အလွန်သန့်ရှင်းရာဌာနတော်ဟုခေါ်တွင် သောဗိမာန်တော်အတွင်းခန်းသည် အလျား ပေသုံးဆယ်ရှိ၍ယင်းကိုသစ်ကတိုးသား ပျဉ်များဖြင့်မျက်နှာကျက်အထိကာရံ ထား၏။-
ယေဇကျေလ 45:3 - Common Language Bible အလွန်သန့်ရှင်းမြင့်မြတ်သည့်ဌာနတည်း ဟူသောဗိမာန်တော်တည်ရှိမည်။- Garrad Bible ဝ တ္ထု ကံ မြေ ပိုင်း ခြား လျက်၊ အ ထူး သန့် ရှင်း ရာ ဌာ န တော် ပါ သော၊ အ လျား အ တောင် နှစ် သောင်း ငါး ထောင်၊ အ နံ တစ် သောင်း ကျယ် မြေ ကွက် ကို သန့် ရှင်း ရာ ဌာ န၌၊ အ မှု တော် ဆောင် အ ဖြစ် ဝတ် ပြု ရန်၊ ငါ ထာ ဝ ရ ဘု ရား ထံ ချဉ်း ကပ် သူ ပ ရော ဟိတ် တို့ အိမ် ဆောက် ရာ တစ် ရပ်၊ သန့် ရှင်း ရာ ဌာ န တစ် ရပ် အ ဖို့၊ သီး သန့် သော မြေ ကွက် အ ဖြစ်၊ ထား ကြ ရ မည်။ Judson Bible ထိုသို့ အလျားနှစ်သောင်းငါးထောင်၊ အနံ တစ်သောင်းကိုတိုင်းပြီးမှ အလွန်သန့်ရှင်းသောအရပ်နှင့် သန့်ရှင်းသောဌာနတည်ရာ ဖြစ်ရမည်။ မြန်မာ့စံမီသမ္မာကျမ်း ထိုသို့ အလျားအတောင်နှစ်သောင်းငါးထောင်၊ အနံအတောင်တစ်သောင်းရှိသောမြေကို တိုင်းတာရမည်။ ထိုမြေတွင် သန့်ရှင်းရာဌာန၊ အသန့်ရှင်းဆုံးဌာနကို တည်ရမည်။ |
အလွန်သန့်ရှင်းရာဌာနတော်ဟုခေါ်တွင် သောဗိမာန်တော်အတွင်းခန်းသည် အလျား ပေသုံးဆယ်ရှိ၍ယင်းကိုသစ်ကတိုးသား ပျဉ်များဖြင့်မျက်နှာကျက်အထိကာရံ ထား၏။-
ဗိမာန်တော်အတွက်စတုရန်းရှစ်ရာလေး ဆယ်ပေရှိသောမြေကွက်ပါဝင်ရမည်။ ထို မြေကွက်ပတ်လည်တွင်အနံရှစ်ဆယ့်လေး ပေရှိသောမြေလပ်ရှိရမည်။-
ဗိမာန်တော်တွင်ထာဝရဘုရား၏ထံတော် သို့ချဉ်းကပ်၍ အမှုတော်ကိုထမ်းဆောင်သော ယဇ်ပုရောဟိတ်တို့အတွက်သီးသန့်ထားရာ သန့်ရှင်းမြင့်မြတ်သည့်ဌာနပါရှိ၍ သူတို့ နေထိုင်ရန်အိမ်များရှိရာအပိုင်းနှင့်ဗိမာန် တော်တည်ရှိရာအပိုင်းပါရှိလိမ့်မည်။-
ထိုသန့်ရှင်းမြင့်မြတ်သည့်နယ်မြေတွင်ယဇ်ပုရောဟိတ်တို့အတွက်ဝေစုရှိစေရမည်။ ထိုဝေစုမြေသည်မြောက်ဘက်မှတောင်ဘက်သို့သုံးမိုင်ကျယ်၍ အရှေ့ဘက်မှအနောက်ဘက်သို့ရှစ်မိုင်ရှိရမည်။ ဤနယ်မြေ၏အလယ်၌ထာဝရဘုရား၏ဗိမာန်တော်တည်ရှိရမည်။-
ယုဒပြည်အရှေ့နယ်စပ်မှအနောက်နယ်စပ်အတွင်း အထူးနယ်မြေတစ်ခုရှိရမည်။ ထိုနယ်မြေသည်အနံရှစ်မိုင်ရှိ၍အလျားမှာဣသရေလအနွယ်တို့အားခွဲဝေပေးသည့်နယ်မြေတို့၏အလျားအတိုင်းဖြစ်ရမည်။ ဗိမာန်တော်သည်ထိုနယ်မြေတွင်ရှိရမည်။