သို့ရာတွင်ဘုရားသခင်၏ဝိညာဉ်တော်သည် ငါ၏အတွင်းသို့ဝင်၍ငါ့အားမတ်တပ်ရပ် စေတော်မူ၏။ ထာဝရဘုရားက``သင်သည် မိမိအိမ်သို့ပြန်ပြီးလျှင်အိမ်တွင်ပိတ်နေလော့။-
ဝိ ညာဉ် တော် သည် ငါ့ အ တွင်း သို့ ဝင် ရောက်၍ ခြေ စုံ ရပ် စေ ပြီး လျှင်၊ မိန့် တော် မူ သည် ကား အိမ် သို့ သွား၍ မ ထွက် ဘဲ နေ လော့။
ဝိညာဉ်တော်သည် ငါ့အထဲသို့ဝင်၍ မတ်တတ်နေစေလျက်၊ သင်သွားလော့။ ကိုယ်အိမ်၌ ပုန်းရှောင်၍ နေလော့။
ထိုအခါ ဝိညာဉ်တော်သည် ငါ့အထဲသို့ဝင်ရောက်၍ ငါ့ကို မတ်တတ်ရပ်စေပြီး “သင့်အိမ်သို့ပြန်သွား၍ ပုန်းနေလော့။
ကျွန်တော်မျိုးသည်အခြားသူများနှင့် ရယ်မောလျက် အပျော်အပါးလိုက်စားလျက် အချိန်မဖြုန်းပါ။ ကိုယ်တော်ရှင်ပေးအပ်ထား တော်မူသည့်အလုပ်တာဝန်ကြောင့် ကျွန်တော် မျိုးသည်တစ်ဦးတစ်ယောက်တည်းနေထိုင် ကာအမျက်ဒေါသနှင့်ပြည့်၍လာပါ၏။-
ယင်းအသံမြွက်ဆိုနေချိန်၌ပင်လျှင် ဘုရားသခင်၏ဝိညာဉ်တော်သည်ငါ၏အတွင်းသို့ ဝင်၍ ငါ့အားကူမတော်မူပြီးလျှင်မတ်တပ် ရပ်စေတော်မူ၏။ ထိုနောက်အသံတော်က ဆက်လက်၍၊-
ထို့ကြောင့်ငါသည်ကိုယ်တော်မိန့်တော်မူ သည်အတိုင်းဟောပြော၏။ ထိုအခါလူ သေအလောင်းတို့သည်ထွက်သက်ဝင်သက် လေကိုရရှိကာအသက်ရှင်လာပြီးလျှင် မတ်တတ်ရပ်ကြကုန်၏။ ထိုသူတို့သည် တပ်မတော်ကြီးဖွဲ့စည်းလောက်အောင် များပြားသတည်း။
ထိုသူက``ဘုရားသခင်သည်သင့်ကိုချစ် မြတ်နိုးတော်မူ၏။ ထို့ကြောင့်မစိုးရိမ်နှင့်၊ မကြောက်လန့်နှင့်'' ဟုဆို၏။ ဤစကားကို ကြားသောအခါငါသည်ပို၍အားရှိလာ ပြီးလျှင်``အရှင်၊ အရှင်မိန့်ကြားရန်ရှိသည် ကိုမိန့်တော်မူပါ။ အရှင်သည်အကျွန်ုပ် အားသက်သာစေတော်မူပါပြီ'' ဟု လျှောက်ထား၏။