ထိုနှစ်စတုတ္ထလကိုးရက်နေ့၌အစာရေစာ လွန်စွာခေါင်းပါးမှုကြောင့် မြို့သူမြို့သားတို့ တွင်စားစရာအလျှင်းမရှိကြတော့ပေ။-
ယေဇကျေလ 4:16 - Common Language Bible ထိုနောက်ကိုယ်တော်က``အချင်းလူသား၊ ငါသည်ယေရုရှလင်မြို့တွင်ရိက္ခာပြတ် စေမည်။ ထိုမြို့မှလူတို့သည်စိုးရိမ်ပူပန် ကြလျက်မိမိတို့၏အစာရေစာတို့ကို ချိန်တွယ်၍စားသောက်ရကြလိမ့်မည်။- Garrad Bible ကိုယ် တော် က လည်း၊ အ ချင်း လူ့ သား၊ အ စာ ကို ချိန် စက်၍ ကြောင့် ကြ လျက် စား ခြင်း၊ ရေ ကို ခြင် တွယ်၍ အံ့ အား သင့် လျက် သောက် ခြင်း ပြု ရာ၊ ခဲ ဖွယ် သောက် ဖွယ် လို လား သ ဖြင့်၊ အ ချင်း ချင်း အံ့ အား သင့်၍ ကိုယ့် ဒု စ ရိုက် ကြောင့်၊ ပိန် ခြောက် ကြ ရ စေ ခြင်း ငှာ၊ ယေ ရု ရှ လင် မြို့ ရှိ အ စာ အာ ဟာ ရ အ ထောက် အ ခံ ကို ငါ ချိုး ဖျက် မည်။ Judson Bible တစ်ဖန်တုံ၊ အချင်းလူသား၊ ယေရုရှလင်မြို့၌ မုန့်အထောက်အပင့်ကို ငါချိုးမည်။ မြို့သားတို့သည် မုန့်ကိုချိန်လျက်၊ စိုးရိမ်သောစိတ်နှင့် စားရကြမည်။ ရေကိုလည်း ခြင်လျက်၊ မိန်းမောတွေဝေခြင်းနှင့် သောက်ရကြမည်။ မြန်မာ့စံမီသမ္မာကျမ်း တစ်ဖန် ကိုယ်တော်က “အချင်းလူသား၊ ငါသည် ဂျေရုဆလင်မြို့၏စားနပ်ရိက္ခာကို ဖြတ်တောက်ပစ်မည်။ သူတို့သည် မုန့်ကိုချိန်လျက် စိုးရိမ်ပူပန်စိတ်ဖြင့် စားရလိမ့်မည်။ ရေကိုချင့်လျက် ထိတ်လန့်စွာ သောက်ရလိမ့်မည်။ |
ထိုနှစ်စတုတ္ထလကိုးရက်နေ့၌အစာရေစာ လွန်စွာခေါင်းပါးမှုကြောင့် မြို့သူမြို့သားတို့ တွင်စားစရာအလျှင်းမရှိကြတော့ပေ။-
မြည်းခေါင်းတစ်လုံးကိုငွေသားရှစ်ဆယ်ဖြင့် လည်းကောင်း၊ ခိုချေး အစိတ်သားကိုငွေသားငါးခုဖြင့်လည်းကောင်း ဝယ်ယူရသည့်တိုင်အောင်ထိုမြို့တွင်အစာ ခေါင်းပါး၏။
ကိုယ်တော်သည်သူတို့ပြည်၌ငတ်မွတ်ခေါင်းပါး ခြင်း ဘေးဆိုက်ရောက်စေတော်မူသဖြင့် စားနပ်ရိက္ခာပြတ်လပ်သွားသောအခါ
ကိုယ်တော်ရှင်သည်မိမိ၏လူစုတော်အား အတိဒုက္ခရောက်စေတော်မူပါပြီ။ ကျွန်တော်မျိုးတို့အားသေသောက်ကူး သူများသဖွယ်ယိမ်းယိုင်စေတော်မူပါပြီ။
ယခုအခါထာဝရဘုရား၊ အနန္တတန်ခိုး ရှင်ထာဝရဘုရားသည်ပြည်သူတို့မှီခို အားထားသူမှန်သမျှနှင့် ဝတ္ထုပစ္စည်းမှန် သမျှကိုယေရုရှလင်မြို့နှင့်ယုဒပြည်မှ ပယ်ရှားတော်မူတော့မည်။ ကိုယ်တော်သည် သူတို့၏အစာရေစာများကိုရုပ်သိမ်း တော်မူလိမ့်မည်။-
ထိုနှစ်စတုတ္ထလ၊ ကိုးရက်နေ့၌အစာငတ် မွတ်ခေါင်းပါးမှုသည်အလွန်ဆိုးရွား၍ လာသဖြင့် လူတို့တွင်အစာရေစာ အလျှင်းမရှိကြတော့ပေ။-
သူ၏မြို့သူမြို့သားတို့သည်အစားအစာ ရှာဖွေလျက် နေစဉ်ညည်းတွားကြ၏။ သူတို့သည်အသက်ဆက်လက်ရှင်နိုင်ရေးအတွက် မိမိတို့ဥစ္စာဘဏ္ဍာများကိုအစားအစာနှင့် လဲလှယ်ရကြ၏။ ထိုမြို့က``အို ထာဝရဘုရားကျွန်တော်မျိုးကို ကြည့်ရှုတော်မူပါ။ ကျွန်တော်မျိုးစိတ်ဆင်းရဲခြင်းခံနေရသည်ကို ကြည့်ရှုတော်မူပါ'' ဟုအော်ဟစ်တောင်းပန်၏။
ကျွန်တော်မျိုးတို့သည်မိမိတို့၏သောက်ရေအတွက် အဖိုးငွေပေးရကြပါ၏။ ထင်းကိုလည်းဝယ်ယူရကြပါ၏။
ကျေးလက်များတွင်လူသတ်သမားတို့ လှည့်လည်သွားလာလျက်နေသဖြင့် ကျွန်တော်မျိုးတို့သည်အသက်စွန့်၍ အစားအစာရှာဖွေရကြပါ၏။
``အချင်းလူသား၊ အကယ်၍တိုင်းနိုင်ငံတစ် ခုသည် အပြစ်ကူးလွန်၍ငါ့အားသစ္စာဖောက် ခဲ့သော် ငါသည်လက်တော်ကိုဆန့်တန်း၍ထို နိုင်ငံသို့ရိက္ခာကိုဖြတ်တောက်မည်။ အစာငတ် မွတ်ခေါင်းပါးခြင်းဘေးသက်ရောက်စေ၍ လူနှင့်တိရစ္ဆာန်ကိုပါသုတ်သင်ပစ်မည်။-
သို့ဖြစ်၍ဘုရားသခင်က``လူ၏မစင် အစားနွားချေးကိုသုံးရန်သင့်အားငါ ခွင့်ပြုမည်။ သင်၏မုန့်ကိုနွားချေးနှင့်မွှေး သောမီးဖြင့်ဖုတ်နိုင်၏'' ဟုမိန့်တော်မူ၏။
ငါသည်သင့်အားရိက္ခာဖြတ်၍ငတ်မွတ်စေ မည်။ သင်သည်မြားချက်ဒဏ်ကဲ့သို့ပြင်းပြ စွာဖျက်ဆီးမည့်ငတ်မွတ်ခြင်းဝေဒနာကို ခံရလိမ့်မည်။ ငါသည်သင့်ကိုဖျက်ဆီးမည်။-
ငါသည်စားနပ်ရိက္ခာကိုရှားပါးစေသဖြင့် အိမ် ရှင်မဆယ်ယောက်ဖုတ်ရမည့်မုန့်အရေအတွက် မှာ အိမ်ရှင်မတစ်ဦး၏ဖိုတွင်ဖုတ်နိုင်မည့်မုန့် အရေအတွက်မျှသာရှိမည်။ သင်တို့သည်ထို မုန့်ကိုခွဲတမ်းချ၍မလောက်မငဝေမျှစား ရလိမ့်မည်။
ရေငတ်လွန်းသဖြင့်အချို့မြို့မှမြို့သားတို့ သည် အနီးအနားမြို့သို့ပင်ပန်းကြီးစွာနှင့် ရေရှာထွက်ကြသော်လည်း သောက်စရာဘို့ အလုံအလောက်မရခဲ့ကြ။ သို့သော်လည်း သင်တို့သည် ငါ့ထံသို့ပြန်မလာဘဲနေ ကြလေပြီ။
သိုးသူငယ်တော်သည်တတိယချိပ်တံဆိပ်ကို ဖွင့်လိုက်သောအခါ တတိယသတ္တဝါက``လာလော့'' ဟုဆိုသည်ကိုငါကြားရ၏။ ငါကြည့်လိုက်သော အခါမြင်းနက်တစ်ကောင်ကိုတွေ့ရ၏။ မြင်းစီး သူရဲသည်ချိန်ခွင်ကိုကိုင်ထား၏။-