အောက်ဆုံးခန်းငယ်အဝင်ဝမှာဗိမာန်တော် ၏တောင်ဘက်တွင်ရှိ၏။ ဒုတိယနှင့်တတိယ ထပ်များသို့တက်ရန်လှေကားများတပ်ဆင် ထား၏။-
ယေဇကျေလ 42:6 - Common Language Bible မြေပြင်သုံးဆင့်စလုံး၌ရှိသောအခန်း တို့သည်မြေပြန့်ကုန်းမြင့်များပေါ်တွင်တည် ဆောက်ထားသဖြင့်ယင်းတို့သည်တံတိုင်း အပြင်ဝင်းအတွင်းမှအခြားအဆောက် အအုံများမှာကဲ့သို့ကျောက်တိုင်များ မရှိချေ။- Judson Bible အကြောင်းမူကား၊ အခန်းသုံးဆင့်ရှိသော်လည်း၊ ထိုအခန်းတို့သည် အခြားတံတိုင်းကဲ့သို့ တိုင်မရှိ၊ သို့ဖြစ်၍၊ အောက်ခန်းနှင့် အလယ်ခန်းထက် သာ၍ကျဉ်းကြ၏။ မြန်မာ့စံမီသမ္မာကျမ်း အဆောင်နှစ်ဆောင်တို့သည် အထပ်သုံးထပ်ရှိသော်လည်း အခြားအဆောင်များကဲ့သို့ တိုင်များမပါရှိချေ။ ထို့ကြောင့် အပေါ်ဆုံးထပ်သည် အောက်ထပ်နှင့် အလယ်ထပ်တို့ထက်ကျဉ်း၏။ |
အောက်ဆုံးခန်းငယ်အဝင်ဝမှာဗိမာန်တော် ၏တောင်ဘက်တွင်ရှိ၏။ ဒုတိယနှင့်တတိယ ထပ်များသို့တက်ရန်လှေကားများတပ်ဆင် ထား၏။-
ထိုအခန်းများသည်အထပ်သုံးထပ်ရှိ ၍တစ်ထပ်လျှင် အခန်းငယ်ပေါင်းသုံးဆယ် စီရှိ၏။ ဗိမာန်တော်ဘက်မှနံရံများသည် တစ်ထပ်နှင့်တစ်ထပ်ထုချင်းမတူကြ။ အောက် ထပ်နံရံကအထက်ထပ်နံရံထက်ပို၍ ထူ၏။ ဤနည်းအားဖြင့်အခန်းငယ်များ ကိုနံရံနှင့်ချိတ်ဆက်၍ဆောက်မည့်အစား၊ ထုထည်ကြီးသောနံရံချွန်းပေါ်တွင် တင်၍ဆောက်လုပ်ထားလေသည်။-
အမြင့်ပိုင်းတွင်ရှိသည့်အခန်းများသည် အလယ်ပိုင်းနှင့်အနိမ့်ပိုင်းတွင်ရှိသည့် အခန်းများထက်ပို၍ကျဉ်း၏။ အဘယ် ကြောင့်ဆိုသော်ထိုအခန်းတို့ကိုနောက်သို့ ဆုတ်၍ဆောက်လုပ်ထားသောကြောင့်ဖြစ်၏။-