ထိုလူသည်ဤအခန်းကြီးကိုတိုင်းတာကြည့်ရာအနံတစ်ဆယ့်သုံးပေ ရှိသည်ကိုတွေ့ရ၏။ ထိုအခန်း၏အစွန်ဆုံးနံရံများသည်ထုသုံးပေစီရှိ၏။-
အတွင်းတံခါးခုံလည်း အနံကျူတစ်ပြန်ရှိ၏။
ထို့နောက် အိမ်တော်ဘက်သို့မျက်နှာမူသော မုခ်ဆောင်ဆင်ဝင်ကိုတိုင်းရာ ကျူချောင်းတစ်ပြန်စာရှိ၏။
ဒါဝိဒ်သည်ဗိမာန်တော်ဆိုင်ရာအဆောက် အအုံရှိသမျှတို့၏ပုံစံများကိုလည်း ကောင်း၊ ပစ္စည်းသိုလှောင်ရာမှစ၍အခြား အခန်းအပေါင်းနှင့်အပြစ်ဖြေလွှတ်ရာ မြင့်မြတ်သန့်ရှင်းရာဌာနတော်၏ပုံစံကို လည်းကောင်းရှောလမုန်အားပေးအပ်တော် မူ၏။-
နယ်နိမိတ်သတ်မှတ်သည့်မျဉ်းသည်ထိုအရပ်မှ အစပြု၍ အနောက်ဘက်ဂါရက်တောင်ကုန်းသို့ တိုင်အောင်ရောက်ရှိလျက်ဂေါသတောင်ကိုဝိုင်း မိလိမ့်မည်။-
တံခါး၏အလွန်တွင်လမ်းကြားတစ်ခုရှိ၏။ ထိုလမ်း၏ဝဲယာတွင်အစောင့်တပ်သားများအတွက် အခန်းသုံးခန်းစီရှိ၏။ ထိုအခန်းတိုင်းပင်စတုရန်းပုံသဏ္ဌာန်ရှိ၍နံရံတစ်ခုလျှင်ဆယ်ပေရှည်၏။ အခန်းတစ်ခုနှင့်တစ်ခုအကြားမှနံရံသည်ထုရှစ်ပေရှိ၏။ ဤအခန်းများအလွန်၌ဆယ်ပေရှည်သောလမ်းကြားတစ်ခုရှိ၏။ ထိုလမ်းသည်ဗိမာန်တော်ကိုမျက်နှာမူလျက်နေသည့်အခန်းကြီးတစ်ခုသို့သွားရာလမ်းဖြစ်၏။-