ထိုလူမျိုးသည်ငါ၏ရှေ့တွင်ဒုစရိုက်များ ကိုပြုကျင့်လျက် ငါ၏စကားကိုနားမထောင် ပါမူငါ၏စိတ်ကိုပြောင်းလဲလျက် ယခင်ငါ မြွက်ဆိုသည့်ကောင်းမှုများကိုမပြုဘဲနေမည်။-
ယေဇကျေလ 33:18 - Common Language Bible သူတော်ကောင်းသည်ကောင်းမှုကိုရပ်စဲ၍ မကောင်းမှုကိုပြုသောအခါ ထိုမကောင်း မှုအတွက်သူသည်သေရလိမ့်မည်။- Garrad Bible ဖြောင့် မတ် သူ သည်၊ ကိုယ့် ဖြောင့် မတ် ခြင်း မှ ဖောက် ပြန် လျက်၊ မ တ ရား မှု ကို ပြု ကျင့် လျှင်၊ ထို အ မှု ကြောင့် သေ ဒဏ် ခံ ရ လ တ္တံ့။ Judson Bible ဖြောင့်မတ်သောသူသည် မိမိဖြောင့်မတ်ခြင်းကို စွန့်၍ ဒုစရိုက်ကိုပြုမိလျှင်၊ ထိုဒုစရိုက်အပြစ်ကြောင့် အသေခံရလိမ့်မည်။ မြန်မာ့စံမီသမ္မာကျမ်း ဖြောင့်မတ်သောသူသည် ဖြောင့်မတ်ခြင်းလမ်းမှလွဲ၍ မကောင်းမှုကိုပြုလျှင် ထိုအမှုကြောင့် သူသေရမည်။ |
ထိုလူမျိုးသည်ငါ၏ရှေ့တွင်ဒုစရိုက်များ ကိုပြုကျင့်လျက် ငါ၏စကားကိုနားမထောင် ပါမူငါ၏စိတ်ကိုပြောင်းလဲလျက် ယခင်ငါ မြွက်ဆိုသည့်ကောင်းမှုများကိုမပြုဘဲနေမည်။-
``သို့ရာတွင်ဖြောင့်မတ်သောသူသည်ကောင်း မှုကိုရပ်စဲ၍ သူယုတ်မာတို့ပြုကျင့်တတ် သည့်စက်ဆုတ်ဖွယ်ရာဆိုးညစ်မှုတို့ကို ပြုလျှင် သူသည်ဆက်လက်၍အသက်ရှင် မည်လော။ အသက်မရှင်ရ။ သူပြုခဲ့သည့် ကောင်းမှုကိုငါအမှတ်ရတော့မည်မဟုတ်။ သူသည်သစ္စာမဲ့မှုကြောင့်အပြစ်ရှိ၍ မိမိကူးလွန်ခဲ့သည့်အပြစ်များ အတွက်သေရလိမ့်မည်။
``သူတော်ကောင်းတစ်ယောက်သည်မကောင်းမှု ကိုပြုလာသဖြင့် ငါသည်သူ့အားအန္တရာယ် ရှိသောအခြေအနေသို့ရောက်စေ၍သူသည် သေရမည်။ ထိုအခါသင်သည်သူ့ကိုသတိ မပေးဘဲနေပါမူ သူသည်မိမိကူးလွန် သည့်အပြစ်အတွက်သေရလိမ့်မည်။ ယခင် ကသူပြုသည့်ကောင်းမှုများကိုငါသတိ ရလိမ့်မည်မဟုတ်။ ထိုအခါထိုသူသေရ သည့်အတွက်သင့်မှာတာဝန်ရှိ၏။-
``သို့ရာတွင်သင်၏အမျိုးသားချင်းတို့က ထာဝရဘုရားသည် ဖြောင့်မတ်စွာမစီရင် ဟုဆိုကြ၏။ သူတို့သာလျှင်ဖြောင့်မတ် စွာမပြုကြ။-
ဆိုးယုတ်သူသည်အပြစ်ဒုစရိုက်ကိုစွန့် လွှတ်၍မှန်ရာကောင်းရာကိုပြုကျင့်သော အခါ အသက်ရှင်ခွင့်ကိုရရှိလိမ့်မည်။-
ဖြောင့်မတ်သူများဖြစ်ကြသောငါ၏လူစု တော်သည် ယုံကြည်၍အသက်ရှင်လိမ့်မည်။ သို့ရာတွင်တွန့်ဆုတ်သွားသူကိုမူကား ငါသည်နှစ်သက်လိမ့်မည်မဟုတ်'' ဟုကျမ်းစာတော်တွင်ဖော်ပြပါရှိ၏။-