မာလခိ 1:7 - Common Language Bible7 သင်တို့မထီမဲ့မြင်ပြုပုံမှာငါ၏ယဇ် ပလ္လင်ပေါ်တွင်ညစ်ညမ်းသည့်အစားအစာ များကိုတင်လှူပူဇော်ခြင်းအားဖြင့်ဖြစ် ၏။ ထိုနောက်သင်တို့က``ကျွန်တော်မျိုးတို့ သည်ကိုယ်တော်ရှင်အားအဘယ်သို့မရို မသေပြုခဲ့ကြပါသနည်း'' ဟုမေးကြ ပြန်၏။ သင်တို့မရိုမသေပြုပုံကားငါ ၏ယဇ်ပလ္လင်ကိုမထီမဲ့မြင်ပြုခြင်းဖြစ် ပေသည်။- အခန်းကိုကြည့်ပါ။Garrad Bible7 နာ မ တော် ကို မည် သို့ မ ထီ လေး စား ပြု ဘိ သ နည်း ဟု မေး ကြ ရာ၌၊ ပူ ဇော် ရာ ပ လ္လင် တော့် ပေါ် တွင်၊ မ သန့် သော အ သား ကို ဆက် ကပ် ကြ သ တည်း။ ကိုယ် တော် အား မ သန့် ရာ ကို မည် သို့ ရောက် စေ ဘိ သ နည်း ဟု မေး ပြန် ကြ ရာ၌၊ ထာ ဝ ရ ဘု ရား၏ စား ပွဲ တော် သည်၊ မ ထီ လေး စား ဖွယ် ဖြစ် သည် ထင် သည့် အ တိုင်း၊ အပြစ် မ မှတ် ဘဲ ပူဇော် သ က္ကာ အ ဖြစ်၊ ကန်း သော အ ကောင်၊ ခြေ ဆွံ့ သော အ ကောင်၊ အခန်းကိုကြည့်ပါ။Judson Bible7 ညစ်ညူးသောအစာကို ငါ့ယဇ်ပလ္လင်သို့ ဆောင်ခဲ့ကြသည်တကား။ အကျွန်ုပ်တို့သည် ကိုယ်တော်ကို အဘယ်သို့ ရှုတ်ချပါသနည်းဟု မေးရာတွင်၊ ထာဝရဘုရား၏စားပွဲသည် ယုတ်မာ၏ဟုဆိုသောကြောင့် ငါ့ကို ရှုတ်ချကြပြီ။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း7 ငါ့ယဇ်ပလ္လင်ပေါ်တွင် ညစ်ညူးသောအစားအစာကို ပူဇော်ပြီးမှ သင်တို့က ‘ကိုယ်တော်ကို အကျွန်ုပ်တို့ မည်သို့ညစ်ညူးစေသနည်း’ဟု မေးကြ၏။ သင်တို့က ‘ထာဝရဘုရား၏စားပွဲတော်သည် မထီမဲ့မြင်ပြုခြင်း ခံရလေပြီ’ဟူ၍ ဆိုကြသောကြောင့်တည်း”ဟု မိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။ |
သင်တို့က`ဤအမှုများပြုရသည်ကိုငါ တို့ငြီးငွေ့လှပါပြီ' ဟုဆိုကာနှာခေါင်း ရှုတ်၍ငါ့အားမလေးမခန့်ပြုကြ၏။ သင် တို့သည်မိမိတို့ခိုးယူရရှိသည့်ယဇ်ကောင် ကိုသော်လည်းကောင်း၊ ခြေကျိုးသို့မဟုတ် ဖျားနာသည့်ယဇ်ကောင်ကိုသော်လည်းကောင်း ငါ၏အတွက်ပူဇော်သကာအဖြစ်နှင့်ယူ ဆောင်ခဲ့ကြ၏။ ငါသည်ဤပူဇော်သကာ များကိုလက်ခံလိမ့်မည်ဟုသင်တို့ထင် မှတ်ကြပါသလော။-''
သင်တို့သည်မျက်စိကန်းဖျားနာသို့မဟုတ် ခြေကျိုးသည့်ယဇ်ကောင်တို့အားတင်လှူပူ ဇော်ရန် ယူဆောင်လာကြသောအခါသင် တို့တွင်အပြစ်မရှိဟုထင်မှတ်ကြပါ သလော။ ဤကဲ့သို့သောသိုးနွားမျိုးကို ဘုရင်ခံအားဆက်သကြည့်ပါသလော။ သူသည်သင်တို့အားနှစ်သက်ပါမည်လော။ အခွင့်ထူးများကိုသော်လည်းပေးပါလိမ့် မည်လော'' ဟုမိန့်တော်မူ၏။