တောဂါမမြို့မှလာသောခိုင်းမြင်း၊ စီးမြင်း နှင့်လားများကိုသင်သည်မိမိ၏ကုန်စည် များနှင့်လဲလှယ်၏။-
ယေဇကျေလ 38:6 - Common Language Bible ဂေါမာပြည်မြောက်ဘက်တွင်ရှိသောတော ဂါမပြည်နှင့်အခြားတိုင်းပြည်များမှ၊ စစ်သည်တပ်သားအပေါင်းတို့သည်သူ နှင့်အတူလိုက်ပါလာကြ၏။- Garrad Bible ဂေါ မာ လူ မျိုး နှင့် ရှိ သ မျှ တပ် သား များ၊ မြောက် မျက် နှာ စွန်း နေ တော ဂါ မ လူ မျိုး နှင့်၊ ရှိ သ မျှ တပ် သား များ ဖြစ် သော၊ သင့် အ ပေါင်း အ ပါ လူ အ မျိုး မျိုး နှင့် တ ကွ ချီ ထွက် စေ မည်။ Judson Bible ဂေါမာနှင့် သူ၏တပ်များ၊ မြောက်ပြည်သား တောဂါမအမျိုးနှင့် သူ၏တပ်များ အလုံးအရင်း အပေါင်းတို့သည် သင်နှင့်အတူ လိုက်လာကြလိမ့်မည်။ မြန်မာ့စံမီသမ္မာကျမ်း ဂေါမာအမျိုးနှင့်သူ၏စစ်သည်များ၊ မြောက်ပြည်စွန်းမှ တောဂါမအမျိုးအနွယ်နှင့် သူ၏စစ်သည်များ စသော လူအမြောက်အမြားတို့လည်း သင်နှင့်အတူပါလာမည်။ |
တောဂါမမြို့မှလာသောခိုင်းမြင်း၊ စီးမြင်း နှင့်လားများကိုသင်သည်မိမိ၏ကုန်စည် များနှင့်လဲလှယ်၏။-
``မြောက်အရပ်မှမင်းညီမင်းသားများနှင့် ဇိဒုန်မြို့သားတို့သည်ထိုအရပ်တွင်ရှိကြ ၏။ အခါတစ်ပါးကသူတို့သည်မိမိတို့ ၏တန်ခိုးအာဏာဖြင့်သူတစ်ပါးတို့အား ထိတ်လန့်တုန်လှုပ်အောင်ပြုခဲ့ကြသော်လည်း ယခုအခါ၌စစ်ပွဲတွင်ကျဆုံးသူများ နှင့်အတူအသရေပျက်၍ သေကြပြီး လျှင်အရေဖျားလှီးမင်္ဂလာမခံရသူ များနှင့်အတူသေသူတို့ကမ္ဘာသို့ဆင်း သက်ကြရ၏။
``ဆီးရီးယားဘုရင်၏နန်းသက်ကုန်ဆုံး ချိန်နီးသောအခါ အီဂျစ်ဘုရင်သည်ထို မင်းကိုစစ်ချီတိုက်ခိုက်လိမ့်မည်။ ဆီးရီး ယားဘုရင်ကလည်းမြင်းစီးသူရဲများ နှင့် သင်္ဘောအမြောက်အမြားကိုအသုံး ပြုကာအစွမ်းကုန်ပြန်လည်တိုက်ခိုက် လိမ့်မည်။ သူသည်မြစ်လျှံရေသဖွယ်နိုင်ငံ များစွာကိုချဉ်းနင်းဝင်ရောက်လိမ့်မည်။-