(ယေရုရှလင်မြို့ကိုသိမ်းယူရရှိသောအခါ နေရဂါလရှရေဇာ၊ သံဂါနေဗော၊ စာသခိမ် နှင့်အခြားနေရဂါလရှရေဇာတို့အပါ အဝင်ဗာဗုလုန်ဘုရင်၏မှူးမတ်တို့သည် အလယ်တံခါးသို့လာ၍ထိုင်ကြ၏။)
ယေဇကျေလ 26:10 - Common Language Bible သူတို့၏မြင်းများကြောင့်လွင့်တက်လာသော မြေမှုန့်တို့သည်သင့်အားဖုံးလွှမ်းလိမ့်မည်။ မြို့တွင်းသို့လူများဝင်သကဲ့သို့ပျက်စီး နေသောမြို့၏တံခါးများကိုဖြတ်၍ မြင်း များလှည်းဆွဲသံ၊ စစ်မြင်းရထားဆွဲသံ တို့သည်သင်၏မြို့ရိုးများကိုတုန်လှုပ် စေလိမ့်မည်။- Garrad Bible ပေါက် ပြီး မြို့ ကို ဝင် တတ် သည့် နည်း တူ၊ မြို့ တံ ခါး ဖြင့် ချဉ်း ဝင် သော၊ မြင်း တပ် မြောက် မြား သည့် အ တွက်၊ ခွာ စာ မုန့် လွှမ်း မိုး သည့် ပြင်၊ မြင်း တပ်၊ လှည်း တပ်၊ ရ ထား တပ် အ သံ ကြောင့်၊ မြို့ ရိုး ပင် တုန် လှုပ် လ တ္တံ့။ Judson Bible မြင်းများသောကြောင့် မြေမှုန့်သည် သင့်ကိုဖုံးလွှမ်းလိမ့်မည်။ တိုက်ဖျက်သောမြို့ထဲသို့ ဝင်တတ်သကဲ့သို့ သင်၏မြို့တံခါးသို့ ဝင်သောအခါ၊ လှည်းရထားမျိုး မြည်သံ၊ မြင်းစီးသူရဲတို့အသံကြောင့် သင်၏မြို့ရိုးလှုပ်ရှားလိမ့်မည်။ မြန်မာ့စံမီသမ္မာကျမ်း များပြားလှသောမြင်းများကြောင့် ဖုန်များတထောင်းထောင်းထ၍ သင့်ကိုဖုံးလွှမ်းလိမ့်မည်။ မြို့တံခါးမှတစ်ဆင့် ပြိုပျက်သွားသောမြို့ထဲသို့ပြေးဝင်လာသော မြင်းစီးသူရဲများ၊ စစ်ရထားများ၏ဘီးသံများကြောင့် မြို့ရိုးများပင် တုန်ခါသွားရလိမ့်မည်။ |
(ယေရုရှလင်မြို့ကိုသိမ်းယူရရှိသောအခါ နေရဂါလရှရေဇာ၊ သံဂါနေဗော၊ စာသခိမ် နှင့်အခြားနေရဂါလရှရေဇာတို့အပါ အဝင်ဗာဗုလုန်ဘုရင်၏မှူးမတ်တို့သည် အလယ်တံခါးသို့လာ၍ထိုင်ကြ၏။)
ကြည့်ရှုကြလော့။ ရန်သူသည်မိုးတိမ်သဖွယ် လာလိမ့်မည်။ သူ၏စစ်ရထားများသည်လေပွေ နှင့်တူ၍ သူ၏မြင်းတို့သည်လင်းယုန်ငှက်များ ထက်လျင်မြန်ကြ၏။ ငါတို့အရေးရှုံးနိမ့်ကြ လေပြီ။ ငါတို့သည်အမင်္ဂလာရှိပါသည် တကား။-
သူတို့သည်မြင်းခွာသံများနှင့်မြင်းရထား ဘီးလည်သံများကိုကြားရကြလိမ့်မည်။ ဖခင်များသည်မိမိတို့သားသမီးများကို ပြန်မကြည့်ကြ။ သူတို့၏လက်များသည်လည်းအားလျော့၍ တွဲကျလျက်ရှိလိမ့်မည်။
သူတို့သည်စစ်လက်နက်စစ်မြင်းရထားများ၊ ရိက္ခာလှည်းများကိုယူဆောင်ကာ ကြီးမားသော စစ်သည်အလုံးအရင်းနှင့်သင့်အားတိုက်ခိုက် ကြလိမ့်မည်။ ဒိုင်းလွှားများကိုကိုင်ဆောင်လျက် သံခမောက်များကိုဆောင်း၍သင့်ကိုဝိုင်းရံ ကြလိမ့်မည်။ ငါသည်သင့်အားသူတို့၏လက် သို့ပြစ်ဒဏ်ခံရန်အပ်နှံမည်။ သူတို့သည် လည်းမိမိတို့တရားဥပဒေများအရ သင့်ကိုတရားစီရင်ကြလိမ့်မည်။-
တုရုမြို့အားအရှင်ထာဝရဘုရားမိန့် တော်မူသည်ကား``သင့်အားရန်သူတို့တိုက် ခိုက်အောင်မြင်နေချိန်၌ အသတ်ခံရသူတို့ နှင့်ဒဏ်ရာရသူတို့အော်ဟစ်သံများကြောင့် ပင်လယ်ကမ်းခြေတစ်လျှောက်တွင်နေထိုင် ကြသူတို့သည်ကြောက်လန့်တုန်လှုပ်ကြ လိမ့်မည်။-
အရှင်ထာဝရဘုရားက``ဘုရင်တကာတို့ တွင် အကြီးမြတ်ဆုံးဖြစ်သည့်ဗာဗုလုန် ဘုရင်နေဗုခဒ်နေဇာအား တုရုမြို့ကို တိုက်ခိုက်ရန်ငါခေါ်ဆောင်ခဲ့မည်။ သူသည် ဘုရင်တကာတို့၏ဘုရင်ဖြစ်လျက်၊ မြင်း များစစ်မြင်းရထားများ၊ မြင်းစီးသူရဲ များနှင့်တကွကြီးမားသောစစ်သည် အလုံးအရင်းနှင့်မြောက်အရပ်မှချီ တက်လာလိမ့်မည်။-
သင်၏မြို့ရိုးတို့ကိုလက်နက်များဖြင့် ထုဖြိုကြလိမ့်မည်။ သင်၏ရဲတိုက်များ ကိုလည်းသံချောင်းများဖြင့်ဖြိုချ ကြလိမ့်မည်။-
ရေနစ်သေဆုံးကြသည့်သင်္ဘောသားတို့ ဟစ်အော်သံသည်ကမ်းခြေတွင်ပဲ့တင်ထပ် ၍သွား၏။
ထို့ကြောင့်ယဇ်ပုရောဟိတ်တို့တံပိုးခရာ မှုတ်လျှင်မှုတ်ခြင်း လူအပေါင်းတို့သည် တခဲနက်ကြွေးကြော်ရာမြို့ရိုးများပြိုကျ လေ၏။ ဣသရေလအမျိုးသားအပေါင်းတို့ သည်မြို့တွင်းသို့အတားအဆီးမရှိဘဲ ဝင်ရောက်၍မြို့ကိုသိမ်းယူကြ၏။-
ထိုနောက်ယဇ်ပုရောဟိတ်တို့တံပိုးခရာကို အသံရှည်ရှည်တစ်ချက်မှုတ်ရကြမည်။ ထို အချက်ပေးသံကိုကြားရလျှင် လူအပေါင်း တို့သည် အသံကျယ်စွာအော်ဟစ်ရကြမည်။ ထိုအခါမြို့ရိုးများပြိုကျသဖြင့်စစ်သည် တပ်သားအားလုံး မိမိတို့ရှိနေရာမှမြို့ တွင်းသို့အတားအဆီးမရှိဘဲဝင်ရောက် နိုင်ကြလိမ့်မည်'' ဟုမိန့်တော်မူ၏။