ထိုအခါယာကုပ်ကမုန့်နှင့်ပဲဟင်းကိုသူ့အား ပေး၍သူသည်စားသောက်ပြီးလျှင်ထွက်သွား လေ၏။ ထိုသို့လျှင်ဧသောသည်မိမိ၏သားဦး အရာကိုမထီလေးစားပြုသတည်း။
ယေဇကျေလ 4:9 - Common Language Bible ``ယခုသင်သည်ဂျုံဆန်နှစ်မျိုး၊ ပဲနှစ်မျိုး နှင့်ပြောင်းဆန်ကိုယူ၍ အိုးထဲတွင်ရောနှော ပြီးလျှင်မုန့်ကိုလုပ်လော့။ ထိုမုန့်ကားရက် ပေါင်းသုံးရာ့ကိုးဆယ်ပတ်လုံးဝဲဘက်သို့ စောင်း၍အိပ်နေချိန်၌သင်စားရန်ဖြစ်၏။- Garrad Bible ဂျုံ၊ မု ယော၊ ပဲ ကြီး၊ ပဲ ကြား၊ ဆတ်၊ ပြောင်း များ ကို ယူ၍၊ အိုး တစ် လုံး တွင် ရော ထား လျက် ပေါင်း လုပ် ပြီး လျှင်၊ စောင်း အိပ် ရ သော ရက် ပေါင်း သုံး ရာ့ ကိုး ဆယ် ပတ် လုံး၊ Judson Bible ထိုမှတစ်ပါး၊ ဂျုံဆန်၊ မုယောဆန်၊ ပဲဆန်နှစ်မျိုးနှင့် ပြောင်းဆန်၊ ကောက်ဆန်တို့ကို ယူ၍ အိုးတစ်လုံး၌ ရောနှောလျက်ထားရမည်။ နံစောင်းတစ်ဖက်ဖြင့် အိပ်ရသောနေ့ရက် သုံးရာကိုးဆယ်ပတ်လုံး၊ ထိုရောနှောသော ဆန်ကို မုန့်လုပ်၍ စားရမည်။ မြန်မာ့စံမီသမ္မာကျမ်း ဂျုံဆန်၊ မုယောဆန်၊ ပဲကြီး၊ ပဲနီ၊ ဆပ်၊ ပန်းဂျုံတို့ကိုယူ၍ အိုးတစ်လုံးတွင်ထည့်ထား၍ မုန့်လုပ်ရမည်။ သင်စောင်းအိပ်ရသောရက်ပေါင်း သုံးရာ့ကိုးဆယ်တွင် ထိုမုန့်ကို စားရမည်။ |
ထိုအခါယာကုပ်ကမုန့်နှင့်ပဲဟင်းကိုသူ့အား ပေး၍သူသည်စားသောက်ပြီးလျှင်ထွက်သွား လေ၏။ ထိုသို့လျှင်ဧသောသည်မိမိ၏သားဦး အရာကိုမထီလေးစားပြုသတည်း။
မြေကိုပြုပြင်ပြီးလျှင်သူသည်စမုန်နက်၊ ဇီယာအစရှိသည့်မျိုးစေ့များကိုစိုက် ပျိုးတတ်၏။ ဂျုံစပါးနှင့်မုယောစပါးကို အတန်းလိုက်စိုက်ပျိုးကာ၊ လယ်အနားစွန်း တို့တွင်အခြားသောသီးနှံများကိုစိုက် ပျိုးတတ်လေသည်။-
ထာဝရဘုရားက``ငါသည်ဣသရေလ အမျိုးသားတို့အား တစ်ပါးနိုင်ငံများသို့ ပြန့်လွင့်စေသောအခါ သူတို့သည်ပညတ် တရားကတားမြစ်ထားသည့် မသန့်စင် သောအစားအစာများကိုဤသို့စားရ ကြလိမ့်မည်'' ဟုမိန့်တော်မူ၏။
ထိုနောက်ကိုယ်တော်က``အချင်းလူသား၊ ငါသည်ယေရုရှလင်မြို့တွင်ရိက္ခာပြတ် စေမည်။ ထိုမြို့မှလူတို့သည်စိုးရိမ်ပူပန် ကြလျက်မိမိတို့၏အစာရေစာတို့ကို ချိန်တွယ်၍စားသောက်ရကြလိမ့်မည်။-