သူတို့သည်မိမိတို့ဦးခေါင်းပေါ်သို့မြေမှုန့် များကို မြှောက်ကြဲ၍ပြာထဲတွင်လူးလှိမ့်လျက် သင်၏အတွက်ပြင်းပြစွာငိုကြွေးမြည် တမ်းကြ၏။
သင့် အ တွက် အော် ၍ နစ် နာ စွာ ဟစ် ခြင်း၊ ဦး ခေါင်း ထက် မြေ မုန့် ကြဲ ခြင်း၊ ပြာ လူး ခြင်း၊
သင့်အဖို့အော်ဟစ်၍ ပြင်းစွာငိုကြွေးကြလိမ့်မည်။ မြေမှုန့်ကို မိမိတို့ခေါင်းပေါ်မှာ ပစ်တင်၍ ပြာ၌လူးကြလိမ့်မည်။
သူတို့သည် သင့်အတွက် ခါးသီးစွာအော်ဟစ်ငိုကြွေးကြလေပြီ။ မြေမှုန့်ကို ခေါင်းပေါ်ပစ်တင်ကြလေပြီ။ ပြာ၌ လူးကြလေပြီ။
နောက်တစ်နေ့၌ ရှောလု၏တပ်စခန်းမှလူငယ် တစ်ယောက်သည် ဝမ်းနည်းကြေကွဲသည့်လက္ခဏာ ဖြင့် မိမိ၏အဝတ်များကိုဆုတ်ဖြဲကာ ဦးခေါင်း ကိုမြေမှုန့်ကြဲဖြန့်လျက်ရောက်လာ၏။ သူသည် ဒါဝိဒ်ထံသို့ချဉ်းကပ်ပြီးလျှင်မြေပေါ်မှာ ပျပ်ဝပ်ရှိခိုးလေ၏။-
ထိုသူတို့သည် အဝေးကမျှော်ကြည့်၍ ယောဘကို မသိလျှင်၊ အသံကိုလွှင့်၍ ငိုကြွေးကြ၏။ အသီးအသီး မိမိတို့ဝတ်လုံကိုဆုတ်၍ မြေမှုန့်ကို ယူပြီးလျှင် မိမိတို့ ခေါင်းပေါ်သို့ကျရောက်စေခြင်းငှါ၊ မိုဃ်းကောင်းကင်သို့ ပစ်တင်ကြ၏။
ယောဘသည် ကိုယ်ကိုခြစ်စရာ အိုးခြမ်းကို ကိုင်ယူ၍ မီးဖိုပြာထဲမှာ ထိုင်လေ၏။
ထိုကြောင့်အကျွန်ုပ်သည် ကိုယ်ကိုရွံ့ရှာပါ၏။ မြေမှုန့်နှင့်မီးဖိုပြာ၌ထိုင်၍ နောင်တရပါ၏ဟု လျှောက် လေ၏။
အသင်ခေါင်းဆောင်တို့၊ အော်ဟစ်ငိုယိုကြလော့။ ငါ၏လူမျိုးတော်ကိုထိန်းသောသိုးထိန်းတို့၊ ကျယ်စွာအော်ဟစ်ကြလော့။ ဝမ်းနည်းပူဆွေး လျက်မြေမှုန့်တွင်လူးလှိမ့်ကြလော့။ အသတ် ခံရကြမည့်အချိန်ကျရောက်လာပြီဖြစ်၍ သင်တို့သည်သိုးထီးများကဲ့သို့အသတ်ခံ ရကြလိမ့်မည်။-
ထာဝရဘုရားက မိမိလူမျိုးတော်အား``သင် တို့သည်လျှော်တေကိုဝတ်၍ပြာထဲ၌လူးလှိမ့် ကြလော့။ တစ်ဦးတည်းသောသားအတွက် ငိုကြွေး မြည်တမ်းသကဲ့သို့ဝမ်းနည်းပက်လက်ငိုကြွေး ကြလော့။ အဘယ်ကြောင့်ဆိုသော်သင်တို့အား သုတ်သင်ဖျက်ဆီးရန်လာသူသည် ရုတ်တရက် ဝင်ရောက်တိုက်ခိုက်မည်ဖြစ်သောကြောင့်တည်း။-
ယေရုရှလင်မြို့၏အသက်ကြီးသူတို့သည် လျှော်တေကိုဝတ်၍ မိမိတို့ဦးခေါင်းပေါ်သို့မြေမှုန့်များတင် ပြီးလျှင် မြေပေါ်၌ဆိတ်ငြိမ်စွာထိုင်နေကြ၏။ မြို့သူကညာများသည်လည်းခေါင်းကို ငိုက်စိုက်ညွှတ်လျက်နေကြလေသည်။
သို့ဖြစ်၍သူတို့သည်သင့်အားရည်စူး ကာငိုခြင်းသီဆိုသည်မှာ ထင်ပေါ်ကျော်ဇောသောမြို့သည်ပျက်စီး လေပြီတကား။ ပင်လယ်နား၌နေသောမြို့များသည်ပယ်ရှင်း ခြင်းကို ခံရပြီတကား။ ဤမြို့သားတို့သည်ပင်လယ်များကိုအစိုးရ ခဲ့၏။ ပင်လယ်ကမ်းခြေတွင်နေထိုင်သူတို့အားလည်း ကြောက်လန့်တုန်လှုပ်စေခဲ့ကြ၏။
ထိုကြေညာချက်ကိုနိနေဝေမင်းကြား တော်မူသောအခါ ရာဇပလ္လင်ပေါ်မှထ၍ ဝတ်လဲတော်ကိုချွတ်ပြီးလျှင်လျှော်တေကို ဝတ်တော်မူ၏။ ထိုနောက်ပြာထဲတွင်ထိုင် နေတော်မူ၏။-
ဂါသမြို့ရှိရန်သူများအားငါတို့စစ်ရေး နိမ့်သည့်သတင်းကိုမကြားပြောနှင့်။ သင် တို့ငိုကြွေးနေခြင်းကိုသူတို့မမြင်စေနှင့်။ ဗေသောဖရာမြို့သားတို့၊ စိတ်ပျက်အား လျော့ကြောင်းပြရန်မြေမှုန့်၌လူးလှိမ့်နေ ကြလော့။-
ဗင်္ယာမိန်အနွယ်ဝင်လူတစ်ယောက်သည် စစ်မြေ မှလမ်းတစ်လျှောက်လုံးပြေးလာ၏။ သူသည် ဝမ်းနည်းသောအထိမ်းအမှတ်ဖြင့်အဝတ် များကိုဆုတ်ဖြဲကာ ဦးခေါင်းပေါ်တွင်မြေ မှုန့်တင်လျက်ရှိလောမြို့သို့တစ်နေ့ချင်း ပင်ရောက်ရှိလာ၏။-