ဗိမာန်တော်ခန်းမကြီးနံရံနှင့် အတွင်းခန်းနံရံ တို့ကိုခေရုဗိမ်ရုပ်များ၊ စွန်ပလွံပင်နှင့်ပန်းပွင့် ပုံများဖြင့်ထုလုပ်တန်ဆာဆင်ထား၏။-
ယေဇကျေလ 40:16 - Common Language Bible အခန်းအားလုံး၏အပြင်နံရံတိုင်း၊ အတွင်းနံရံတိုင်းတို့၌ပြူတင်းပေါက်ငယ်များရှိ၏။ လမ်းကြားသို့မျက်နှာမူလျက်နေသောအတွင်းနံရံများတွင် စွန်ပလွံပင်ပုံများကိုထွင်းထုထားလေသည်။ Garrad Bible ပတ် လည် ရှိ သော ကင်း တဲ များ၊ တံ ခါး နံ ရံ များ နှင့်၊ မုတ် ဆောင်၌ အ ပြင် အ တွင်း ရာ ဇ မတ် ပေါက် များ ရှိ၏။ တံ ခါး တိုင် နံ ရံ များ၌ လည်း၊ စွန် ပ လွံ ပင် ပုံ ထု ပြီး ရှိ၏။ Judson Bible အခန်းများ၊ တံခါးအတွင်းပတ်လည်တိုင်များ၊ တံခါးမုခ်များ အတွင်းဘက်၌ ကျဉ်းသောပြတင်းပေါက်များရှိ၏။ တိုင်များ၌ စွန်ပလွံပင်ပုံ ထုလျက်ရှိ၏။ မြန်မာ့စံမီသမ္မာကျမ်း မုခ်ဆောင်အတွင်းပတ်ပတ်လည်တွင် ပြတင်းပေါက်ငယ်များပါရှိ၏။ မုခ်ဆောင်အတွင်းဘက်ရှိ အခန်းငယ်များ၊ တိုင်များနှင့် ဆင်ဝင်တို့တွင် ပြတင်းပေါက်ငယ်များပါရှိ၏။ တိုင်များတွင် စွန်ပလွံပင်ပုံ ဖော်ထား၏။ |
ဗိမာန်တော်ခန်းမကြီးနံရံနှင့် အတွင်းခန်းနံရံ တို့ကိုခေရုဗိမ်ရုပ်များ၊ စွန်ပလွံပင်နှင့်ပန်းပွင့် ပုံများဖြင့်ထုလုပ်တန်ဆာဆင်ထား၏။-
တံခါးရွက်များ၌ခေရုဗိမ်ရုပ်များ၊ စွန်ပလွံပင် နှင့်ပန်းပွင့်ပုံများကိုထုလုပ်ထား၏။ တံခါးရွက် များ၊ ခေရုဗိမ်ရုပ်များနှင့်စွန်ပလွံပင်ပုံများ ကိုရွှေဖြင့်မွမ်းမံထား၏။-
ခေရုဗိမ်ရုပ်များ၊ စွန်ပလွံပင်နှင့်ပန်းပွင့်ပုံများ ထုလုပ်၍ ပုံလုံးပေါ်ရွှေဖြင့်မွမ်းမံလေ၏။
ဗိမာန်တော်နံရံများတွင်ပြူတင်းပေါက်များရှိ ၍ ယင်းတို့၏အပြင်ပိုင်းသည်အတွင်းပိုင်း ထက်ပို၍ကျဉ်း၏။-
အခန်းမကြီးမှာစွန်ပလွံပင်နှင့် ကွန်ရွက် ပုံသဏ္ဌာန်များထုလုပ်ထားသောသစ်ကတိုး သားပျဉ်များတပ်ဆင်ကာရွှေဖြင့်မွမ်းမံ ထား၏။-
သူတော်ကောင်းတို့သည်စွန်ပလွံပင်များကဲ့သို့ စိမ်းလန်းစိုပြေလျက်ရှိလိမ့်မည်။ သူတို့သည်လေဗနုန်တောင်မှအာရဇ်ပင်များ ကဲ့သို့ ကြီးပွားတိုးတက်ကြလိမ့်မည်။
အစောင့်တပ်သားတို့၏အခန်းတစ်ခုစီရှေ့တွင်အမြင့်လက်မနှစ်ဆယ်၊ အကျယ်လက်မနှစ်ဆယ်ရှိသောတံတိုင်းရှိ၏။ (ထိုအခန်းတို့သည်အလျားဆယ်ပေ၊ အနံဆယ်ပေရှိသတည်း။-)
မုခ်ပေါက်ဝမှနေ၍အစွန်ဆုံးအခန်းအထိ စုစုပေါင်းရှစ်ဆယ့်ငါးပေရှိသတည်း။-
ဤမုခ်ပေါက်မှအခန်းများတွင် အခြားမုခ်ပေါက်များမှအဆောင်များမှာကဲ့သို့ပင်ပြူတင်းပေါက်များရှိ၏။ မုခ်ပေါက်-သည်စုစုပေါင်းအလျားရှစ်ဆယ့်ငါးပေ၊ အနံလေးဆယ့်နှစ်ပေရှိ၏။-
ယင်းကိုလှေကားခုနစ်ထစ်ဖြင့်တက်ရ၏။ ထိုမုခ်ပေါက်၏အဝင်ခန်းသည်လည်းအပြင်ဝင်းကိုမျက်နှာမူ၍နေ၏။ လမ်းကြားကိုမျက်နှာမူလျက်ရှိသည့်အတွင်းနံရံများတွင် စွန်ပလွံပင်ပုံများကိုထွင်းထား၏။-
ထိုမုခ်ပေါက်ရှိအစောင့်တပ်သားတို့၏အခန်းများ၊ အဝင်ခန်းနှင့်အတွင်းနံရံများသည်အခြားမုခ်ပေါက်များမှာကဲ့သို့ပင်ဖြစ်၏။ ဤမုခ်ပေါက်ရှိအခန်းများ၌လည်းပြူတင်းပေါက်များရှိ၏။ စုစုပေါင်းအလျားရှစ်ဆယ့်ငါးပေ၊ အနံလေးဆယ့်နှစ်ပေရှိ၏။-
ယင်းတွင်တံတိုင်းအပြင်ဝင်းသို့မျက်နှာမူနေသောအဝင်ခန်းရှိ၏။ မုခ်ပေါက်လမ်းကြားတစ်လျှောက်ရှိနံရံများတွင်စွန်ပလွံပင်ပုံများထွင်းထား၏။ ဤမုခ်ပေါက်သို့လှေကားရှစ်ထစ်ဖြင့်တက်ရ၏။
ယင်းမုခ်ပေါက်ရှိအစောင့်တပ်သားတို့၏အခန်းများ၊ အဝင်ခန်းနှင့်အတွင်းနံရံများသည် အခြားမုခ်ပေါက်များမှာကဲ့သို့ပင်အတိုင်းအတာရှိကြ၏။ မုခ်ပေါက်ပတ်လည်နှင့်အဝင်ခန်း၌ပြူတင်းပေါက်များရှိ၏။ စုစုပေါင်းအလျားရှစ်ဆယ့်ငါးပေ၊ အနံလေးဆယ့်နှစ်ပေရှိ၏။-
အဝင်ခန်းသည်တံတိုင်းအပြင်ဝင်းသို့မျက်နှာမူ၍နေ၏။ မုခ်ပေါက်လမ်းကြားတစ်လျှောက်ရှိနံရံများတွင် စွန်ပလွံပင်ပုံများကိုထွင်းထား၏။ မုခ်ပေါက်သို့လှေကားရှစ်ထစ်ဖြင့်တက်ရ၏။
ယင်းတွင်အခြားမုခ်ပေါက်များမှာကဲ့သို့အစောင့်တပ်သားများအတွက်အခန်းများ၊ လှပစွာတန်ဆာဆင်ထားသည့်အတွင်းနံရံများ၊ အဝင်ခန်းပြူတင်းပေါက်များရှိ၏။ စုစုပေါင်းအလျားလေးရာရှစ်ဆယ့်ငါးပေ၊ အနံလေးဆယ့်နှစ်ပေရှိ၏။-
အဝင်ခန်းသည်တံတိုင်းအပြင်ဝင်းသို့မျက်နှာမူ၍နေ၏။ မုခ်ဆောင်လမ်းကြားတစ်လျှောက်ရှိနံရံများတွင်စွန်ပလွံပင်ပုံများထွင်း၍ထား၏။ မုခ်ပေါက်သို့လှေကားရှစ်ထစ်ဖြင့်တက်ရ၏။
တံခါး၏အလွန်တွင်လမ်းကြားတစ်ခုရှိ၏။ ထိုလမ်း၏ဝဲယာတွင်အစောင့်တပ်သားများအတွက် အခန်းသုံးခန်းစီရှိ၏။ ထိုအခန်းတိုင်းပင်စတုရန်းပုံသဏ္ဌာန်ရှိ၍နံရံတစ်ခုလျှင်ဆယ်ပေရှည်၏။ အခန်းတစ်ခုနှင့်တစ်ခုအကြားမှနံရံသည်ထုရှစ်ပေရှိ၏။ ဤအခန်းများအလွန်၌ဆယ်ပေရှည်သောလမ်းကြားတစ်ခုရှိ၏။ ထိုလမ်းသည်ဗိမာန်တော်ကိုမျက်နှာမူလျက်နေသည့်အခန်းကြီးတစ်ခုသို့သွားရာလမ်းဖြစ်၏။-
စွန်ပလွံပင်ပုံများ၊ ခေရုဗိမ်ရုပ်ပုံများကို ထုလုပ်၍တန်ဆာဆင်ထားလေသည်။ အခန်း ပတ်လည်တစ်လျှောက်လုံးဦးစွာစွန်ပလွံ ပင်ပုံ၊ ထိုနောက်ခေရုဗိမ်ရုပ်ပုံ၊ ထိုနောက် စွန်ပလွံပင်ပုံစသည်ဖြင့်ထုလုပ်ထား သတည်း။ ခေရုဗိမ်တစ်ပါးစီတွင်မျက်နှာ နှစ်မျိုးရှိ၏။-
သန့်ရှင်းရာဌာနသို့ဝင်ရာတံခါးများတွင် လည်းနံရံများကဲ့သို့ပင်စွန်ပလွံပင်ပုံ များနှင့်ခေရုဗိမ်ရုပ်များထုလုပ်၍ထား၏။ ထို့ပြင်မုခ်ဦးခန်းအဝင်တံခါးအပြင် ဘက်၌လည်းသစ်သားဖောင်းရစ်တစ်ခုရှိ၏။-
ထိုအခန်းတွင်ဘေးပြူတင်းပေါက်များရှိ၍ နံရံများ၌လည်းစွန်ပလွံပင်ပုံများထု လုပ်ထားလေသည်။ ဗိမာန်တော်၏ဘေးခန်း တွင်လည်း သစ်သားဖောင်းရစ်များရှိသည်။
ထိုနောက်သူသည်အတွင်းဆုံးအခန်းသို့ ဝင်၏။ ထိုအခန်းအဝင်လမ်းကိုတိုင်းတာ ကြည့်ရာထုသုံးပေ၊ အနံဆယ်ပေရှိလေ သည်။ ဝဲယာရှိနံရံများမှာထုတစ်ဆယ့် နှစ်ပေရှိသတည်း။-
ယင်းသည်တစ်ဖက်ဗိမာန်တော်နှင့်ယှဉ်၍သုံး ဆယ့်လေးပေကျယ်သောမြေကွက်လပ်ကို လည်းကောင်း၊ တံတိုင်းအပြင်ဝင်း၏နောက် ဘက်မှကျောက်သမံတလင်းခင်းလမ်းကို လည်းကောင်းမျက်နှာမူ၍နေ၏။ ထိုအဆောက် အအုံကိုအဆင့်ဆင့်မြင့်တက်လာသော မြေပြင်သုံးဆင့်အပေါ်တွင်တည်ဆောက် ထားလေသည်။-
ယေရုရှလင်မြို့သိုးတံခါးအနီးမှာရေကန် ရှိ၏။ ထိုရေကန်ကိုဟေဗြဲစကားဖြင့်ဗေသေ သဒဟုခေါ်၏။ ထိုရေကန်ကိုမုခ်ငါးခုဖြင့် ခြံရံထား၏။-
ယခုအခါငါတို့သည်ကြေးမုံတွင်ပေါ်လာ သည့်ပုံသဏ္ဌာန်ကိုမြင်ရသကဲ့သို့မထင်မရှား တွေ့မြင်ရကြ၏။ ထိုအခါ၌မူကားမျက်ဝါး ထင်ထင်တွေ့မြင်ရလတ္တံ့။ ယခုအခါငါသည် စုံလင်စွာမသိမမြင်ရ။ ထိုအခါ၌ကား ဘုရားသခင်သည်ငါ့ကိုစုံလင်စွာသိမြင် တော်မူသကဲ့သို့ငါသည်စုံလင်စွာသိ မြင်ရလိမ့်မည်။
ထိုနောက်ငါကြည့်လိုက်သောအခါ အဘယ် သူမျှမရေမတွက်နိုင်သောလူအုပ်ကြီး ကိုတွေ့ရ၏။ သူတို့သည်ဘာသာစကား အမျိုးမျိုးကိုပြောဆိုသော လူမျိုးအနွယ် ခပ်သိမ်းတို့မှလာရောက်ကြသူများဖြစ် ကြ၏။ သူတို့သည်ဝတ်လုံဖြူများကိုဝတ် လျက်စွန်ပလွန်ခက်များကိုကိုင်ကာ ပလ္လင် တော်နှင့်သိုးသူငယ်တော်၏ရှေ့တွင်ရပ် လျက်နေကြ၏။-