ယာဖက်၏သားများဖြစ်ကြသောဂေါမာ၊ မာ ဂေါဂ၊ မာဒဲ၊ ယာဝန်၊ တုဗလ၊ မေရှက်၊ ထိရတ် တို့သည်ကား သူတို့၏နာမည်ကိုခံယူကြ သောလူမျိုးတို့၏ဖခင်များဖြစ်ကြ၏။-
ယေဇကျေလ 38:2 - Common Language Bible ကိုယ်တော်က``အချင်းလူသား၊ မာဂေါဂပြည်၊ မေရှက်နှင့်တုဗလလူမျိုးတို့၏အကြီးဆုံး ဖြစ်သောအုပ်စိုးသူဂေါဂမင်းအားရှုတ်ချ၍၊- Garrad Bible အ ချင်း လူ့ သား၊ မာ ဂေါ ဂ ပြည်၊ ရော ရှ၊ မေ ရှက်၊ တု ဗ လ လူ မျိုး တို့ အ ရှင် ဂေါ ဂ မင်း ကို မျက် နှာ မူ လျက်၊ ဟော ပြော ဆင့် ဆို ရ မည် မှာ၊ Judson Bible အချင်းလူသား၊ ရောရှပြည်၊ မေရှက်ပြည်၊ တုဗလပြည်ကို အစိုးရသော မာဂေါဂပြည်သား ဂေါဂမင်းတစ်ဖက်၌ မျက်နှာထား၍ ပရောဖက်ပြုလျက်၊ မြန်မာ့စံမီသမ္မာကျမ်း “အချင်းလူသား၊ မေရှက်အမျိုးသား၊ တုဗလအမျိုးသားတို့၏အကြီးအကဲခေါင်းဆောင်ဖြစ်သော မာဂေါဂဘုရင်ဂေါဂမင်းကြီးရှိရာသို့မျက်နှာမူပြီး သူ့ကိုဆန့်ကျင်၍ ပရောဖက်ပြုဟောပြောလော့။ |
ယာဖက်၏သားများဖြစ်ကြသောဂေါမာ၊ မာ ဂေါဂ၊ မာဒဲ၊ ယာဝန်၊ တုဗလ၊ မေရှက်၊ ထိရတ် တို့သည်ကား သူတို့၏နာမည်ကိုခံယူကြ သောလူမျိုးတို့၏ဖခင်များဖြစ်ကြ၏။-
ယာဖက်၏သားများဖြစ်ကြသော ဂေါမာ၊ မာ ဂေါဂ၊ မာဒဲ၊ ယာဝန်၊ တုဗလ၊ မေရှကနှင့်တိ ရတ်တို့သည်မိမိတို့နာမည်အသီးသီးကို ဆောင်ကုန်သောအမျိုးသားတို့၏ဘိုးဘေး များဖြစ်ကြ၏။-
သင်တို့နှင့်ငါနေရသည်မှာမေရှက်ပြည်၌ နေထိုင်ရသကဲ့သို့လည်းကောင်း၊ ကေဒါ အမျိုးသားများနှင့်အတူ နေထိုင်ရသကဲ့သို့လည်းကောင်းဆိုးရွားပါ၏။
ငါသည်သူတို့အားငါ၏ဂုဏ်သတင်းကို မကြားဘူး၊ ငါ၏ကြီးမြတ်သည့်တန်ခိုး တော်ကိုမမြင်ဘူးသည့်ရပ်ဝေးနိုင်ငံများ ဖြစ်သော တာရှုပြည်လိဗိယပြည်နှင့်ကျွမ်း ကျင်သူလေးသည်တော်များရှိရာလုဒ ပြည်သို့လည်းကောင်း၊ တုဗလပြည်နှင့် ဂရိတ်ပြည်သို့လည်းကောင်းငါစေလွှတ်မည်။ သူတို့သည်ထိုပြည်များမှလူတို့အား ငါ၏ဘုန်းတော်အကြောင်းကိုပြောကြား ရလိမ့်မည်။-
ကိုယ်တော်က``အချင်းလူသား၊ တောင်အရပ် သို့မျှော်ကြည့်၍ ထိုအရပ်နှင့်ထိုအရပ်ရှိ သစ်တောအားဗျာဒိတ်တော်ကိုဆင့်ဆိုလော့။-
ကိုယ်တော်က``အချင်းလူသား၊ အမ္မုန်ပြည် သို့လှည့်၍ပရောဖက်ပြုလျက်ရှုတ်ချလော့။-
ယာဝန်မြို့၊ တုဗလမြို့နှင့်မေရှက်မြို့တို့ တွင်သင်၏ကုန်စည်များကိုကျွန်များ၊ ကြေး နီအိုးများနှင့်လဲလှယ်၏။-
``မေရှက်နှင့်တုဗလတို့သည်မိမိတို့၏ စစ်သူရဲသင်္ချိုင်းများခြံရံလျက်ထိုအရပ် တွင်ရှိကြ၏။ သူတို့အားလုံးသည်အရေဖျား လှီးမင်္ဂလာမခံဘဲစစ်ပွဲတွင်ကျဆုံးကြ၍ မရဏာနိုင်ငံသို့ဆင်းသက်ရကြ၏။ သို့ ရာတွင်သူတို့သည်အခါတစ်ပါးက အသက်ရှင်သူတို့ကိုထိတ်လန့်တုန်လှုပ် စေခဲ့သူများဖြစ်ကြ၏။-
သို့ဖြစ်၍အရှင်ထာဝရဘုရားသည်ငါ့ အားဂေါဂထံသို့စေလွှတ်တော်မူ၍``ငါ၏ လူမျိုးတော်ဣသရေလအမျိုးသားတို့ အေးချမ်းစွာနေထိုင်လျက်ရှိစဉ် သင်သည် မိမိနေထိုင်ရာမြောက်မျက်နှာစွန်းမှချီ လာလိမ့်မည်။ လူမျိုးတကာပါဝင်၍အင် အားကြီးမားသောမြင်းစီးသူရဲတပ် အလုံးအရင်းနှင့်ချီတက်ကာ၊-
ငါအရှင်ထာဝရဘုရားသည်မေရှက်နှင့် တုဗလလူမျိုးတို့၏အကြီးဆုံးဖြစ်သူ ဂေါဂမင်း၏ရန်သူဖြစ်ကြောင်းဆင့်ဆို လော့။-
အရှင်ထာဝရဘုရားက``အချင်းလူသား၊ မေရှက်နှင့်တုဗလလူမျိုးတို့၏အကြီး ဆုံးမင်းဖြစ်သူဂေါဂအားရှုတ်ချလော့။ ငါသည်သူ၏ရန်သူဖြစ်ကြောင်းဆင့်ဆို လော့။-
ထာဝရဘုရားက``ဤအမှုအရာအပေါင်း ဖြစ်ပျက်လာသောအခါဂေါဂအား ဣသရေလ ပြည်ပင်လယ်သေအရှေ့ဘက်တွင်ရှိသော ခရီးသည် ချိုင့်ဝှမ်းတွင်သင်္ချိုင်းမြေယာ တစ်ကွက်ကိုငါပေးမည်။ ထိုအရပ်တွင် ဂေါဂနှင့်သူ၏တပ်မတော်တစ်ခုလုံးကို မြှုပ်နှံရသဖြင့် ခရီးသွားရန်လမ်းပိတ် နေလိမ့်မည်။ သို့ဖြစ်၍ထိုချိုင့်ဝှမ်းသည် ဂေါဂတပ်မတော်ချိုင့်ဝှမ်းဟုနာမည် တွင်လိမ့်မည်။-
ငါသည်မာဂေါဂပြည်နှင့်လူတို့ငြိမ်းချမ်း စွာနေထိုင်လျက်ရှိသည့်ပင်လယ်ကမ်းရိုး တန်းတစ်လျှောက်ကိုမီးသင့်လောင်စေမည်။ ထိုအခါငါသည်ထာဝရဘုရားဖြစ် တော်မူကြောင်းလူတိုင်းသိရှိကြလိမ့်မည်။-
ကိုယ်တော်ကငါ့အား``အချင်းလူသား၊ သင်သည် ဣသရေလတောင်များကိုကြည့်၍ သူတို့အား ငါ၏အမိန့်တော်ကိုဆင့်ဆိုလော့။-