ယေဇကျေလ 8:8 - Common Language Bible ကိုယ်တော်က``အချင်းလူသား၊ တံတိုင်းကိုဤနေရာမှတူးဖောက်လိုက်လော့'' ဟုမိန့်တော်မူသည့်အတိုင်း ငါသည်တူးဖောက်လိုက်သောအခါတံခါးတစ်ခုကိုမြင်ရ၏။- Garrad Bible တံ တိုင်း နံ ရံ၌ အ ပေါက် ကို မြင် ရ လျှင် အ ချင်း လူ့ သား၊ ထို နံ ရံ ကို ချဲ့ ထွင်း လော့ ဟု မိန့် တော် မူ သည့် အ တိုင်း ထွင်း သော်၊ တံ ခါး ဝ တစ် ခု ကို မြင် ရ ၏။ Judson Bible တစ်ဖန်တုံ အချင်းလူသား၊ တံတိုင်းရိုးကို တူးလော့ဟု မိန့်တော်မူသည်အတိုင်း၊ ငါသည်တူးပြီးမှ တံခါးဝကို မြင်လေ၏။ မြန်မာ့စံမီသမ္မာကျမ်း “အချင်းလူသား၊ နံရံကိုဖောက်လော့”ဟု မိန့်တော်မူသဖြင့် ငါလည်း နံရံကိုဖောက်လိုက်သော် တံခါးတစ်ခုကို တွေ့၏။ |
မိမိတို့၏အကြံအစည်များကိုထာဝရ ဘုရားထံတော်မှ ဖုံးကွယ်ထားရန်ကြိုးစား သူတို့သည်အမင်္ဂလာရှိကြ၏။ သူတို့သည် မိမိတို့၏စီမံကိန်းများကိုလျှို့ဝှက်၍ အကောင်အထည်ဖော်ကာမိမိတို့အား အဘယ်သူမျှမြင်လိမ့်မည်မဟုတ်။ မိမိ တို့ပြုသောအမှုတို့ကိုလည်းအဘယ်သူ မျှသိလိမ့်မည်မဟုတ်ဟုထင်မှတ်တတ် ကြ၏။-
ဖောက်ထွင်းခိုးယူမှုအတွက်သင်တို့ဖမ်းမမိ သော်လည်း ထိုဆင်းရဲသားများ၊ အပြစ်မဲ့သူ များ၏သွေးနှင့် သင်တို့၏အဝတ်များသည် စွန်းကွက်လျက်ရှိ၏။ ``သို့ပါလျက်
ငါမတွေ့မမြင်နိုင်သောအရပ်တွင်အဘယ် သူမျှပုန်းကွယ်၍မနေနိုင်။ ``ငါသည်ကောင်း ကင်ဘုံနှင့်ကမ္ဘာမြေကြီးပေါ်ရှိအရပ် တကာတွင်ရှိတော်မူကြောင်းကိုသင်တို့ မသိကြသလော။-''
ကိုယ်တော်သည်ငါ့အားအပြင်တံတိုင်းအဝင်ဝသို့ခေါ်ဆောင်သွားပြီးလျှင် တံတိုင်းတွင်ရှိသောအပေါက်တစ်ခုကိုပြတော်မူ၏။-
ကိုယ်တော်သည်ငါ့အား``အထဲသို့ဝင်၍ထိုသူတို့ပြုနေကြသည့်ဆိုးညစ်စက်ဆုပ်ဖွယ်သောအမှုတို့ကိုကြည့်လော့'' ဟုမိန့်တော်မူလျှင်၊-