မတရားသောသူ ပူဇော်သောယဇ်ကို ထာဝရ ဘုရားစက်ဆုပ် ရွံ့ရှာတော်မူ၏။ သဘောဖြောင့်သောသူ ဆုတောင်းသော ပဌနာကိုကား၊ နှစ်သက်တော်မူ၏။
ယေဇကျေလ 20:3 - Common Language Bible ကိုယ်တော်က``အချင်းလူသား၊ သင်သည်သူတို့ အား`သင်တို့သည်ငါ၏အလိုတော်ကိုစုံစမ်း မေးမြန်းရန်လာကြသလော။ ငါသည်အသက် ရှင်တော်မူသောဘုရားဖြစ်တော်မူသည်နှင့် အညီ သင်တို့မေးမြန်းစုံစမ်းမှုမှန်သမျှ ကိုလက်ခံမည်မဟုတ်။ ဤကားငါအရှင် ထာဝရဘုရား၏စကားဖြစ်၏' ဟုမိန့် တော်မူကြောင်းဆင့်ဆိုလော့။ Garrad Bible အ ချင်း လူ့ သား၊ ငါ့ ထံ မေး လျှောက် ရန် ရောက် လာ ကြ ပြီ လော။ အ သက် တော် ကို တိုင် တည်၍၊ ငါ အ ရှင် ထာ ဝ ရ ဘု ရား မိန့် ဆို သည့် အ တိုင်း၊ ငါ့ ထံ သင် တို့ မေး လျှောက် ခွင့် မ ရ ကြ ချေ ဟု၊ ထာ ဝ ရ ဘု ရား မိန့် တော် မူ ကြောင်း၊ ဣ သ ရေ လ လူ ကြီး တို့ အား ဆင့် ဆို လော့။ Judson Bible အချင်းလူသား၊ အရှင်ထာဝရဘုရား၏အမိန့်တော်ကို ဣသရေလအမျိုး အသက်ကြီးသူတို့အား ဆင့်ဆိုရမည်မှာ၊ သင်တို့သည် ငါ့ထံ၌ မေးလျှောက်ခြင်းငှာ လာကြသလော။ ငါအသက်ရှင်သည်အတိုင်း သင်တို့ မေးလျှောက်ခြင်းကို ငါမခံ။ မြန်မာ့စံမီသမ္မာကျမ်း “အချင်းလူသား၊ အစ္စရေးသက်ကြီးဝါကြီးတို့အား ‘ဘုရားရှင်ထာဝရဘုရားက ငါ့ထံမေးလျှောက်ရန် သင်တို့လာကြသလော။ စင်စစ် ငါအသက်ရှင်သည်နှင့်အညီ သင်တို့ကို မေးလျှောက်ခွင့်မပြုဟူ၍ မိန့်တော်မူသည်’ဟု ဆင့်ဆိုလော့။ |
မတရားသောသူ ပူဇော်သောယဇ်ကို ထာဝရ ဘုရားစက်ဆုပ် ရွံ့ရှာတော်မူ၏။ သဘောဖြောင့်သောသူ ဆုတောင်းသော ပဌနာကိုကား၊ နှစ်သက်တော်မူ၏။
မတရားသော သူပူဇော်သော ယဇ်သည် စက်ဆုပ်ရွံ့ရှာဘွယ်ဖြစ်၏။ ထိုမျှမက၊ မတရားသော စိတ်နှင့်ပူဇော်လျှင် သာ၍ဖြစ်၏။
တရားမနာ၊ လွှဲသွားသောသူသည် ဆုတောင်း သော်လည်း၊ သူ၏ပဌနာစကားသည် စက်ဆုပ်ရွံရှာဘွယ် ဖြစ်၏။
သင်တို့ငါ့ထံသို့ဝတ်ပြုကိုးကွယ်ရန်လာရောက်ကြသောအခါ ထိုအရာများကိုယူဆောင်လာရကြမည်ဟုသင်တို့အားအဘယ်သူစေခိုင်းပါသနည်း။ အဘယ်သူသည်သင်တို့အားငါ၏ဗိမာန်တော်တွင် ဤသို့ရှုပ်ယှက်ခတ်သွားလာစေပါသနည်း။-
``သင်တို့လက်အုပ်ချီ၍ဆုတောင်းပတ္ထနာပြုကြသောအခါ ငါသည်သင်တို့အားလှည့်၍ကြည့်တော်မူလိမ့်မည်မဟုတ်။ သင်တို့၏လက်များသည်အပြစ်သွေးစွန်းလျက်နေသဖြင့် သင်တို့အဘယ်မျှပင်ပြင်းပြစွာဆုတောင်းပတ္ထနာပြုကြသော်လည်းငါနားထောင်လိမ့်မည်မဟုတ်။-
သူတို့သည်ငါ၏တရားတော်ကိုလိုက်လျှောက် ကျင့်သုံးပါသည်ဟူ၍လည်ကောင်း၊ မှန်ကန်ရာ ကိုပြုကျင့်ပါသည်ဟူ၍လည်းကောင်းပြော ဆိုကာ ငါ့အားနေ့စဉ်ဝတ်ပြုကိုးကွယ်ကြ၏။ ငါ၏သွန်သင်ချက်များကိုသိရှိလိုကြ၏။ သူတို့သည်ငါ့ကိုကိုးကွယ်ဝတ်ပြုလိုကြ လျက် ငါ၏ထံတွင်တရားမျှတသည့်စည်း မျဉ်းဥပဒေသများကိုတောင်းခံကြ၏။
ဣသရေလအမျိုးသားခေါင်းဆောင်အချို့ တို့သည် ငါ့ထံသို့လာ၍ ရှေ့တော်တွင်ထိုင် ကြ၏။-
သင်တို့သည်ယနေ့တိုင်အောင်ပင်သူတို့ ဆက်သသည့်ပူဇော်သကာများကိုဆက် သလျက် ရုပ်တုများအားမိမိတို့၏သား သမီးများကိုမီးရှို့ပူဇော်ကာကိုယ့်ကိုယ် ကိုညစ်ညမ်းစေကြ၏။ အချင်းဣသရေလ အမျိုးသားတို့၊ သင်တို့သည်ငါ့ထံသို့ လာ၍ငါ၏အလိုတော်ကိုစုံစမ်းမေး မြန်းကြ၏။ ငါသည်အသက်ရှင်တော်မူ သောအရှင်ထာဝရဘုရားဖြစ်တော်မူ သည်နှင့်အညီ အဘယ်သို့မျှစုံစမ်းမေး မြန်းခွင့်ကိုသင်တို့အားပေးမည်မဟုတ်။-
ထာဝရဘုရားက``အချင်းလူသား၊ သင် ၏အမျိုးသားတို့သည်မြို့တံတိုင်းများ အနီး၌သော်လည်းကောင်း၊ မိမိတို့အိမ် တံခါးဝများ၌သော်လည်းကောင်း တွေ့ဆုံ မိကြသောအခါသင်၏အကြောင်းကို ပြောဆိုနေကြ၏။ သူတို့ကထာဝရ ဘုရားအဘယ်သို့အမိန့်တော်ရှိသည်ကို ယခုငါတို့သွား၍နားထောင်ကြကုန် အံ့'' ဟု အချင်းချင်းပြောဆိုကြ၏။-
လူတို့သည်ပင်လယ်သေမှမြေထဲပင်လယ် တိုင်အောင်လည်းကောင်း မြောက်အရပ်မှအရှေ့ သို့လည်းကောင်း၊ နေရာအနှံ့အပြား၌သတင်း စကားတော်ကိုလှည့်လည်၍ရှာကြသော်လည်း သတင်းစကားတော်ကိုမတွေ့ဘဲနေကြ လိမ့်မည်။-
အနာဂတ်ကိုဟောသူတို့သည်ဟောကိန်း မမှန်သဖြင့် အရှက်ကွဲရလိမ့်မည်။ သူတို့ သည်ဘုရားသခင်ထံတော်မှဗျာဒိတ်မခံ ရသဖြင့်အသရေပျက်ကြလိမ့်မည်။
ဖာရိရှဲနှင့်ဇဒ္ဒုကဲအမြောက်အမြားပင်ဗတ္တိဇံ မင်္ဂလာခံယူရန်လာကြသည်ကိုမြင်လျှင် ယောဟန် က ``အချင်းမြွေဆိုးတို့၊ သက်ရောက်လတ္တံ့သောဘုရား သခင်၏အမျက်တော်မှလွတ်မြောက်နိုင်သည်ဟု သင်တို့အားအဘယ်သူပြောသနည်း။-
ယောဟန်ကမိမိ၏ထံမှဗတ္တိဇံခံယူရန်လာကြ ကုန်သောလူအပေါင်းတို့အား ``အချင်းမြွေဆိုး အမျိုးတို့၊ သက်ရောက်လတ္တံ့သောအမျက်တော်၏ ဘေးမှရှောင်ပြေးရန်သင်တို့အားအဘယ်သူ သတိပေးဘိသနည်း။-
ဘုရားသခင်သည်နာမ်ဝိညာဉ်ဖြစ်တော်မူ သဖြင့် ကိုယ်တော်အားဝတ်ပြုကိုးကွယ်သူတို့ သည်လည်းကိုယ်တော်အမှန်စင်စစ်ဖြစ်တော်မူ သည့်အတိုင်း ကိုယ်တော်၏ဝိညာဉ်တော်တန်ခိုး အားဖြင့်မှန်ကန်စွာဝတ်ပြုကိုးကွယ်နိုင်ကြ မည်'' ဟုမိန့်တော်မူ၏။
မိမိအဘယ်သို့ပြုရမည်ကိုထာဝရဘုရား အားမေးလျှောက်လေသည်။ သို့သော်ထာဝရ ဘုရားသည်အိပ်မက်များအားဖြင့်သော်လည်း ကောင်း၊ ဥရိမ်နှင့်သုမိမ်အားဖြင့်သော်လည်း ကောင်း၊ ပရောဖက်များအားဖြင့်သော်လည်း ကောင်းလုံးဝဖြေကြားတော်မမူ။-