တစ်နေ့သ၌ယာကုပ်သည်ပဲဟင်းကိုချက်နေ စဉ် ဧသောသည်အမဲလိုက်ရာမှပြန်ရောက် လာ၏။ သူသည်ဆာလောင်သဖြင့်၊-
ယေဇကျေလ 24:10 - Common Language Bible ထင်းများကိုထပ်မံ၍ယူလာလော့။ မီးတောက် ကိုယပ်ခပ်ပေးလော့။ အသားများကိုချက်၍ ဟင်းခပ်အမွှေးအကြိုင်တို့ဖြင့် ဟင်းချိုကို ဆူအောင်ကျိုချက်လော့။ အရိုးတို့ကိုကျွမ်း လောင်စေလော့။- Garrad Bible ထင်း ပုံ ဆိုက် ခြင်း၊ မီး မွေး ခြင်း၊ အ သား မွ ခြင်း၊ အ ဆာ ခတ် ခြင်း၊ အ ရိုး နူး ခြင်း များ ကို ပြု ပြီး လျှင်၊ Judson Bible ထင်းများကိုပုံထား၍ မီးရှို့လော့။ အမဲသားလျော့၍ မြိန်စွာသော စားဖွယ်ဖြစ်စေလော့။ အရိုးတို့ကိုလည်းကျွမ်းစေ။ မြန်မာ့စံမီသမ္မာကျမ်း ထင်းကိုပုံ၍မီးမွှေးလော့။ အသားကို အမွှေးအကြိုင်များနှင့် ရော၍ပြုတ်လော့။ အရိုးများလည်း ကျွမ်းပါစေ’ဟု မိန့်တော်မူ၏။ |
တစ်နေ့သ၌ယာကုပ်သည်ပဲဟင်းကိုချက်နေ စဉ် ဧသောသည်အမဲလိုက်ရာမှပြန်ရောက် လာ၏။ သူသည်ဆာလောင်သဖြင့်၊-
ငါသည်ရန်သူတို့အားဤမြို့၏စည်းစိမ်ချမ်း သာမှန်သမျှကိုတိုက်ခိုက်လုယူစေမည်။ ဤ မြို့၏လက်ရှိဥစ္စာများနှင့်ပစ္စည်းပစ္စယမှန် သမျှနှင့် ယုဒဘုရင်များ၏ဘဏ္ဍာတော်တို့ ကိုဗာဗုလုန်ပြည်သို့သိမ်းယူသွားစေမည်။-
ရန်သူများသည်သူ၏ဥစ္စာဘဏ္ဍာရှိသမျှကို တိုက်ခိုက်လုယူကြ၏။ သူသည်လူမျိုးခြားတို့အားထာဝရဘုရား ပိတ်ပင်တားမြစ်ထားရာဖြစ်သည့် ဗိမာန်တော်သို့ပင်လျှင် ထိုသူတို့ဝင်ရောက်ကြသည်ကိုတွေ့မြင်ရ၏။
သင်၏ရန်သူအပေါင်းတို့သည် သင့်ကိုပြောင်လှောင်ကြလျက်မုန်းစိတ်နှင့် စိုက်၍ကြည့်ကြ၏။ သူတို့သည်မဲ့ရွဲ့ကာနှာခေါင်းရှုံ့လျက်``သူ့ကို ငါတို့သုတ်သင်ဖျက်ဆီးလိုက်ကြလေပြီ။ ဤနေ့ကားငါတို့စောင့်မျှော်နေခဲ့သည့်နေ့ပေ တည်း'' ဟုဆိုကြ၏။
ထိုနောက်အိုးလွတ်ကိုနီရဲလာအောင် မီးကျီး ခဲများအပေါ်တွင်တင်ထားလော့။ ထိုအခါ ချေးကိုမီးစားသဖြင့် အိုးသည်ဘာသာရေး ထုံးနည်းနှင့်အညီသန့်စင်လာလိမ့်မည်။-
ထိုနောက်အရှင်ထာဝရဘုရား မိန့်တော်မူသည် ကား``လူသတ်သမားတို့၏မြို့သည် အမင်္ဂလာ ရှိပါသည်တကား။ ငါကိုယ်တိုင်ပင်ထင်းများ ကိုထည့်မည်။-