အရှေ့ဘက်မှာကဲ့သို့ပင်တံတိုင်းအပြင်ဝင်းကိုဖြတ်၍ ဤမြောက်ဘက်မုခ်ပေါက်နှင့်တည့်တည့်၌တံတိုင်းအတွင်းရှိဝင်းသို့ဝင်ရန်မုခ်ပေါက်တစ်ခုရှိလေသည်။ ထိုသူသည်မုခ်ပေါက်နှစ်ခု၏အကွာအဝေးကိုတိုင်း၍ကြည့်ရာ တစ်ရာခုနစ်ဆယ်ပေရှိသည်ကိုတွေ့ရ၏။
မြောက် ဘက်၊ အ ရှေ့ ဘက်၌ အ တွင်း တံ တိုင်း တံ ခါး များ နှင့်၊ အ ပြင် တံ ခါး များ သည်၊ မျက် နှာ ချင်း ဆိုင် ဖြစ် လျက်၊ တစ် တံ ခါး မှ တစ် တံ ခါး သို့ အ တောင် တစ် ရာ တိုင်း ၏။
အရှေ့ဘက်၌ရှိသကဲ့သို့ မြောက်တံခါးမျက်နှာချင်းဆိုင်အတွင်း တံတိုင်းတံခါးဝရှိ၏။ တံခါးဝတစ်ခုနှင့် တစ်ခု အတောင်တစ်ရာကွာ၏။
အရှေ့မုခ်ဆောင်ကဲ့သို့ပင် မြောက်ဘက်မုခ်ဆောင်တွင်လည်း မျက်နှာချင်းဆိုင်တွင် အတွင်းဝင်းမုခ်ဆောင်ရှိ၍ တစ်ဆောင်နှင့်တစ်ဆောင်အကွာအဝေးကိုတိုင်းရာ အတောင်တစ်ရာရှိ၏။
ဗိမာန်တော်တံတိုင်းအတွင်းရှိဝင်းသို့ရောက်နိုင်သော မြေမျက်နှာပြင်မြင့်သည့်နေရာတွင်မုခ်ပေါက်တစ်ခုရှိ၏။ ထိုလူသည်အတွင်းမုခ်ဦးပေါက်နှင့်အပြင်မုခ်ဦးပေါက်အကွာအဝေးကိုတိုင်းတာကြည့်ရာ တစ်ရာခြောက်ဆယ့်ရှစ်ပေရှိသည်ကိုတွေ့ရ၏။
ထိုနောက်ထိုသူသည်အတွင်းဝင်းသို့ငါ့ကိုခေါ်ဆောင်သွား၏။ မြောက်မုခ်ပေါက်၏နံဘေးတံတိုင်းအတွင်းဝင်း၌အခန်းတစ်ခုရှိ၏။ ထိုအခန်းသည်တောင်ဘက်သို့မျက်နှာမူလျက်နေ၏။ တောင်မုခ်ပေါက်၏နံဘေး၌လည်းအလားတူအခန်းတစ်ခုရှိ၏။ ထိုအခန်းသည်မြောက်ဘက်သို့မျက်နှာမူလျက်နေ၏။-
ထိုလူသည်တံတိုင်းအတွင်းဝင်းကိုတိုင်းတာကြည့်ရာအလျားပေတစ်ရာခုနစ်ဆယ်၊ အနံပေတစ်ရာခုနစ်ဆယ်ရှိသည်ကိုတွေ့ရ၏။ ဗိမာန်တော်သည်အနောက်ဘက်တွင်ရှိ၍ ဗိမာန်တော်ရှေ့၌ယဇ်ပလ္လင်ရှိ၏။-