မည်သည့်လူနှင့်တိရစ္ဆာန်မျှထိုပြည်ကို ဖြတ်သန်းသွားလာလိမ့်မည်မဟုတ်။ အနှစ် လေးဆယ်တိုင်တိုင်ထိုပြည်တွင်နေသူရှိ လိမ့်မည်မဟုတ်။-
အ နှစ် လေး ဆယ် အ တွင်း နေ သူ မဲ့ လျက်၊ လူ သူ တိ ရ စ္ဆာန် ခြေ ချ တော့ မည် မ ဟုတ်။
အနှစ်လေးဆယ်ပတ်လုံး လူလျှောက်၍မသွားရ။ တိရစ္ဆာန်လည်း လျှောက်၍မသွားရ။ အဘယ်သူမျှ မနေရ။
မည်သူမျှ၊ မည်သည့်တိရစ္ဆာန်မျှ ဖြတ်သန်းသွားလာတော့မည်မဟုတ်။ အနှစ်လေးဆယ်ပတ်လုံး နေထိုင်မည့်သူ ရှိတော့မည်မဟုတ်။
သို့ဖြစ်၍ပရောဖက်ယေရမိအားဖြင့်``ဥပုသ် နေ့အလုပ်ရပ်နားမှု မပြုခဲ့ကြသည်ကိုပြန်လည်အစားထိုး သည့်အနေဖြင့် ပြည်တော်တွင်အနှစ်ခုနစ် ဆယ်တိုင်တိုင်လူသူဆိတ်ညံလျက်နေလိမ့် မည်'' ဟုထာဝရဘုရားမိန့်တော်မူသော ဗျာဒိတ်တော်သည်အကောင်အထည်ပေါ် လာတော့၏။
ဘုရင်တစ်ပါး၏တစ်သက်၊ အနှစ်ခုနစ်ဆယ် တိုင်တိုင်တုရုမြို့ကိုလူတို့မေ့ပျောက်လျက် နေမည့်အချိန်ကာလကျရောက်လာလိမ့် မည်။ နှစ်များကုန်လွန်သွားသောအခါ တုရုမြို့သည်၊ ``သနားစရာကောင်း၍လူတို့ အမှတ်မရကြတော့သည့်ပြည့်တန်ဆာမ၊ သင်၏စောင်းကိုယူ၍မြို့ကိုလှည့်လည်လော့။ သင်၏ချစ်သူများပြန်လာကြစေရန် စောင်းကိုတီး၍သီချင်းများကိုဆိုဦးလော့'' အစရှိသည့်သီချင်းထဲကပြည့်တန်ဆာမ နှင့်တူလိမ့်မည်။
အနှစ်ခုနစ်ဆယ်ကုန်လွန်သောအခါ၊ ထာဝရ ဘုရားသည်တုရုမြို့အားရှေးအခါကနည်း တူ တစ်ဖန်ပြန်၍ကုန်သွယ်ရန်ခွင့်ပြုတော်မူ လိမ့်မည်။ ထိုမြို့သည်ကမ္ဘာပေါ်ရှိနိုင်ငံတကာ ၏အစေကိုခံလိမ့်မည်။-
ယင်းသည်နေ့ရောညဥ့်ပါမီးလောင်လျက်မီး ခိုးများထာဝစဉ်တက်၍နေလိမ့်မည်။ ထို ပြည်သည်လူမျိုးစဉ်ဆက်အဟောသိကံ ဖြစ်၍နေလိမ့်မည်။ ထိုပြည်ကိုနောင်အဘယ် အခါ၌မျှဖြတ်သန်းသွားလာသူရှိလိမ့် မည်မဟုတ်။-
``ထာဝရဘုရားက`ဗာဗုလုန်မြို့၏သက်တမ်း အနှစ်ခုနစ်ဆယ်စေ့သောအခါ ငါသည်သင် တို့အားပြန်လည်ကြည့်ရှုမည်။ ငါ၏ကတိတော် ရှိသည့်အတိုင်းသင်တို့၏ပြည်သို့ပြန်လည် ပို့ဆောင်မည်။-
အချင်းအီဂျစ်ပြည်သားတို့၊ သုံ့ပန်းအဖြစ်ခေါ်ဆောင်ခြင်းကိုခံရန် အသင့် ပြင်ဆင်ထားကြလော့။ နောဖမြို့သည်လူသူဆိတ်ငြိမ်ရာ သဲကန္တာရဖြစ်လိမ့်မည်။
ယေရမိက``တောင်ရိုးများအတွက်ငါမြည် တမ်းမည်။ မြက်ခင်းများအတွက်ငါငိုကြွေးမည်။ အဘယ်ကြောင့်ဆိုသော်စားကျက်တို့သည် ခြောက်သွေ့သွား၍ ဖြတ်သန်းသွားလာမည့်သူကင်းမဲ့လျက် နေသောကြောင့်ဖြစ်၏။ သိုးနွားမြည်သံကိုမကြားရကြတော့ပေ။ ငှက်များ၊တောတိရစ္ဆာန်များသည်လည်း ထွက်ပြေးကြလေပြီ'' ဟုဆို၏။
ရက်စက်ကြမ်းကြုတ်သောလူမျိုးခြားတို့ သည် ထိုအပင်ကိုခုတ်လှဲ၍ပစ်ထားခဲ့ကြ လိမ့်မည်။ ယင်း၏အကိုင်းအခက်များနှင့် ကျိုးပဲ့ကုန်သောအခက်အလက်ကြီးများ သည်တစ်ပြည်လုံးရှိတောင်များ၊ ချောင်းများ၊ ချိုင့်ဝှမ်းများအပေါ်သို့လဲကျကြလိမ့် မည်။ ထိုအပင်၏အရိပ်တွင်ခိုလှုံနေ ကြသောလူမျိုးအပေါင်းတို့သည်လည်း ထွက်ခွာသွားကြလိမ့်မည်။-
ငါသည်သင်၏တိရစ္ဆာန်များကိုသူတို့ရေ သောက်ရာအရပ်မှန်သမျှတို့တွင်သတ်ဖြတ် မည်။ ရေကိုနောက်စေမည့်လူနှင့်တိရစ္ဆာန်ရှိ တော့မည်မဟုတ်။-
ငါသည်ထိုပြည်ကိုလူသူဆိတ်ငြိမ်ရာ အရပ်ဖြစ်စေမည်။ ပြည်သူတို့ဂုဏ်ယူဝါ ကြွားရာဖြစ်သည့်တန်ခိုးအာဏာသည် လည်းဆိတ်သုဉ်းသွားလိမ့်မည်။ မည်သူမျှ ဖြတ်သန်းသွားလာမှုမပြုနိုင်လောက်အောင် ဣသရေလတောင်တို့သည်တောရိုင်းဖြစ် လိမ့်မည်။-
ထိုအခါသင်တို့သည်မိမိတို့၏ဘိုးဘေး များအား ငါပေးအပ်ခဲ့သည့်ပြည်တွင်နေ ထိုင်ရကြလိမ့်မည်။ သင်တို့သည်ငါ၏လူ မျိုးတော်ဖြစ်၍ငါသည်လည်းသင်တို့၏ ဘုရားဖြစ်လိမ့်မည်။-
သူ၏နန်းစံပထမနှစ်၌ငါဒံယေလသည် ကျမ်းစာတော်များကိုလေ့လာကာပရော ဖက်ယေရမိအား ဘုရားသခင်မိန့်တော်မူ သည်အတိုင်းအနှစ်ခုနစ်ဆယ်တိုင်တိုင် ယေရုရှလင်မြို့ပျက်စီးရမည်အကြောင်း ကိုစဉ်းစားဆင်ခြင်လျက်နေ၏။-