သင်သည်ဘုရားသခင်၏ လက်ရုံးကဲ့သို့သော လက်ရုံးရှိသလော။ ဘုရားသခင်၏ အသံကဲ့သို့သော အသံနှင့် မိုဃ်းချုန်းနိုင်သလော။
ယေဇကျေလ 22:14 - Common Language Bible သင့်အားငါစီရင်ပြီးချိန်၌သင်သည်ရဲ စွမ်းသတ္တိရှိဦးမည်လော။ မိမိလက်ကိုပင်မြှောက် နိုင်ရန်ခွန်အားရှိပါဦးမည်လော။ ငါထာဝရ ဘုရားမိန့်တော်မူ၏။ ငါသည်မိမိ၏စကား အတိုင်းပြုမည်။- Garrad Bible ငါ စီ ရင် သည့် ကာ လ၌၊ စိတ် တည် ကြည် လျက်၊ လက် အား ကြီး လျက်၊ သင် နေ နိုင် မည် လော၊ ငါ ထာ ဝ ရ ဘု ရား မိန့် ဆို သည့် အ တိုင်း၊ ငါ စီ ရင် လျက်၊ Judson Bible သင့်ကို ငါစီရင်သောအခါ၊ သင်၏နှလုံးသည် ခိုင်ခံ့နိုင်သလော။ သင်၏လက်သည်လည်း အားကြီးနိုင်သလော။ ငါထာဝရဘုရားသည် အမိန့်တော်ရှိသည်အတိုင်း ပြုမည်။ မြန်မာ့စံမီသမ္မာကျမ်း သင့်ကို ဒဏ်ခတ်သောအခါ သင်ခံရပ်နိုင်မည်လော။ သင့်လက်တို့ အားကြီးနိုင်မည်လော။ ငါထာဝရဘုရားသည် မိန့်ဆိုသည့်အတိုင်း ပြုမည်။ |
သင်သည်ဘုရားသခင်၏ လက်ရုံးကဲ့သို့သော လက်ရုံးရှိသလော။ ဘုရားသခင်၏ အသံကဲ့သို့သော အသံနှင့် မိုဃ်းချုန်းနိုင်သလော။
အနန္တတန်ခိုးရှင်ထာဝရဘုရားသည်တစ် ပြည်လုံးကိုဖျက်ဆီးပစ်တော်မူရန် သန္နိဋ္ဌာန် ချမှတ်ပြီးကြောင်းငါကြားသိရလေပြီ။ သင်တို့အားငါသတိပေးသည်ကိုပြက် ရယ်မပြုကြနှင့်။ ပြက်ရယ်ပြုကြပါမူ သင်တို့သည်အသက်ဘေးမှလွတ်ကင်း ရန်ပို၍ပင်ခဲယဉ်းပေလိမ့်မည်။
အီဂျစ်အမျိုးသားတို့သည်နတ်ဘုရားများ မဟုတ်။ သာမန်လူသားများသာလျှင်ဖြစ်ပါ သည်တကား။ သူတို့၏မြင်းများသည်လည်း နတ်မြင်းများမဟုတ်။ ထာဝရဘုရားအရေး ယူဆောင်ရွက်တော်မူသောအခါ ခွန်အားကြီး မားသည့်လူမျိုးသည်ကြေမွ၍သွားလိမ့်မည်။ အကူအညီရသည့်လူမျိုးသည်လည်းပြိုလဲ ၍သွားလိမ့်မည်။ ထိုလူမျိုးနှစ်မျိုးစလုံးပင် ဆုံးပါးပျက်စီးရလိမ့်မည်။
အခြားအိုးများနှင့်မထူးခြားသည့်မြေအိုး သည် အိုးထိန်းသည်နှင့်အတူငြင်းခုံဝံ့ပါမည် လော။ ရွှံ့စေးကအိုးထိန်းသည်အား အဘယ်သို့သောအရာကိုသင်ပြုလုပ် သနည်းဟု မေးရပါမည်လော။ မြေအိုးကမိမိကိုပြုလုပ်သူတွင်ကျင် လည်မှု မရှိဟုညည်းညူရပါမည်လော။
မိမိတို့၏မိတ်ဆွေများဟုသင်တို့ထင်မှတ် သူတို့သည် သင်တို့ကိုနှိမ်နင်း၍အုပ်စိုးရန် ထာဝရဘုရားချမှတ်တော်မူသောအခါ သင်တို့အဘယ်သို့ပြောဆိုကြမည်နည်း။ သင်တို့သည်သားဖွားသည့်အမျိုးသမီး ကဲ့သို့ဝေဒနာခံရကြလိမ့်မည်။-
ငါသည်ထာဝရဘုရားဖြစ်တော်မူကြောင်း ဤပြည်တွင်ရှိသမျှသောသစ်ပင်တို့သည် သိရကြလိမ့်မည်။ ငါသည်သစ်ပင်မြင့်များကိုခုတ်လှဲ၍ သစ်ပင်ငယ်တို့ကိုမြင့်မားလာစေ၏။ စိမ်းလန်းသောအပင်တို့ကိုညှိုးနွမ်းခြောက်သွေ့စေ၍ သွေ့ခြောက်သောအပင်တို့ကိုစိမ်းလန်းလာ စေ၏။ ဤကားငါထာဝရဘုရားမိန့်တော်မူသော စကားဖြစ်၏။ ငါသည်မိမိ၏စကားအတိုင်း ပြုမည်'' ဟူ၍တည်း။
သင်သည်အဘယ်ကြောင့်ညည်းတွားသည်ကို လူတို့မေးမြန်းကြသောအခါ သင်ကြားသိ ရသောသတင်းကြောင့်ညည်းတွားရခြင်း ဖြစ်ကြောင်းပြောပြလော့။ ထိုအမှုအရာ ဖြစ်ပျက်လာသောအခါ လူတို့သည်နှလုံး တုန်လျက်သတ္တိကြောင်ကြလိမ့်မည်။ သူတို့ ၏လက်များသည်ပျော့အိလျက်ဒူးများ လည်းပျော့ခွေလိမ့်မည်။ ထိုအမှုအရာကား ဖြစ်ပျက်မည့်အချိန်ကျရောက်ပြီ။ ယခု ပင်ဖြစ်ပျက်လာလေပြီ'' ဟုမိန့်တော်မူ၏။ ဤကားငါအရှင်ထာဝရဘုရားမိန့် တော်မူသောစကားဖြစ်၏။
သင်သည်ယင်းကိုအကုန်အစင်သောက်ပြီးမှ အစိတ်စိတ်အမြွှာမြွှာခွဲ၍ ဖလား၏အစအနများဖြင့်မိမိ၏ရင်သားကို လှီးဖြတ်လိမ့်မည်။ ဤကားငါအရှင်ထာဝရဘုရားမိန့်တော်မူသော စကားဖြစ်၏'' ဟူ၍တည်း။
ဤကားထာဝရဘုရားမိန့်တော်မူသော စကားဖြစ်၏။ ငါအရေးယူဆောင်ရွက်ရမည့် အချိန်ကျပြီ။ ငါသည်သင်၏အပြစ်များ ကိုလျစ်လူရှုလိမ့်မည်မဟုတ်။ သနားကြင် နာမည်မဟုတ်။ ကရုဏာထားမည်မဟုတ်။ သင်ပြုခဲ့သည့်အမှုအတွက်အပြစ်ဒဏ် ခံရမည်'' ဟူ၍တည်း။ ဤကားအရှင်ထာဝရ ဘုရားမိန့်တော်မူသောစကားဖြစ်၏။
သင့်ကိုသတ်မည့်သူတို့ရှေ့တွင် သင်သည် ဘုရားဖြစ်သည်ဟုဆိုဦးမည်လော။ သူတို့ သင့်ကိုသတ်ရန်လာကြသောအခါ သင်သည် ဘုရားမဟုတ်တော့ဘဲလူသားမျှသာဖြစ် ရပေတော့အံ့။-
ထိုအခါထာဝရဘုရားသည်ပျက်စီး ယိုယွင်းနေသောမြို့တို့ကိုပြန်လည်တည် ဆောက်၍ စွန့်ပစ်ထားသောလယ်ယာများကို ပြန်လည်စိုက်ပျိုးတော်မူကြောင်းကိုသေ ဘေးမှလွတ်မြောက်သောနီးနားဝန်းကျင်ရှိ လူမျိုးတို့သိရှိကြလိမ့်မည်။ ငါထာဝရ ဘုရားသည်ဤအမှုကိုပြုမည်ဟု ကတိ ထားတော်မူပြီ'' ဟုမိန့်တော်မူ၏။
``သင်သည်ငါစိတ်မပြေမချင်းငါ၏ အမျက်ဒေါသဒဏ်ကိုအပြည့်အဝခံ ရလိမ့်မည်။ ငါထာဝရဘုရားသည်သင်၏ သစ္စာမဲ့မှုအတွက်အမျက်ထွက်လျက် ဤ သို့မိန့်တော်မူကြောင်းကို သင်သည်ဤအမှု အရာများဖြစ်ပျက်ချိန်၌သိရှိနားလည် လိမ့်မည်။-
ငါသည်ထာဝရဘုရားဖြစ်ကြောင်းကိုလည်း ကောင်း၊ ငါကြိုတင်သတိပေးချက်များသည် အချည်းနှီးကြုံးဝါးချက်များမဟုတ် ကြောင်းကိုလည်းကောင်း သူတို့သိကြလိမ့် မည်'' ဟုမိန့်တော်မူ၏။
လူအပေါင်းတို့၏လက်များသည်အားလျော့ လျက် သူတို့၏ဒူးများသည်တုန်၍နေလိမ့်မည်။-
ထာဝရဘုရားသည်မိမိတပ်မတော်ကို မိုးကြိုးသံနှင့် တူသည့်အသံဖြင့်အမိန့်ပေးတော်မူ၏။ ကိုယ်တော်၏အမိန့်တော်ကိုနာယူကြသူ စစ်သည်တပ်သားများသည်၊ အရေအတွက်အားဖြင့်များ၏။ တန်ခိုး ကြီးကြ၏။ ထာဝရဘုရားတရားစီရင်တော်မူရာ နေ့ရက်ကာလသည် အဘယ်မျှကြောက်မက်ဖွယ်ကောင်းပါသနည်း။ ထိုနေ့ရက်ကာလကိုအဘယ်သူ လွန်မြောက်နိုင်ပါမည်နည်း။
သို့ရာတွင်အဘယ်သူသည်ကိုယ်တော်ရှင်ကြွ လာတော်မူမည့်နေ့ရက်ကာလကိုတိမ်းရှောင် နိုင်ပါမည်နည်း။ ကိုယ်တော်ရှင်ပေါ်ထွန်းတော် မူရာကာလ၌အဘယ်သူသည်ကျန်ရစ်လိမ့် မည်နည်း။ ကိုယ်တော်သည်အစွမ်းထက်သည့် ဆပ်ပြာနှင့်လည်းကောင်း၊ သတ္တုချွတ်သည့် မီးနှင့်လည်းကောင်းတူလိမ့်မည်။-
ငါတို့သည်သခင်ဘုရားအားဆန့်ကျင်ဖက် ပြုလိုကြသလော။ ငါတို့သည်သခင်ဘုရား ထက်ပို၍တန်ခိုးကြီးကြသလော။
အသက်ရှင်တော်မူသောဘုရားသခင်၏ လက်တော်သို့ကျရောက်ရခြင်းသည် ကြောက် မက်ဖွယ်ကောင်းလှပါသည်တကား။
ဣသရေလအမျိုးသားတို့၏မြင့်မြတ်သော ဘုရားသည်မုသားကိုသုံးတော်မမူ။ စိတ်တော် ကိုလည်းပြောင်းလဲတော်မမူ။ ကိုယ်တော်သည် လူကဲ့သို့မိမိ၏စိတ်တော်ကိုပြောင်းလဲတော် မူသည်မဟုတ်'' ဟုဆို၏။