``သို့ဖြစ်၍ငါအရှင်ထာဝရဘုရားသင်တို့ အားမိန့်တော်မူသည်ကား ငါသည်သင်တို့ သိုးဝများနှင့်သိုးပိန်များအမှုကိုတရား စီရင်မည်။-
သို့ ဖြစ်၍၊ ၎င်း တို့ အား ငါ အ ရှင် ထာ ဝ ရ ဘု ရား မိန့် ဆို သည် မှာ၊ ပိန် ကြုံ သော အ ကောင် နှင့် ဆူ ဖြိုး သော အ ကောင် များ ကြား တွင်၊ ငါ ကိုယ် တိုင် တ ရား စီ ရင် မည်။
သို့ဖြစ်၍၊ ထိုသူတို့အား အရှင်ထာဝရဘုရားမိန့်တော်မူသည်ကား၊ ဆူဖြိုးသော တိရစ္ဆာန်တို့နှင့် ပိန်ကြုံသောတိရစ္ဆာန်တို့ကို ငါသည် ကိုယ်တိုင်ပိုင်းခြားမည်။
သို့ဖြစ်၍ ဘုရားရှင်ထာဝရဘုရားက သူတို့အား ‘ကြည့်ရှုလော့။ ဆူဖြိုးသောသိုးနှင့် ပိန်လှီသောသိုးတို့အမှုကို ငါကိုယ်တိုင်စီရင်မည်။
သင်တို့အနက်ပုန်ကန်သူများနှင့်တော်လှန် သူများကိုဖယ်ရှားပစ်မည်။ သူတို့ကိုမိမိ တို့ယခုနေထိုင်ရာပြည်များမှထွက်သွား စေမည်။ သို့ရာတွင်ဣသရေလပြည်သို့ပြန် လာခွင့်ပြုမည်မဟုတ်။ ထိုအခါငါသည် ထာဝရဘုရားဖြစ်တော်မူကြောင်း သင်တို့ သိရှိကြလိမ့်မည်'' ဟုမိန့်တော်မူ၏။
အဆူဖြိုးဆုံးသောသိုးကိုသာလျှင်အသုံး ပြုလော့။ ကြေးအိုးအောက်တွင်မီးထင်းထည့်ကာ ရေကိုပွက်ပွက်ဆူစေ၍အရိုးများကိုပြုတ်လော့'' ဟုမိန့်တော်မူပါ၏။
ငါအရှင်ထာဝရဘုရားသည်သင်တို့၏ ရန်သူဖြစ်၍ ငါ၏သိုးတို့သည်သင့်တာဝန် ဖြစ်ကြောင်းအတိအလင်းကြေညာ၏။ ငါ သည်မိမိ၏သိုးများကိုသင်တို့ထံမှသိမ်း ယူမည်။ အဘယ်အခါ၌မျှသင်တို့သည် သူတို့အားထိန်းကျောင်းခွင့်နှင့် မိမိတို့ကိုယ် ကိုသာလျှင်ကြည့်ရှုပြုစုခွင့်ကိုငါပေး တော့မည်မဟုတ်။ သိုးတို့သည်သင်တို့၏ အစာမဖြစ်အောင် ငါသည်မိမိသိုးတို့ ကိုသင်တို့လက်မှကယ်ဆယ်မည်။
``သို့ဖြစ်၍ ငါ၏သိုးစု၊ ငါအရှင်ထာဝရ ဘုရားမိန့်တော်မူသည်ကားငါသည်သင် တို့အသီးသီးအားတရားစီရင်မည်။ ကောင်း သူဆိုးသူတည်းဟူသောသိုးနှင့်ဆိတ်ကို ခွဲခြားသတ်မှတ်မည်။-
ငါ၏အခြားသိုးတို့သည်သင်တို့ခြေဖြင့် နင်း၍ထားသည့်မြက်ကိုစားလျက် သင်တို့ နောက်ကျိစေသည့်ရေကိုသောက်ကြ၏။
သင်တို့သည်ဖျားနာနေသောသိုးတို့ကို ဘေးသို့တွန်းဖယ်ကာ သိုးအုပ်ထဲမှချို နှင့်ဝှေ့ထုတ်ကြ၏။-