ထောက်တိုင်များပါသောခန်းမဆောင်မှာအလျား ခုနစ်ဆယ့်ငါးပေ၊ အနံလေးဆယ့်ငါးပေရှိ၏။ ၎င်း၏မျက်နှာစာမှာတိုင်များနှင့်တကွ အမိုးရှိ၏။
ယေဇကျေလ 41:25 - Common Language Bible သန့်ရှင်းရာဌာနသို့ဝင်ရာတံခါးများတွင် လည်းနံရံများကဲ့သို့ပင်စွန်ပလွံပင်ပုံ များနှင့်ခေရုဗိမ်ရုပ်များထုလုပ်၍ထား၏။ ထို့ပြင်မုခ်ဦးခန်းအဝင်တံခါးအပြင် ဘက်၌လည်းသစ်သားဖောင်းရစ်တစ်ခုရှိ၏။- Garrad Bible နံ ရံ ပေါ် တွင် ချယ် လယ် သည့် နည်း တူ ခေ ရု ဗ များ၊ စွန် ပ လွံ ပင် များ နှင့် ချယ် လယ် လျက် ရှိ၏။ မုတ် ဆောင် အ ပြင် တွင် စ မြင် ကပ် လျက်၊ Judson Bible ဗိမာန်တော်ထရံ၌ထုသကဲ့သို့ တံခါးရွက်တို့၌ ခေရုဗိမ်နှင့် စွန်ပလွံပင်ပုံထုလျက်ရှိ၏။ မုခ်ဦးအထက်မှာ ထုပ်တင်လျက်ရှိ၏။ မြန်မာ့စံမီသမ္မာကျမ်း ဗိမာန်တော်တံခါးတို့တွင် ဗိမာန်တော်နံရံများကဲ့သို့ ခေရုဗိမ်ပုံနှင့် စွန်ပလွံပင်ပုံတို့ကို ထွင်းထုထား၏။ မျက်နှာစာဆင်ဝင်ပေါက်တွင် သစ်သားအမိုးပါရှိ၏။ |
ထောက်တိုင်များပါသောခန်းမဆောင်မှာအလျား ခုနစ်ဆယ့်ငါးပေ၊ အနံလေးဆယ့်ငါးပေရှိ၏။ ၎င်း၏မျက်နှာစာမှာတိုင်များနှင့်တကွ အမိုးရှိ၏။
အခန်းအားလုံး၏အပြင်နံရံတိုင်း၊ အတွင်းနံရံတိုင်းတို့၌ပြူတင်းပေါက်ငယ်များရှိ၏။ လမ်းကြားသို့မျက်နှာမူလျက်နေသောအတွင်းနံရံများတွင် စွန်ပလွံပင်ပုံများကိုထွင်းထုထားလေသည်။
ကြမ်းပြင်မှပြူတင်းပေါက်များအထိ သစ် သားမှန်ကွက်ပုံများဖြင့်တပ်ဆင်ထား၏။ ဤပြူတင်းပေါက်များကိုလည်း ဖုံးအုပ်၍ ထားနိုင်၏။-
စွန်ပလွံပင်ပုံများ၊ ခေရုဗိမ်ရုပ်ပုံများကို ထုလုပ်၍တန်ဆာဆင်ထားလေသည်။ အခန်း ပတ်လည်တစ်လျှောက်လုံးဦးစွာစွန်ပလွံ ပင်ပုံ၊ ထိုနောက်ခေရုဗိမ်ရုပ်ပုံ၊ ထိုနောက် စွန်ပလွံပင်ပုံစသည်ဖြင့်ထုလုပ်ထား သတည်း။ ခေရုဗိမ်တစ်ပါးစီတွင်မျက်နှာ နှစ်မျိုးရှိ၏။-