အစွန်းဆုံး၌ရှိသောအခန်းမှထွက်လျှင် တံတိုင်းအတွင်းရှိဗိမာန်တော်အပြင်ဘက်သို့ရောက်ရှိလေသည်။ ထိုအခန်းကိုတိုင်းထွာ၍ကြည့်ရာသုံးဆယ့်လေးပေကျယ်သည်ကိုတွေ့ရ၏။-
ယေဇကျေလ 42:1 - Common Language Bible ထိုလူသည်ငါ့အားတံတိုင်းအပြင်ဝင်း အတွင်းသို့ခေါ်ဆောင်ကာဗိမာန်တော်မြောက် ဘက်၌ရှိသောအဆောက်အအုံသို့ခေါ် ဆောင်သွား၏။ ထိုအဆောက်အအုံသည် အလျားတစ်ရာခုနစ်ဆယ်ပေ၊ အနံရှစ် ဆယ့်ငါးပေရှိ၍ဗိမာန်တော်အနောက် ဘက်၌ရှိသည့်အဆောက်အအုံနှင့် မဝေးချေ။- Garrad Bible ထို့ နောက်၊ မြောက် ဘက် အ ပြင် တံ တိုင်း သို့ ငါ့ ကို ခေါ် ဆောင် ပြီး လျှင်၊ မ ဟာ ရံ နှင့် မြောက် တံ တိုင်း ရိုး ကြား တွင် လည်း ကောင်း၊ အ တွင်း တံ တိုင်း ရှိ အ တောင် နှစ် ဆယ် ကျယ် ရာ ကွက် လပ် နှင့် အ ပြင် တံ တိုင်း ကျောက် သ မံ တ လင်း ကြား တွင် လည်း ကောင်း၊ မြောက် တံ ခါး များ ရှိ လျက်၊ အ လျား အ တောင် တစ် ရာ၊ အ နံ အ တောင် ငါး ဆယ် ရှိ သော၊ တ တိ ယ အ ဆင့်၌၊ မျက် နှာ ချင်း ဆိုင် စင်္ကြံ များ နှင့် ပြည့် စုံ သည့် အ ခန်း စဉ် ရှေ့ သို့၊ ငါ့ ကို ခေါ် သွား လေ ၏။ Judson Bible ထိုနောက်မှ မြောက်လမ်းဖြင့် ပြင်တံတိုင်းထဲသို့ ခေါ်သွား၍၊ အိမ်တော်မြောက်ဘက်၊ လွတ်လပ်သော အရပ်ရှေ့မှာရှိသော အခန်းများကို ပြလေ၏။ မြန်မာ့စံမီသမ္မာကျမ်း ထို့နောက် ငါ့အား မြောက်ဘက်ထွက်ပေါက်လမ်းမှ အပြင်ဝင်းသို့ ခေါ်ဆောင်သွားပြီး မြေကွက်လပ်ဘက် မျက်နှာမူထားသော မြောက်ဘက်အဆောက်အအုံနှင့်မျက်နှာချင်းဆိုင် အခန်းများသို့ ခေါ်ဆောင်သွား၏။ |
အစွန်းဆုံး၌ရှိသောအခန်းမှထွက်လျှင် တံတိုင်းအတွင်းရှိဗိမာန်တော်အပြင်ဘက်သို့ရောက်ရှိလေသည်။ ထိုအခန်းကိုတိုင်းထွာ၍ကြည့်ရာသုံးဆယ့်လေးပေကျယ်သည်ကိုတွေ့ရ၏။-
ထိုလူသည်ငါ့အားမုခ်ပေါက်ကိုဖြတ်၍ဗိမာန်တော်အပြင်တံတိုင်းထဲသို့ခေါ်ဆောင်သွား၏။ အပြင်တံတိုင်းကိုကပ်၍ဆောက်လုပ်ထားသောအခန်းပေါင်းသုံးဆယ်ရှိ၏။ ထိုအခန်းများ၏ရှေ့တွင်ကျောက်များခင်းထားသောအကွက်ရှိလေသည်။ တံတိုင်းအပြင်၏မြေမျက်နှာပြင်သည်တံတိုင်းအတွင်းရှိမြေမျက်နှာပြင်ထက်နိမ့်၏။
ထိုနောက်သူသည်တံတိုင်းအပြင်ရှိဝင်းသို့သွားရာ မြောက်မုခ်ပေါက်လမ်းကိုတိုင်းတာကြည့်၏။-
ထိုနောက်ထိုသူသည်ငါ့အားတောင်မျက်နှာသို့ခေါ်ဆောင်သွားရာ ငါတို့သည်ထိုအရပ်တွင်အခြားမုခ်ပေါက်တစ်ခုကိုမြင်ရကြ၏။ သူသည်ထိုမုခ်ပေါက်၏အတွင်းနံရံနှင့်အဝင်ခန်းကိုတိုင်းတာကြည့်၏။ ယင်းတို့သည်အခြားမုခ်ပေါက်နှင့်အဆောင်များနည်းတူပင်ဖြစ်၏။-
ထိုသူသည်တောင်မုခ်ပေါက်ကိုဖြတ်၍ ငါ့အားတံတိုင်းအတွင်းဝင်းထဲသို့ခေါ်ဆောင်သွား၏။ သူသည်မုခ်ပေါက်ကိုတိုင်းတာကြည့်ရာအခြားမုခ်ပေါက်များ၏ပမာဏအတိုင်းပင်တွေ့ရ၏။-
ထိုနောက်ထိုလူသည်ငါ့အားသန့်ရှင်းရာ ဌာနတည်းဟူသော ဗိမာန်တော်အလယ်ခန်း သို့ခေါ်ဆောင်သွားကာ ဗိမာန်တော်မုခ်ပေါက် လမ်းကိုတိုင်းတာ၍ကြည့်၏။ ထိုလမ်းသည် ထုဆယ်ပေ၊-
ထိုသူကငါ့အား``ဤအဆောက်အအုံနှစ် ခုစလုံးသည်သန့်ရှင်းမြင့်မြတ်၏။ ထာဝရ ဘုရား၏ရှေ့တော်သို့ဝင်ရသူယဇ်ပုရော ဟိတ်တို့သည်ထိုအဆောက်အအုံများထဲ ၌အလွန်သန့်ရှင်းမြင့်မြတ်သောပူဇော် သကာများကိုစားသောက်ရကြ၏။ ထို အခန်းများသည်သန့်ရှင်းမြင့်မြတ်သဖြင့် ယဇ်ပုရောဟိတ်တို့သည်ဘောဇဉ်ပူဇော် သကာ၊ အပြစ်ဖြေရာယဇ်နှင့်ဒုစရိုက် ဖြေရာယဇ်တည်းဟူသောအလွန်သန့်ရှင်း မြင့်မြတ်သည့်ပူဇော်သကာများကိုထား ကြသည်။-
မြောက်ဘက်၌ယင်းကိုယှဉ်လျက်နေသည့် လမ်းတစ်သွယ်ရှိ၏။ ထိုလမ်းသည်အလျား ပေတစ်ရာခုနစ်ဆယ်၊ အနံတစ်ဆယ့်ခုနစ် ပေရှိ၏။ ထိုမြောက်ဘက်၌ပင်လျှင်ထို အဆောက်အအုံသို့ဝင်ရန်အပေါက်များ ရှိလေသည်။-
ဗိမာန်တော်အြုပင်တံတိုင်းကိုမတိုင်းနှင့်၊ အဘယ်ကြောင့်ဆိုသော်ထိုအရာကိုလူမျိုး ခြားတို့အားပေးအပ်ထားသောကြောင့်ဖြစ် ၏။ သူတို့သည်သန့်ရှင်းမြင့်မြတ်သောမြို့ တော်ကိုလေးဆယ်နှစ်လတိုင်တိုင်ခြေဖြင့် နင်းကြလိမ့်မည်။-