သူတစ်ပါးအားသင်တို့စစ်ကြောစီရင်သကဲ့သို့ ဘုရားသခင်သည်သင်တို့အားစစ်ကြောစီရင် တော်မူမည်။ သူတစ်ပါးတို့အားစီရင်ရာတွင် သင်တို့အသုံးပြုသည့်နည်းအတိုင်း သင်တို့ အားစီရင်တော်မူမည်။-
ယေဇကျေလ 24:4 - Common Language Bible အသားတုံးများကိုအိုးထဲသို့ထည့်လော့။ လက်ရင်းပိုင်းနှင့်ပေါင်များမှအကောင်းဆုံးသော အသားတစ်များကိုလည်းကောင်း လက်ရွေးစင်အရိုးတို့ကိုလည်းကောင်း ကြေးအိုးပြည့်အောင်ထည့်လော့။ Garrad Bible ပေါင် လက် မှ စ၍ သား ကောင်း ဟူ သ မျှ ကို ခတ် ခြင်း၊ အ ရိုး မြတ် ကို ဖြည့် ခြင်း၊ Judson Bible အမဲသားတစ်များ၊ ကောင်းသောအတစ်တို့ကို စုထား၍၊ ပေါင်၊ ပခုံး၊ အစရှိသော အကောင်းဆုံးသောအရိုးတို့ကို အိုးကင်း၌ အပြည့်ထည့်လော့။ မြန်မာ့စံမီသမ္မာကျမ်း အိုးထဲသို့ အသားတုံးများကို ထည့်လော့။ ပေါင်သား၊ ပခုံးသားအပါအဝင် အကောင်းဆုံးအသားများ အကောင်းဆုံးအရိုးများကို အပြည့်ထည့်လော့။ |
သူတစ်ပါးအားသင်တို့စစ်ကြောစီရင်သကဲ့သို့ ဘုရားသခင်သည်သင်တို့အားစစ်ကြောစီရင် တော်မူမည်။ သူတစ်ပါးတို့အားစီရင်ရာတွင် သင်တို့အသုံးပြုသည့်နည်းအတိုင်း သင်တို့ အားစီရင်တော်မူမည်။-
သို့ဖြစ်၍စားတော်ကဲသည်လက်ရွေးစင်ပေါင် တစ်ပေါင်ကိုယူလာပြီးလျှင် ရှောလု၏ရှေ့တွင် ချထားလေ၏။ ရှမွေလက``ဤအရာကား သင်၏အတွက်သီးသန့်ဖယ်ထားသောအသား ဖြစ်၏။ ယူ၍စားလော့။ ငါဖိတ်ခေါ်ထားသူတို့ နှင့်အတူယခုအချိန်၌သင်စားရန်ဤ အသားကိုငါဖယ်ထားခဲ့၏'' ဟုဆို၏။ ထို့ကြောင့်ရှောလုသည် ထိုနေ့၌ရှမွေလနှင့် အတူစားသောက်လေ၏။-