ငါ၏လူမျိုးသည်ထာဝရဘုရား၏လက် တော်ဖြင့် ရုတ်တရက်ပြိုလဲပျက်စီးရသည့် သောဒုံမြို့ထက်အပြစ်ဒဏ်ပို၍ခံရ ပါ၏။
ယေဇကျေလ 5:9 - Common Language Bible ငါရွံမုန်းသောရုပ်တုများကြောင့်သင့်အား ငါသည်အဘယ်အခါကမျှမပေးစဖူး၊ နောင်အဘယ်အခါ၌မျှလည်းပေးမည် မဟုတ်သည့်အပြစ်ဒဏ်ကိုပေးမည်။- Garrad Bible ရွံ့ ရှာ ဖွယ် ရုပ် ပွား အ ပေါင်း တို့ အ တွက် ယ မန် မ ပြု ဘူး သော နောင် လည်း မ ပြု လ တ္တံ့ သော အ မှု ကို စီ ရင် မည်။ Judson Bible သင်ပြုဖူးသမျှသော ရွံရှာဖွယ်အမှုတို့ကြောင့်၊ ငါမစီရင်စဖူး၊ မစီရင်လတ္တံ့သော အပြစ်ဒဏ်ကို သင်၌စီရင်မည်။ မြန်မာ့စံမီသမ္မာကျမ်း သင်ပြုသောစက်ဆုပ်ရွံရှာဖွယ်အမှုအလုံးစုံတို့ကြောင့် ငါမပြုဖူးသော၊ နောင်တွင်လည်း ပြုမည်မဟုတ်သောအမှုကို သင်၌ငါပြုမည်။ |
ငါ၏လူမျိုးသည်ထာဝရဘုရား၏လက် တော်ဖြင့် ရုတ်တရက်ပြိုလဲပျက်စီးရသည့် သောဒုံမြို့ထက်အပြစ်ဒဏ်ပို၍ခံရ ပါ၏။
စစ်ပွဲတွင်ကျဆုံးသေကြေရသူတို့သည် အစာရေစာပြတ်၍ ဆက်လက်အသက်မရှင်နိုင်တော့ဘဲ တဖြည်းဖြည်းငတ်မွတ်သေဆုံးသူများထက် သာ၍ကောင်းသေးသည်။
ငါသည်လူတို့အားအပြစ်များအတွက်ဒဏ် ခတ်၍ သူတို့၏ပြည်ကိုလူသူဆိတ်ငြိမ်ရာ အရပ်ဖြစ်စေသောအခါ ငါသည်ထာဝရ ဘုရားဖြစ်တော်မူကြောင်းသူတို့သိရှိ ကြလိမ့်မည်'' ဟုမိန့်တော်မူ၏။
ပိတ်ချောအင်္ကျီကိုဝတ်ဆင်ထားသော ကောင်းကင်တမန်က``ထိုကာလ၌ကြီး မြတ်သောကောင်းကင်တမန်မိက္ခေလသည် ပေါ်လာလိမ့်မည်။ သူသည်သင်၏အမျိုးသား များကိုစောင့်ထိန်းသောသူဖြစ်၏။ ထိုနောက် လူမျိုးအပေါင်းတို့ဖြစ်ပေါ်လာချိန်မှအစ ပြု၍ အဘယ်အခါ၌မျှမကြုံဘူးသော ဆင်းရဲဒုက္ခများဆိုက်ရောက်ရာကာလကျ ရောက်လာလိမ့်မည်။ ထိုအခါ၌ဘုရားသခင်၏စာစောင်တော်တွင်စာရင်းဝင် သူ သင်၏အမျိုးသားအပေါင်းတို့သည် လွတ်မြောက်ကြလိမ့်မည်။-
ကိုယ်တော်သည်မိမိမိန့်တော်မူခဲ့သည် အတိုင်း အကျွန်ုပ်တို့နှင့်အကျွန်ုပ်တို့ကို အုပ်စိုးသူတို့အား အပြစ်ဒဏ်ပေးတော် မူပါပြီ။ ယေရုရှလင်မြို့အားကမ္ဘာပေါ် ရှိအခြားမြို့များထက်ပို၍ ပြင်းထန်စွာ အပြစ်ပေးတော်မူပါ၏။-
ကမ္ဘာတစ်ခွင်လုံးရှိနိုင်ငံတကာတို့အနက် သင် တို့တစ်မျိုးတည်းကိုသာငါအသိအမှတ် ပြု၍ကရုဏာသက်ခဲ့၏။ ထို့ကြောင့်ပင်သင် တို့ပြုခဲ့သမျှသောအပြစ်များအတွက် သင်တို့ကိုအပြစ်ပေးရတော့မည်။
ထိုကာလ၌အလွန်ဆိုးရွားသောဆင်းရဲဒုက္ခ ကျရောက်လာလိမ့်မည်။ ထိုမျှဆိုးရွားသောဆင်းရဲ ဒုက္ခမျိုးကိုကမ္ဘာဦးမှစ၍အဘယ်ကာလ၌ မျှလူတို့မကြုံစဖူး၊ နောင်ကာလ၌လည်း တွေ့ကြုံရကြမည်မဟုတ်။-