ထိုမြို့တွင်နေထိုင်သောအဘယ်အနွယ်ဝင်များပင်ဖြစ်စေကာမူထိုမြေယာတွင်ထွန်ယက်စိုက်ပျိုးနိုင်ကြ၏။-
ယေဇကျေလ 48:20 - Common Language Bible သို့ဖြစ်၍သီးသန့်ထားရမည့်အလယ်နယ်မြေတစ်ခုလုံးသည်စတုရန်းပုံသဏ္ဌာန်ဖြစ်၍ တစ်ဘက်စီတွင်ရှစ်မိုင်ရှိလိမ့်မည်။ ထိုနယ်မြေအတွင်း၌မြို့တည်ရှိမည်။ Garrad Bible မြို့ တော် ဆင် ခြေ ဖုံး နှင့် တ ကွ သီး သန့် ရာ ဝ တ္ထု ကံ အ ဖြစ် လှူ ဆက် ရ မည့်၊ မြေ တ ကွက် လုံး ကား။ စ တု ရန်း အ တောင် နှစ် သောင်း ငါး ထောင် စီ တည်း။ Judson Bible ပူဇော်သော မြေကွက်ပေါင်းကား၊ အလျား နှစ်သောင်းငါးထောင်၊ အနံ နှစ်သောင်းငါးထောင်ကျယ်၍၊ မြို့နယ်ပါလျက် သန့်ရှင်းသော ထိုစတုရန်းမြေကို ပူဇော်ရမည်။ မြန်မာ့စံမီသမ္မာကျမ်း အလှူမြေတစ်ခုလုံးသည် စတုရန်းပုံရှိ၍ အလျားအတောင်နှစ်သောင်းငါးထောင်၊ အနံအတောင်နှစ်သောင်းငါးထောင် ရှိရမည်။ သန့်ရှင်းသောအလှူမြေနှင့်အတူ မြို့ပိုင်မြေကိုပါ ပေးလှူရမည်။ |
ထိုမြို့တွင်နေထိုင်သောအဘယ်အနွယ်ဝင်များပင်ဖြစ်စေကာမူထိုမြေယာတွင်ထွန်ယက်စိုက်ပျိုးနိုင်ကြ၏။-
ဗိမာန်တော်၊ ယဇ်ပုရောဟိတ်များ၊ လေဝိအနွယ်ဝင်များနှင့်မြို့အတွက်သတ်မှတ်ထားသောမြေယာ၏အရှေ့ဘက်နှင့်အနောက်ဘက်တို့တွင် ကျန်ရှိနေသောမြေယာကိုနန်းစံနေဆဲမင်းသားကပိုင်ဆိုင်သည်။ ထိုမြေယာသည်အရှေ့ဘက်တွင်အရှေ့နယ်နိမိတ်သို့လည်းကောင်း၊ အနောက်ဘက်တွင်မြေထဲပင်လယ်သို့လည်းကောင်းရောက်၍၊ ဤမြေယာမြောက်ဘက်၌ရှိသောယုဒ၏နယ်မြေနှင့်တောင်ဘက်၌ရှိသောဗင်္ယာမိန်၏နယ်မြေစပ်ကြားတွင်ရှိသတည်း။
သင်တို့သိသည့်အတိုင်း သူသည်နောင်အခါမှ ဖခင်၏ကောင်းချီးကိုခံယူရန်အလိုရှိ၏။ သို့ရာတွင်မရရှိခဲ့။ အဘယ်ကြောင့်ဆိုသော် သူသည်မိမိပြုပြီးသည့်အမှုကိုပြန်လည် ပြင်ဆင်ရန် နည်းလမ်းကိုမျက်ရည်ကျလျက် ရှာသော်လည်းမတွေ့နိုင်သောကြောင့်ဖြစ်၏။
ထိုမြို့သည်အနားလေးဘက်ညီသောထောင့်မှန် စတုဂံပုံရှိ၍အလျားနှင့်အနံတူညီ၏။ ကောင်း ကင်တမန်သည်ကူလုံးဖြင့်မြို့ကိုတိုင်းထွာရာ အလျား၊ အနံ၊ အမြင့်မှာမိုင်တစ်ထောင့်ငါး ရာစီရှိကြောင်းတွေ့ရ၏။-