ထိုအခန်းသည်အလျားပေသုံးဆယ်၊ အနံပေ သုံးဆယ်၊ အမြင့်ပေသုံးဆယ်ရှိ၍ ယင်းကိုရွှေ စင်ဖြင့်မွမ်းမံထားလေသည်။ ယဇ်ပလ္လင်ကိုမူ သစ်ကတိုးသားဖြင့်ပြုလုပ်ထား၏။-
ယေဇကျေလ 41:22 - Common Language Bible ထိုအရာသည်ငါးပေမြင့်၍လေးပေကျယ် ၏။ ယင်း၏ထောင့်တိုင်များ၊ အောက်အခြေခံ ဖိနပ်နှင့်နံရံများသည်သစ်သားဖြင့်ပြီး ကြ၏။ ထိုလူက``ဤကားထာဝရဘုရား ၏ရှေ့တော်စားပွဲဖြစ်သည်'' ဟုငါ့အား ဆို၏။ Garrad Bible အ မြင့် သုံး တောင်၊ အ လျား နှစ် တောင် ရှိ၍၊ ခြေ များ၊ ထောက် များ၊ ဘေး များ ပါ ပျဉ် ဖြင့် ပြီး သော ပ လ္လင် တော် ကို ပြ လျက်၊ ဤ ကား၊ ထာ ဝ ရ ဘု ရား ရှေ့ တော် စား ပွဲ ဖြစ် သည် ဟု ဆို၏။ Judson Bible သစ်သားယဇ်ပလ္လင်သည် အမြင့်သုံးတောင်၊ အလျားနှစ်တောင်၊ အနံနှစ်တောင်ရှိ၏။ ပလ္လင်ထောင့်၊ ဖိနပ်၊ နံရံတို့သည် သစ်သားဖြင့်ပြီးကြ၏။ ဤစားပွဲကား၊ ထာဝရဘုရားရှေ့တော်မှာ တင်သော စားပွဲပေတည်းဟု ငါ့အားပြောဆို၏။ မြန်မာ့စံမီသမ္မာကျမ်း ယဇ်ပလ္လင်ကို သစ်သားနှင့်ပြုလုပ်ထားပြီး အမြင့်သုံးတောင်၊ အလျားနှစ်တောင်ရှိ၏။ ပလ္လင်၏ထောင့်ချိုးများ၊ အောက်ခြေနှင့် ဘေးနံရံတို့ကို သစ်သားနှင့်ပြုလုပ်ထား၏။ ထိုသူက “ဤသည်ကား ထာဝရဘုရား၏ ရှေ့တော်စားပွဲဖြစ်၏”ဟု ပြောပြ၏။ |
ထိုအခန်းသည်အလျားပေသုံးဆယ်၊ အနံပေ သုံးဆယ်၊ အမြင့်ပေသုံးဆယ်ရှိ၍ ယင်းကိုရွှေ စင်ဖြင့်မွမ်းမံထားလေသည်။ ယဇ်ပလ္လင်ကိုမူ သစ်ကတိုးသားဖြင့်ပြုလုပ်ထား၏။-
ဗိမာန်တော်အတွင်းပိုင်းတစ်ခုလုံးကိုလည်း ကောင်း၊ ဗိမာန်တော်၏အလွန်သန့်ရှင်းရာ ဌာနရှိယဇ်ပလ္လင်ကိုလည်းကောင်းရွှေဖြင့် မွမ်းမံ၍ထားသတည်း။
ရှောလမုန်သည်ဗိမာန်တော်အတွက် ရွှေတန်ဆာ များကိုလည်းပြုလုပ်စေတော်မူ၏။ ယင်းတို့မှ ယဇ်ပလ္လင်၊ ရှေ့တော်မုန့်တင်ရန်စားပွဲ၊-
ရှောလမုန်မင်းသည်ဗိမာန်တော်အတွက် ရွှေ ဖြင့်ပြီးသောအသုံးအဆောင်များကိုပြု လုပ်စေတော်မူ၏။ ထိုအရာများမှာရွှေယဇ် ပလ္လင်၊ ရှေ့တော်မုန့်တင်ရန်စားပွဲများ၊-
``အလျားသုံးဆယ့်ခြောက်လက်မ၊ အနံ တစ်ဆယ့်ရှစ်လက်မ၊ အမြင့်နှစ်ဆယ့်ခုနစ် လက်မရှိသောစားပွဲတစ်လုံးကိုအကာရှ သစ်သားဖြင့်ပြုလုပ်လော့။-
ညဦးယံတွင်သူသည်မီးခွက်များကိုထွန်း သောအခါ၌လည်း နံ့သာပေါင်းကိုမီးရှို့ ပူဇော်ရမည်။ သင်၏အမျိုးအစဉ်အဆက် တို့သည်နံ့သာပေါင်းမီးရှို့ပူဇော်ခြင်းအမှု ကိုထာဝရဘုရား၏ရှေ့တော်တွင်မပြတ် မလပ်ပြုလုပ်ရမည်။-
သူတို့သည်မိမိတို့ရှေ့၌စားပွဲကိုကျနစွာ တည်ခင်းပြီးလျှင် လှပသောညောင်းစောင်းပေါ် တွင်ထိုင်ကြ၏။ စားပွဲပေါ်တွင်ငါပေးသည့်နံ့ သာပေါင်းနှင့်သံလွင်ဆီကိုတင်ထားကြ၏။-
သူတို့သာလျှင်ငါ၏ဗိမာန်တော်သို့ဝင် ပြီးလျှင်ငါ၏ယဇ်ပလ္လင်တွင်အမှုတော် ဆောင်၍ ဗိမာန်တော်တွင်ဝတ်ပြုကိုးကွယ် မှုကိုဦးဆောင်ရမည်။-
ထာဝရဘုရား၏ရှေ့တော်၌ရှိသောရွှေစင် ဖြင့်မွမ်းမံထားသည့်စားပွဲပေါ်တွင်မုန့်လုံး များကိုတစ်တန်းလျှင်မုန့်ခြောက်လုံးကျ နှစ်တန်းစီလော့။-
``သို့ရာတွင်သင်တို့မူကားငါ၏ယဇ် ပလ္လင်ကိုညစ်ညမ်းသည်ဟုဆိုကာ မိမိတို့ တင်လှူသည့်ဘောဇဉ်ပူဇော်သကာကို လည်းမထီမဲ့မြင်ပြုလျက်ငါ့အားရှုတ် ချကြပေသည်။-
သင်တို့မထီမဲ့မြင်ပြုပုံမှာငါ၏ယဇ် ပလ္လင်ပေါ်တွင်ညစ်ညမ်းသည့်အစားအစာ များကိုတင်လှူပူဇော်ခြင်းအားဖြင့်ဖြစ် ၏။ ထိုနောက်သင်တို့က``ကျွန်တော်မျိုးတို့ သည်ကိုယ်တော်ရှင်အားအဘယ်သို့မရို မသေပြုခဲ့ကြပါသနည်း'' ဟုမေးကြ ပြန်၏။ သင်တို့မရိုမသေပြုပုံကားငါ ၏ယဇ်ပလ္လင်ကိုမထီမဲ့မြင်ပြုခြင်းဖြစ် ပေသည်။-
သင်တို့သည်သခင်ဘုရား၏ခွက်ဖလားမှ စပျစ်ရည်ကိုသောက်၍ နတ်မိစ္ဆာ၏ခွက်ဖလား မှစပျစ်ရည်ကိုလည်းမသောက်နိုင်။ သခင် ဘုရား၏စားပွဲတော်၌စား၍နတ်မိစ္ဆာများ ၏စားပွဲ၌လည်းမစားနိုင်။-
နားထောင်လော့။ ငါသည်တံခါးရှေ့တွင်ရပ်၍ တံခါးခေါက်လျက်နေ၏။ ငါ၏အသံကိုကြား ၍တံခါးကိုဖွင့်သောသူ၏အိမ်သို့ငါဝင်ပြီး လျှင်သူနှင့်အတူစားသောက်မည်။ သူသည် လည်းငါနှင့်အတူစားသောက်ရလိမ့်မည်။-
ထိုနောက်အခြားကောင်းကင်တမန်တစ်ပါး သည်ပလ္လင်တော်အနားသို့လာ၍ရပ်၏။ သူ သည်ရွှေလင်ပန်းကိုကိုင်ထား၏။ ပလ္လင်တော် ရှေ့၌ရှိသောရွှေယဇ်ပလ္လင်ပေါ်မှာဘုရား သခင်၏လူစုတော်ဝင်အပေါင်းတို့၏ဆု တောင်းပတ္ထနာများနှင့်အတူ ပူဇော်မီးရှို့ ရန်များစွာသောနံ့သာပေါင်းကိုသူ့အား ပေးအပ်ထားသည်။-