနေကြသည့်စက်ဆုပ်ဖွယ်ရာများကိုကြည့်လော့။ သူတို့သည်ငါ့အားသန့်ရှင်းရာဌာနတော်နှင့်ဝေးသည်ထက်ဝေးအောင်နှင်ထုတ်လျက်နေကြ၏။ သင်သည်ထိုအရာတို့ထက်ပို၍ရှက်ကြောက်ဖွယ်ကောင်းသည့်အရာတို့ကိုမြင်ရလိမ့်မည်'' ဟု မိန့်တော်မူ၏။
ကိုယ်တော်က``အချင်းလူသား၊ တံတိုင်းကိုဤနေရာမှတူးဖောက်လိုက်လော့'' ဟုမိန့်တော်မူသည့်အတိုင်း ငါသည်တူးဖောက်လိုက်သောအခါတံခါးတစ်ခုကိုမြင်ရ၏။-