သူတို့သည်ငါ့ကိုပစ်ပယ်၍အခြားဘုရား များအား ယဇ်ပူဇော်ကြလေပြီ။ သူတို့သည်ဤ အမှုတို့ကိုပြုခြင်းဖြင့်ငါ၏အမျက်တော် ကိုလှုံ့ဆော်သဖြင့် ယေရုရှလင်မြို့အပေါ် မငြိမ်းနိုင်သောဒေါသမီးသင့်လောင်စေမည်။-
ယေဇကျေလ 24:8 - Common Language Bible ထိုသွေးကအမျက်နှင့်လက်စားချေစေရန် ငါ သည်ယင်းကိုဖုံးအုပ်၍မထားနိုင်သည့်နေရာ တွင်ကျစေခြင်းဖြစ်၏'' ဟူ၍တည်း။ Garrad Bible ငါ လည်း၊ အ မျက် တော် ထား ၍ လက် စား ချေ ရ အံ့ သော ငှာ၊ ထို အ သွေး ကို မ လုံ အောင်၊ ရှင်း လင်း သော ကျောက် ပြား ထက် ထား ခဲ့ လေ ပြီ ဟု မိန့် တော် မူ ကြောင်း၊ Judson Bible ငါသည်လည်း အပြစ်ဒဏ်ပေးမည်အကြောင်း၊ ဒေါသအမျက်ထွက်စေခြင်းငှာ၊ ထိုအသွေးကိုမဖုံးဘဲ ရှင်းလင်းသောကျောက်ပေါ်မှာ တင်ထားပြီ။ မြန်မာ့စံမီသမ္မာကျမ်း အမျက်ဒေါသကို နှိုးဆော်ရန်၊ လက်တုံ့ပြန်ရန် ထိုသွေးတို့ကို ရှင်းလင်းနေသောကျောက်ပေါ်တွင် ငါကျစေ၏။ ထို့ကြောင့် ဖုံးကွယ်ထား၍မရ’ဟု မိန့်တော်မူ၏။ |
သူတို့သည်ငါ့ကိုပစ်ပယ်၍အခြားဘုရား များအား ယဇ်ပူဇော်ကြလေပြီ။ သူတို့သည်ဤ အမှုတို့ကိုပြုခြင်းဖြင့်ငါ၏အမျက်တော် ကိုလှုံ့ဆော်သဖြင့် ယေရုရှလင်မြို့အပေါ် မငြိမ်းနိုင်သောဒေါသမီးသင့်လောင်စေမည်။-
သူတို့သည်ငါ့ကိုပစ်ပယ်၍အခြားဘုရား များအားယဇ်ပူဇော်ကြလေပြီ။ သို့ဖြစ်၍ သူတို့သည်မိမိတို့ပြုသမျှသောအမှု များအားဖြင့် ငါ၏အမျက်တော်ကိုလှုံ့ဆော် ပေးကြ၏။ ငါသည်ယေရုရှလင်မြို့ကို အမျက်ထွက်လျက်နေပြီဖြစ်၍ ထိုအမျက် ကိုငြိမ်းသတ်ရမည်မဟုတ်။-
ထာဝရဘုရားသည်ကမ္ဘာသူကမ္ဘာသားတို့ အားအပြစ်ဒဏ်ခတ်ရန်ကြွလာတော်မူလိမ့် မည်။ ကမ္ဘာမြေကြီးပေါ်တွင်လျှို့ဝှက်ကူးလွန် ထားသည့်လူသတ်မှုများသည်ပေါ်လွင်ထင် ရှား၍လာလိမ့်မည်။ အသတ်ခံရသူတို့အား မြေကြီးသည်ဖုံးကွယ်ထားတော့မည်မဟုတ်။
ကလေးသူငယ်များသည်ထင်းခွေ၍အမျိုး သားကြီးများကမီးမွေးကာအမျိုးသမီး ကြီးများက ကောင်းကင်မိဖုရားအမည်တွင် သောနတ်သမီးအားပူဇော်ရန်မုန့်ညက်ကို နယ်၍မုန့်ဖုတ်ကြ၏။ သူတို့သည်ငါ့စိတ်တော် မသာမယာစေရန်အခြားဘုရားများ အတွက် စပျစ်ရည်ပူဇော်သကာကိုလည်း သွန်းလောင်းဆက်သကြ၏။-
သို့ဖြစ်၍ငါအရှင်ထာဝရဘုရားသည် မိမိ၏ပြင်းထန်သောအမျက်တော်ကို ဤ ဗိမာန်ပေါ်သို့သွန်းလောင်းမည်။ လူများနှင့် တိရစ္ဆာန်များအပေါ်သို့လည်းကောင်း၊ သစ်ပင် များနှင့်အသီးအနှံများအပေါ်သို့လည်း ကောင်းငါသွန်းလောင်းမည်။ ငါ၏အမျက် တော်သည်အဘယ်သူမျှမငြိမ်းမသတ် နိုင်သည့်မီးနှင့်တူ၏။
သင်သည်ထိုလူသတ်မှုများအတွက်အပြစ် ရှိသည့်ပြင် မိမိပြုလုပ်သည့်ရုပ်တုများအား ဖြင့် မိမိကိုယ်ကိုညစ်ညမ်းစေသည်ဖြစ်၍သင် ၏နေ့ရက်ကာလသည်ကျရောက်လာလေပြီ။ သင်၏နှစ်များကုန်ဆုံးချိန်စေ့ပြီ။ သို့ဖြစ်၍ ငါသည်သင့်အားလူမျိုးတကာတို့ပြက် ရယ်ပြုစရာ၊ အတိုင်းတိုင်းအပြည်ပြည် ၏ပြောင်လှောင်စရာဖြစ်စေတော်မူပြီ။-
ထိုမိန်းမနှစ်ယောက်တို့သည်မျောက်မထားသူ၊ လူသတ်သူများဖြစ်သဖြင့်သူတို့အားဖြောင့် မတ်သောသူတို့သည် မျောက်မထားမှုနှင့်လူ သတ်မှုတို့ကိုကူးလွန်သူများအဖြစ်ဖြင့် စီရင်ကြလိမ့်မည်'' ဟုမိန့်တော်မူ၏။
``သင်သည်ငါစိတ်မပြေမချင်းငါ၏ အမျက်ဒေါသဒဏ်ကိုအပြည့်အဝခံ ရလိမ့်မည်။ ငါထာဝရဘုရားသည်သင်၏ သစ္စာမဲ့မှုအတွက်အမျက်ထွက်လျက် ဤ သို့မိန့်တော်မူကြောင်းကို သင်သည်ဤအမှု အရာများဖြစ်ပျက်ချိန်၌သိရှိနားလည် လိမ့်မည်။-
ထာဝရဘုရားက``ငါသည်လူသားတို့ အပေါ်သို့ဘေးအန္တရာယ်ဆိုးကိုသက် ရောက်စေမည်ဖြစ်၍ လူတိုင်းပင်မျက်မမြင် ကဲ့သို့အမှောင်တွင်စမ်း၍သွားလာရကြ လိမ့်မည်။ သူတို့သည်ငါ့ကိုပြစ်မှားကြ လေပြီ။ ထို့ကြောင့်ငါတို့သည်သူတို့၏ သွေးကိုရေကဲ့သို့သွန်းလောင်းမည်။ သူတို့ ၏အလောင်းများသည်လည်းမြေပေါ်တွင် ပုပ်ပျက်၍နေလိမ့်မည်'' ဟုမိန့်တော်မူ၏။
သူတစ်ပါးအားသင်တို့စစ်ကြောစီရင်သကဲ့သို့ ဘုရားသခင်သည်သင်တို့အားစစ်ကြောစီရင် တော်မူမည်။ သူတစ်ပါးတို့အားစီရင်ရာတွင် သင်တို့အသုံးပြုသည့်နည်းအတိုင်း သင်တို့ အားစီရင်တော်မူမည်။-
သို့ဖြစ်၍နောက်ဆုံးတရားစီရင်တော်မူရန် သခင်ဘုရားကြွလာတော်မူချိန်တိုင်အောင် မည်သူ့ကိုမျှစီရင်မှုမပြုနှင့်။ ကိုယ်တော်သည် လျှို့ဝှက်ချက်မှန်သမျှကိုလည်းကောင်း၊ လူတို့ ၏စိတ်နှလုံးတွင်ကွယ်ဝှက်နေသည့်အကြံအစည် များကိုလည်းကောင်းထုတ်ဖော်တော်မူလိမ့်မည်။ ထိုအခါလူတိုင်းပင်ဘုရားသခင်၏ထံခံ ထိုက်သည့်အချီးအမွမ်းကိုခံကြရလတ္တံ့။
``ဖြစ်ရလေခြင်း၊ ဖြစ်ရလေခြင်း။ ပိတ်ချော၊ မရမ်း စေ့ရောင်ပိုးထည်၊ အနီရောင်အဝတ်အထည်၊ ရွှေ တန်ဆာ၊ ကျောက်မျက်ရတနာတန်ဆာ၊ ပုလဲ တန်ဆာများကိုဝတ်ဆင်ထားသောမြို့ကြီးသည်၊-