ငါသည်သင့်အားအရေးယူအပြစ်ပေးမည်။ သတ္တု၏ချေးညှော်များကိုချွတ်သည့်နည်းတူ သင်၏အညစ်အကြေးများကိုလည်းချွတ်၍ သင့်အားသန့်စင်အောင်ငါပြုမည်။-
ယေဇကျေလ 24:11 - Common Language Bible ထိုနောက်အိုးလွတ်ကိုနီရဲလာအောင် မီးကျီး ခဲများအပေါ်တွင်တင်ထားလော့။ ထိုအခါ ချေးကိုမီးစားသဖြင့် အိုးသည်ဘာသာရေး ထုံးနည်းနှင့်အညီသန့်စင်လာလိမ့်မည်။- Garrad Bible ကြေး ကျွမ်း လျက်၊ အ ညစ် ပျော် လျက်၊ အ ချေး ကုန် အောင် ပူ စေ ခြင်း ငှာ၊ မီး ကျီး ပေါ် တွင် အိုး လွတ် ကို တည် ဦး လော့။ Judson Bible ထိုနောက်၊ အဘယ်အရာမျှမပါဘဲ မီးခဲပေါ်မှာ တင်ထားလော့။ ကြေးနီပူ၍ မီးတောက်စေ။ အိုးကင်း၌ပါသောအညစ်အကြေးကို အရည်ကျို၍ သံချေးကုန်စေ။ မြန်မာ့စံမီသမ္မာကျမ်း ‘အိုးပူလာ၍ ကြေးနီများနီရဲလာစေရန်၊ အိုးထဲရှိအညစ်အကြေးများ အရည်ပျော်လာပြီး ချေးတို့လောင်ကျွမ်းသွားစေရန် အိုးလွတ်တစ်လုံးကို မီးကျီးခဲပေါ်တင်လော့။ |
ငါသည်သင့်အားအရေးယူအပြစ်ပေးမည်။ သတ္တု၏ချေးညှော်များကိုချွတ်သည့်နည်းတူ သင်၏အညစ်အကြေးများကိုလည်းချွတ်၍ သင့်အားသန့်စင်အောင်ငါပြုမည်။-
ရုပ်တုကိုးကွယ်ရာယဇ်ပလ္လင်ကျောက်ရှိသမျှ သည် မြေဖြူကျောက်ကဲ့သို့ထုထောင်းချေမှုန်း ခြင်းကိုခံရ၍ အာရှရတံခွန်တိုင်များနှင့် နံ့သာပေါင်းကိုမီးရှို့ရာပလ္လင်များမကျန် မရှိတော့သည့်အချိန်ကာလမကျရောက် မီ ဣသရေလအမျိုးသားများသည် မိမိတို့ ၏အပြစ်များမှဖြေလွှတ်ဖယ်ရှားလိမ့်မည် မဟုတ်။
ထာဝရဘုရားသည်ဣသရေလအမျိုးသား တို့အားစစ်ဆေးစီရင်ကာ တန်ခိုးတော်အား ဖြင့်ဖြူစင်သန့်ရှင်းစေတော်မူလိမ့်မည်။ ယေရု ရှလင်မြို့၏အပြစ်ကိုလည်းကောင်း၊ ထိုမြို့ တွင်သွန်းသည့်သွေးများကိုလည်းကောင်း ဆေးကြောစင်ကြယ်စေတော်မူလိမ့်မည်။-
ငါသည်ဤမြို့ကိုချမ်းသာမပေးဘဲဖျက် ဆီးပစ်ရန်သန္နိဋ္ဌာန်ချမှတ်ထားလေပြီ။ ယင်း ကိုဗာဗုလုန်မင်း၏လက်သို့ပေးအပ်လိုက် မည်ဖြစ်၍ သူသည်လည်းဤမြို့ကိုမီးရှို့ ဖျက်ဆီးပစ်လိမ့်မည်။ ဤကားငါထာဝရ ဘုရားမြွက်ဟသည့်စကားဖြစ်၏'' ဟုမိန့် တော်မူ၏။
ဤမြို့ကိုတိုက်ခိုက်သူဗာဗုလုန်အမျိုးသား တို့သည်လာ၍မီးရှို့ကြလိမ့်မည်။ အိမ်ခေါင်မိုး များအထက်တွင်ဗာလဘုရားအားနံ့သာ ပေါင်းကိုမီးရှို့ပူဇော်ခြင်းအားဖြင့်လည်း ကောင်း၊ အခြားဘုရားများအတွက်စပျစ် ရည်ပူဇော်သကာကိုသွန်းလောင်းခြင်းအား ဖြင့်လည်းကောင်း ငါ၏အမျက်တော်ကိုလူ တို့လှုံ့ဆော်ရာအိမ်များနှင့်အတူ ဤမြို့ တစ်မြို့လုံးသည်လောင်ကျွမ်း၍သွားလိမ့် မည်။-
အကယ်၍သင်တို့သည်မိမိတို့အားတိုက်ခိုက် လျက်ရှိသည့်ဗာဗုလုန်တပ်မတော်တစ်ခုလုံး ကိုနှိမ်နင်းနိုင်၍ ဒဏ်ရာရသူများသာလျှင် မိမိတို့တဲရှင်များတွင်ကျန်ရှိတော့သည်ဟု ဆိုစေကာမူ ထိုသူတို့သည်ထ၍ဤမြို့ကို မီးရှို့ပစ်ကြလိမ့်မည်' ဟုပြောကြားလော့'' ဟုမိန့်တော်မူ၏။
သို့ရာတွင်အကယ်၍သင်လက်နက်မချ ပါမူ ဤမြို့သည်ဗာဗုလုန်အမျိုးသားတို့ ၏လက်တွင်းသို့ကျရောက်ရလိမ့်မည်။ သူတို့ သည်လည်းဤမြို့ကိုမီးရှို့လိုက်ကြလိမ့်မည်။ သင်သည်သူတို့၏ဘေးမှလွတ်မြောက်ရလိမ့် မည်မဟုတ်' ဟုမိန့်တော်မူပါ၏'' ဟုလျှောက် ထား၏။
ဤအတောအတွင်း၌ဗာဗုလုန်အမျိုး သားတို့သည် ဘုရင့်နန်းတော်နှင့်ပြည်သူ တို့၏အိမ်များကိုမီးရှို့ကာယေရုရှလင် မြို့ရိုးတို့ကိုဖြိုချကြ၏။-
သူသည်ဗိမာန်တော်နှင့်နန်းတော်ကိုလည်း ကောင်း၊ ယေရုရှလင်မြို့ရှိအရေးပါအရာ ရောက်သူလူအပေါင်းတို့၏နေအိမ်များကို လည်းကောင်းမီးရှို့ပစ်လေသည်။-
သင်တို့အနက်ပုန်ကန်သူများနှင့်တော်လှန် သူများကိုဖယ်ရှားပစ်မည်။ သူတို့ကိုမိမိ တို့ယခုနေထိုင်ရာပြည်များမှထွက်သွား စေမည်။ သို့ရာတွင်ဣသရေလပြည်သို့ပြန် လာခွင့်ပြုမည်မဟုတ်။ ထိုအခါငါသည် ထာဝရဘုရားဖြစ်တော်မူကြောင်း သင်တို့ သိရှိကြလိမ့်မည်'' ဟုမိန့်တော်မူ၏။
ထင်းများကိုထပ်မံ၍ယူလာလော့။ မီးတောက် ကိုယပ်ခပ်ပေးလော့။ အသားများကိုချက်၍ ဟင်းခပ်အမွှေးအကြိုင်တို့ဖြင့် ဟင်းချိုကို ဆူအောင်ကျိုချက်လော့။ အရိုးတို့ကိုကျွမ်း လောင်စေလော့။-
ငါသည်သင်တို့ကိုသန့်စင်သောရေဖြင့်ပက် ဖြန်း၍ သင်တို့၏ရုပ်တုများနှင့်အခြား ညစ်ညမ်းသည့်အရာရှိသမျှမှသန့်စင် သွားစေမည်။-
အနန္တတန်ခိုးနှင့်ထာဝရဘုရားက``မာန် မာနထောင်လွှားသူနှင့်ယုတ်မာသူအပေါင်း တို့သည် ကောက်ရိုးသဖွယ်မီးကျွမ်းလောင် ကြမည့်နေ့ရက်ကာလကျရောက်လာလိမ့် မည်။ ထိုနေ့ရက်ကာလ၌သူတို့သည်မီး ကျွမ်းလောင်၍သွားကာ အမြစ်အကိုင်း အစအနမျှပင်ကျန်ရှိကြလိမ့်မည် မဟုတ်။-
လက်တော်တွင်စပါးလှေ့ရန်ဆန်ကောကိုကိုင်၍ ထားတော်မူ၏။ မိမိ၏ကောက်နယ်တလင်းကို ရှင်းလင်းပြီးနောက် ဂျုံစပါးကိုကျီတွင်စုသိမ်း ထားတော်မူလိမ့်မည်။ အဖျင်းများကိုမူငြိမ်း သတ်၍မရနိုင်သောမီးနှင့်ရှို့တော်မူလိမ့်မည်'' ဟုဟောပြော၏။