ထိုနောက်ထိုလူသည်ငါ့အားသန့်ရှင်းရာ ဌာနတည်းဟူသော ဗိမာန်တော်အလယ်ခန်း သို့ခေါ်ဆောင်သွားကာ ဗိမာန်တော်မုခ်ပေါက် လမ်းကိုတိုင်းတာ၍ကြည့်၏။ ထိုလမ်းသည် ထုဆယ်ပေ၊-
ထို့ နောက် ဗိ မာန် တော် ဝ သို့ ငါ့ ကို ခေါ် သွား သော်၊ ဝဲ ယာ ရှိ တံ ခါး တိုင် နံ ရံ ကို ထု ခြောက် တောင်၊ အ နံ ငါး တောင်၊ အ ပေါက် ဝ ကို တဲ တော် အ နံ အ လိုက် ဆယ် တောင်၊ ဗိ မာန် တော် ကို အ လျား အ တောင် လေး ဆယ်၊ အ နံ အ တောင် နှစ် ဆယ် တိုင်း ပြီး လျှင်၊
ထိုနောက်မှ ဗိမာန်တော်သို့ခေါ်၍ တံခါးတိုင်တို့ကိုတိုင်းလျှင်၊ နှစ်ဖက်၌ တံခါးတိုင်ထုသည် ဗိမာန်တော်ထုနှင့်အမျှ ခြောက်တောင်ရှိ၏။
ထို့နောက် ငါ့ကို ဗိမာန်တော်သို့ ခေါ်ဆောင်သွား၍ ကိန်းဝပ်တော်မူရာဌာနအဝင်ဝ တစ်ဖက်တစ်ချက်ရှိ တံခါးတိုင်များကိုတိုင်းရာ ထုခြောက်တောင်ရှိ၏။
အီဂျစ်ပြည်မှဣသရေလအမျိုးသားတို့ ထွက်ခွာသွားပြီးနောက် အနှစ်လေးရာ့ရှစ်ဆယ် ကြာသောအခါဣသရေလဘုရင်ရှောလမုန် မင်းသည် မိမိနန်းစံလေးနှစ်မြောက်၊ ဇိဖဟု အမည်တွင်သောဒုတိယလ၌ဗိမာန်တော် ကိုစတင်တည်ဆောက်တော်မူ၏။-
ထိုဗိမာန်တော်၏အတွင်းမှာအလျားပေ ကိုးဆယ်၊ အနံပေသုံးဆယ်၊ အမြင့်လေး ဆယ့်ငါးပေရှိ၏။-
ထိုလူသည်ငါ့အားမုခ်ပေါက်ကိုဖြတ်၍ဗိမာန်တော်အပြင်တံတိုင်းထဲသို့ခေါ်ဆောင်သွား၏။ အပြင်တံတိုင်းကိုကပ်၍ဆောက်လုပ်ထားသောအခန်းပေါင်းသုံးဆယ်ရှိ၏။ ထိုအခန်းများ၏ရှေ့တွင်ကျောက်များခင်းထားသောအကွက်ရှိလေသည်။ တံတိုင်းအပြင်၏မြေမျက်နှာပြင်သည်တံတိုင်းအတွင်းရှိမြေမျက်နှာပြင်ထက်နိမ့်၏။
သန့်ရှင်းရာဌာန၏တံခါးတိုင်များ သည်လေးထောင့်တိုင်များဖြစ်ကြ၏။ အလွန်သန့်ရှင်းရာဌာနအဝင်ဝ၏ရှေ့ ၌သစ်သားယဇ်ပလ္လင်နှင့်တူသောအရာ တစ်ခုရှိ၏။-
သန့်ရှင်းရာဌာနသို့ဝင်ရာလမ်းအဆုံး ၌လည်းကောင်း၊ အလွန်သန့်ရှင်းရာဌာန တော်သို့ဝင်ရာလမ်းအဆုံး၌လည်းကောင်း တံခါးတစ်ခုစီရှိ၏။-
ထိုနောက်သူသည်အတွင်းဆုံးအခန်းသို့ ဝင်၏။ ထိုအခန်းအဝင်လမ်းကိုတိုင်းတာ ကြည့်ရာထုသုံးပေ၊ အနံဆယ်ပေရှိလေ သည်။ ဝဲယာရှိနံရံများမှာထုတစ်ဆယ့် နှစ်ပေရှိသတည်း။-
ထိုလူသည်ငါ့အားတံတိုင်းအပြင်ဝင်း အတွင်းသို့ခေါ်ဆောင်ကာဗိမာန်တော်မြောက် ဘက်၌ရှိသောအဆောက်အအုံသို့ခေါ် ဆောင်သွား၏။ ထိုအဆောက်အအုံသည် အလျားတစ်ရာခုနစ်ဆယ်ပေ၊ အနံရှစ် ဆယ့်ငါးပေရှိ၍ဗိမာန်တော်အနောက် ဘက်၌ရှိသည့်အဆောက်အအုံနှင့် မဝေးချေ။-
သင်တို့သည်သက်ရှိကျောက်များအဖြစ် ကိုယ်တော်ထံသို့လာ၍ ဗိမာန်တော်တည် ဆောက်ရေးတွင်ပါဝင်အသုံးခံကြလော့။ ထိုဝိညာဉ်ဗိမာန်တော်တွင်သင်တို့သည် ဘုရားသခင်နှစ်သက်တော်မူသောဝိညာဉ် ယဇ်ကိုသခင်ယေရှုခရစ်အားဖြင့် ပူဇော် သောသန့်ရှင်းမြင့်မြတ်သည့်ယဇ်ပုရော ဟိတ်အနွယ်ဝင်များဖြစ်ကြလိမ့်မည်။-
ငါနှင့်စကားပြောသောကောင်းကင်တမန်၏လက် တွင်မြို့ကိုလည်းကောင်း၊ မြို့တံခါးများကိုလည်း ကောင်း၊ မြို့ရိုးကိုလည်းကောင်းတိုင်းထွာရန်ရွှေ ကူလုံးရှိ၏။-
ငါသည်ပလ္လင်တော်မှကျယ်စွာသောအသံကို ကြားရ၏။ ထိုအသံက``ယခုအခါ၌ဘုရား သခင်သည်လူသားတို့ထံတွင်ကျိန်းဝပ်တော် မူပြီ။ ကိုယ်တော်သည်သူတို့နှင့်အတူနေတော် မူမည်။ ထိုသူတို့သည်ကိုယ်တော်၏လူစုတော် ဖြစ်ကြလိမ့်မည်။ ဘုရားသခင်ကိုယ်တော်တိုင် ပင်လျှင်သူတို့နှင့်အတူရှိနေတော်မူ၍သူ တို့၏ဘုရားဖြစ်မည်။-
အောင်မြင်သောသူအားငါ၏ဘုရားသခင်ဗိမာန် တော်တွင်မဏ္ဍိုင်သဖွယ်ဖြစ်စေမည်။ သူသည်နောင် ဘယ်အခါမျှဗိမာန်တော်အပြင်သို့ရောက်ရ လိမ့်မည်မဟုတ်။ ကောင်းကင်ဘုံမှငါ၏ဘုရား သခင်ထံတော်မှဆင်းသက်လာသောယေရုရှလင် မြို့သစ်တည်းဟူသော ငါ၏ဘုရားသခင်မြို့ တော်အမည်ကိုလည်းကောင်း၊ ငါ၏ဘုရား သခင်နာမတော်ကိုလည်းကောင်းသူ၏ပေါ် မှာကမ္ပည်းရေးထိုးမည်။ သူ့အပေါ်မှာငါ၏ နာမတော်သစ်ကိုလည်းရေးထိုးမည်။