Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ယေ​ရ​မိ 20:5 - Common Language Bible

5 ငါ​သည်​ရန်​သူ​တို့​အား​ဤ​မြို့​၏​စည်း​စိမ်​ချမ်း သာ​မှန်​သ​မျှ​ကို​တိုက်​ခိုက်​လု​ယူ​စေ​မည်။ ဤ မြို့​၏​လက်​ရှိ​ဥစ္စာ​များ​နှင့်​ပစ္စည်း​ပစ္စ​ယ​မှန် သ​မျှ​နှင့် ယု​ဒ​ဘု​ရင်​များ​၏​ဘဏ္ဍာ​တော်​တို့ ကို​ဗာ​ဗု​လုန်​ပြည်​သို့​သိမ်း​ယူ​သွား​စေ​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

5 ၎င်း ပြင်၊ ဤ မြို့ ရှိ ဘ ဏ္ဍာ အ မြတ် အ စွန်း ရ တ နာ မှ စ ၍၊ ယု ဒ ဘု ရင် အ ဆက် ဆက် တို့ စည်း စိမ် ဘ ဏ္ဍာ ဟူ သ မျှ ကို ငါ လွှဲ အပ် သ ဖြင့်၊ ရန် သူ တို့ သည်၊ ဗာ ဗု လုန် မြို့ သို့ လက် ရ သိမ်း ရုံး ယူ သွား ကြ လိမ့် မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

5 ဤ​မြို့၏ အ​စွမ်း​သ​တ္တိ​ရှိ​သ​မျှ​ကို​လည်း​ကောင်း၊ လုပ်​ဆောင်၍ ရ​သ​မျှ​သော​ဥ​စ္စာ​ကို​လည်း​ကောင်း၊ ဆည်း​ပူး​သ​မျှ​သော ရ​တ​နာ​ကို​လည်း​ကောင်း၊ ယု​ဒ​ရှင်​ဘု​ရင်၏​ဘ​ဏ္ဍာ​တော်​အ​လုံး​စုံ​တို့​ကို​လည်း​ကောင်း၊ ရန်​သူ​လက်​သို့​ငါ​အပ်​သ​ဖြင့်၊ ရန်​သူ​တို့​သည် လု​ယက်၍ ဗာ​ဗု​လုန်​မြို့​သို့ သိမ်း​သွား​ကြ​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

5 ငါ​သည် ဤ​မြို့​၏​စည်းစိမ်ဥစ္စာ​၊ ချွေးနှဲစာ​၊ အဖိုးတန်ရတနာ​ရှိသမျှ​တို့​ကို​လည်းကောင်း​၊ ယုဒ​ဘုရင်​တို့​၏​ဥစ္စာဘဏ္ဍာ​ရှိသမျှ​တို့​ကို​လည်းကောင်း ရန်သူ့​လက်​သို့ အပ်​မည်​။ ရန်သူ​တို့​သည် သူ​တို့​ကို လုယူတိုက်ခိုက်​၍ ဘေဘီလုံ​မြို့​သို့ ယူ​ဆောင်သွား​လိမ့်မည်​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယေ​ရ​မိ 20:5
24 ပူးပေါင်းရင်းမြစ်များ  

သူ​တို့​၏​ခေါင်း​ဆောင်​များ​ထဲ​တွင်​ပူး​ပေါင်း ကြံ​စည်​မှု​ရှိ​၏။ သူ​တို့​သည်​သား​ကောင်​များ ကို​ကိုက်​သတ်​ဆွဲ​ဖြတ်​ပြီး​နောက် ဟောက်​နေ သော​ခြင်္သေ့​များ​နှင့်​တူ​ကြ​၏။ သူ​တို့​သည် လူ​များ​ကို​သတ်​၍​ရ​နိုင်​သ​မျှ​သော​ငွေ နှင့်​ဥစ္စာ​ပစ္စည်း​တို့​ကို​ယူ​ကြ​၏။ ယင်း​သို့​သတ် ဖြတ်​မှု​ဖြင့်​သူ​တို့​သည်​အ​မျိုး​သ​မီး​မြောက် မြား​စွာ​ကို​မု​ဆိုး​မ​ဘ​ဝ​သို့​ရောက်​စေ ကြ​၏။-


ထာ​ဝ​ရ​ဘု​ရား​က​ငါ့​အား``ငါ​သည်​တစ် ပြည်​လုံး​တွင်​ငါ​၏​လူ​မျိုး​တော်​ကူး​လွန် သည့်​အ​ပြစ်​များ​အ​တွက်​ဒဏ်​ခတ်​မည်။ သူ တို့​၏​စည်း​စိမ်​ဥစ္စာ​ရွှေ​ငွေ၊ ရ​တ​နာ​များ ကို​သိမ်း​ယူ​ရန်​ရန်​သူ​များ​ကို​စေ​လွှတ်​မည်။-


ရန်​သူ​များ​သည်​သူ​၏​ဥစ္စာ​ဘဏ္ဍာ​ရှိ​သ​မျှ​ကို တိုက်​ခိုက်​လု​ယူ​ကြ​၏။ သူ​သည်​လူ​မျိုး​ခြား​တို့​အား​ထာ​ဝ​ရ​ဘု​ရား ပိတ်​ပင်​တား​မြစ်​ထား​ရာ​ဖြစ်​သည့် ဗိ​မာန်​တော်​သို့​ပင်​လျှင် ထို​သူ​တို့​ဝင်​ရောက်​ကြ​သည်​ကို​တွေ့​မြင်​ရ​၏။


နွေ​ဦး​ပေါက်​သော​အ​ခါ​နေ​ဗု​ခဒ်​နေ​ဇာ​မင်း သည်​ယေ​ခေါ​နိ​ကို​ဖမ်း​ဆီး​ပြီး​လျှင်​ဗာ​ဗု လုန်​ပြည်​သို့​ခေါ်​ဆောင်​သွား​၏။ နန်း​တော်​ဘဏ္ဍာ များ​ကို​လည်း​သိမ်း​ယူ​သွား​လေ​သည်။ ထို နောက်​နေ​ဗု​ခဒ်​နေ​ဇာ​သည်​ယေ​ခေါ​နိ​၏ ဘ​ထွေး​တော် ဇေ​ဒ​ကိ​ကို​ယု​ဒ​ဘု​ရင်​အ​ဖြစ်​ဖြင့်​ယေ​ရု ရှ​လင်​မြို့​တွင်​နန်း​တင်​တော်​မူ​၏။


ထာ​ဝ​ရ​ဘု​ရား​သည်​နေ​ဗု​ခဒ်​နေ​ဇာ​အား ယော​ယ​ကိမ်​မင်း​ကို​ဖမ်း​ဆီး​ခွင့်​နှင့်​ဗိ​မာန်​တော်​ဘဏ္ဍာ​အ​ချို့​ကို​သိမ်း​ယူ​ခွင့်​ပေး​တော်​မူ​၏။ နေ​ဗု​ခဒ်​နေ​ဇာ​သည်​သုံ့​ပန်း​များ​ကို​ဗာ​ဗု​လုန်​ပြည်​ရှိ မိ​မိ​၏​ဘု​ရား​ဝတ်​ကျောင်း​သို့​ခေါ်​ဆောင်​သွား​ပြီး​လျှင် ဖမ်း​ဆီး​သိမ်း​ယူ​ခဲ့​သည့်​ဘဏ္ဍာ​များ​ကို​ဝတ်​ကျောင်း​ဘဏ္ဍာ​တိုက်​တွင်​ထား​တော်​မူ​၏။


အ​ရပ်​တ​ကာ​ရှိ​လူ​တို့​သည်​လည်း​ကောင်း လူ​မျိုး​ခြား​တို့​၏​ဘု​ရင်​များ​သည်​လည်း​ကောင်း အ​ဘယ်​ရန်​သူ​မျှ​ယေ​ရု​ရှ​လင် မြို့​တံ​ခါး​များ​ကို​ချင်း​နင်း​ဝင်​ရောက်​နိုင်​လိမ့် မည်​ဟု မ​ယုံ​ကြ။


အ​ထီး​ကျန်​ယို​ယွင်း​ပျက်​စီး​လျက်​ရှိ​သော ယေ​ရု​ရှ​လင်​မြို့​သည်​ရှေး​ခေတ်​ဟောင်း​က​မိ​မိ ကြီး​ကျယ်​ခမ်း​နား​မှု​ကို​ပြန်​လည်​သ​တိ​ရ​မိ​၏။ ရန်​သူ့​လက်​သို့​ရောက်​ချိန်​၌​သူ့​အား​ကယ်​မည့်​သူ တစ်​ဦး​တစ်​ယောက်​မျှ​မ​ရှိ။ သူ့​အား​နှိမ်​နင်း​အောင်​မြင်​သူ​တို့​သည် သူ​၏​ပြို​လဲ​မှု​ကို​ပြက်​ရယ်​ပြု​ကြ​၏။


ဤ​အ​တော​အ​တွင်း​၌​ဗာ​ဗု​လုန်​အ​မျိုး သား​တို့​သည် ဘု​ရင့်​နန်း​တော်​နှင့်​ပြည်​သူ တို့​၏​အိမ်​များ​ကို​မီး​ရှို့​ကာ​ယေရု​ရှ​လင် မြို့​ရိုး​တို့​ကို​ဖြို​ချ​ကြ​၏။-


ဇေ​ဒ​ကိ​နန်း​စံ​တစ်​ဆယ့်​တစ်​နှစ်​မြောက်၊ စ​တုတ္ထ လ၊ န​ဝ​မ​ရက်​နေ့​၌​မြို့​ရိုး​များ​ပြို​ကျ​၍ သွား​လေ​၏။


လူ​တို့​သည်​တိုက်​ခိုက်​လု​ယက်​ရန်​သဲ​ကန္တာ​ရ​ရှိ ကုန်း​မြင့်​များ​ကို​ဖြတ်​၍​လာ​လေ​ပြီ။ ဤ​ပြည်​တစ်​ခု​လုံး​ကို​ဖျက်​ဆီး​ချေ​မှုန်း​ပစ်​ရန် ငါ​သည်​စစ်​ပွဲ​ကို​ဖြစ်​ပွား​စေ​လေ​ပြီ။ အ​ဘယ်​သူ​မျှ​ငြိမ်း​ချမ်း​စွာ​မ​နေ​မ​ထိုင် ရ​ကြ။


ဘေး​အန္တ​ရာယ်​ဆိုး​သည်​တစ်​ခု​ပြီး​တစ်​ခု ပေါ်​ပေါက်​၍​လာ​၏။ တစ်​ပြည်​လုံး​ပင်​ယို​ယွင်း​ပျက်​စီး​၍​ကျန် ခဲ့​၏။ ငါ​တို့​၏​တဲ​များ​သည်​တစ်​ခ​ဏ​ချင်း​၌​ဖြို ပျက်​လျက် ၎င်း​တို့​၏​ကန့်​လန့်​ကာ​တို့​သည်​စုတ်​ပြတ်​၍ သွား​ကြ​၏။


သို့​ရာ​တွင်​အ​ကျွန်ုပ်​တို့​သည်​ငယ်​စဉ်​ထဲ​က ရှက်​ဖွယ်​ကောင်း​သည့်​ဘု​ရား​များ​ကို​ဝတ်​ပြု ကိုး​ကွယ်​ကြ​သ​ဖြင့် ရှေး​ကာ​လ​မှ​စ​၍​ဘိုး ဘေး​များ​လုပ်​ကိုင်​စု​ဆောင်း​ထား​ခဲ့​သည်​သိုး အုပ်၊ နွား​အုပ်၊ သား​သ​မီး၊ ရှိ​ရှိ​သ​မျှ​သော အ​ရာ​တို့​ကို​ဆုံး​ရှုံး​ရ​ကြ​လေ​ပြီ။-


အ​ရှင့်​နန်း​တော်​တွင်​ရှိ​သ​မျှ​သော​အ​ရာ​တို့ ကို​လည်း​ကောင်း၊ ယ​နေ့​တိုင်​အောင်​အ​ရှင့်​ဘိုး ဘေး​တို့​စု​ဆောင်း​ထား​ရှိ​ခဲ့​သည့်​ပစ္စည်း​ဥစ္စာ မှန်​သ​မျှ​ကို​လည်း​ကောင်း ဗာ​ဗု​လုန်​ပြည်​သို့ ဆောင်​ယူ​သွား​ရာ​နေ့​ရက်​ကာ​လ​ရောက်​ရှိ လာ​လိမ့်​မည်။ အ​ဘယ်​အ​ရာ​တစ်​စုံ​တစ်​ခု မျှ​ကျန်​ရစ်​လိမ့်​မည်​မ​ဟုတ်။-


``ဗာ​ဗု​လုန်​ပြည်​သား​တို့​သည်​ဤ​မြို့​ကို ဝိုင်း​ရံ​သိမ်း​ပိုက်​နိုင်​ရန် မြေ​က​တုတ်​များ ကို​မြို့​ပတ်​လည်​တွင်​ဖို့​လုပ်​ထား​ကြ​ပါ​ပြီ။ သူ​တို့​သည်​တိုက်​ခိုက်​လျက်​နေ​ကြ​ပါ​ပြီ။ စစ်​ဘေး​ငတ်​မွတ်​ခေါင်း​ပါး​ခြင်း​ဘေး​နှင့် အ​နာ​ရော​ဂါ​ဘေး​တို့​ကြောင့် ဤ​မြို့​သည် သူ​တို့​၏​လက်​တွင်း​သို့​ကျ​ရောက်​ရ​ပါ လိမ့်​မည်။ အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော် ရှင်​သည်​မိ​မိ​မိန့်​တော်​မူ​ခဲ့​သ​မျှ​သော စ​ကား​များ​မှန်​လျက်​နေ​သည်​ကို​တွေ့ မြင်​တော်​မူ​နိုင်​ပါ​၏။-


ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​ပေါင်း ပင်​ကဲ့​သို့​သန်​စွမ်း​သော်​လည်း၊ ငါ​သည်​သဲ ကန္တာ​ရ​ထဲ​မှ​ပူ​ပြင်း​သော​အ​ရှေ့​လေ​ကို တိုက်​ခတ်​စေ​သ​ဖြင့် သူ​တို့​၏​စမ်း​ချောင်း များ​နှင့်​ရေ​တွင်း​များ​ကို​ခန်း​ခြောက်​စေ ပြီး​လျှင်​အ​ဖိုး​တန်​ပစ္စည်း​မှန်​သ​မျှ ဆုံး​ရှုံး​ရ​လိမ့်​မည်။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ