ဟေရှာယ 58:2 - Common Language Bible2 သူတို့သည်ငါ၏တရားတော်ကိုလိုက်လျှောက် ကျင့်သုံးပါသည်ဟူ၍လည်ကောင်း၊ မှန်ကန်ရာ ကိုပြုကျင့်ပါသည်ဟူ၍လည်းကောင်းပြော ဆိုကာ ငါ့အားနေ့စဉ်ဝတ်ပြုကိုးကွယ်ကြ၏။ ငါ၏သွန်သင်ချက်များကိုသိရှိလိုကြ၏။ သူတို့သည်ငါ့ကိုကိုးကွယ်ဝတ်ပြုလိုကြ လျက် ငါ၏ထံတွင်တရားမျှတသည့်စည်း မျဉ်းဥပဒေသများကိုတောင်းခံကြ၏။ အခန်းကိုကြည့်ပါ။Garrad Bible2 သို့ ရာ တွင်၊ ထို သူ တို့ သည် ငါ့ ကို နေ့ စဉ် ရှာ ဖွေ လျက်၊ နည်း လမ်း တော် များ ကို သိ လို သော ဆ န္ဒ ရှိ ၏။ တ ရား အ တိုင်း ပြု ကျင့် ၍၊ ကိုယ့် ဘု ရား ဥ ပ ဒေ သ ကို မ စွန့် မ ပယ် သော လူ မျိုး နည်း တူ၊ ငါ့ ထံ မှ တ ရား နှင့် ယှဉ် သော ဥ ပ ဒေ သ များ ကို တောင်း လျက်၊ ငါ ဘု ရား ထံ ချဉ်း ကပ် လို သော ဆ န္ဒ ရှိ ကြ သည် တ ကား။ အခန်းကိုကြည့်ပါ။Judson Bible2 သူတို့သည် တရားကျင့်သောအမျိုး၊ မိမိဘုရားသခင်၏ပညတ်တို့ကို မစွန့်သောအမျိုးကဲ့သို့၊ နေ့တိုင်းငါ့ကိုရှာ၍ ငါ၏တရားလမ်း၌ မွေ့လျော်ကြသည်တကား။ ဖြောင့်မတ်စွာ တရားစီရင်ချက်တို့ကို ငါ့ထံမှာအစဉ်မေးမြန်း၍၊ ဘုရားသခင့်ထံသို့ ချဉ်းကပ်ရာ၌ မွေ့လျော်ကြသည်တကား။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း2 သို့သော် ဖြောင့်မတ်စွာပြုကျင့်၍ မိမိတို့ဘုရားသခင်၏စီရင်ထုံးဖွဲ့ချက်ကို မစွန့်ပယ်သောလူမျိုးကဲ့သို့ သူတို့သည် နေ့တိုင်း ငါ့ကိုရှာ၍ ငါ၏တရားလမ်းတို့ကို သိလိုကြ၏။ ဖြောင့်မတ်သောစီရင်ထုံးဖွဲ့ချက်ကို မေးမြန်းကြ၏။ ဘုရားသခင်ထံတော်သို့ချဉ်းကပ်ခြင်းကို နှစ်သက်ကြ၏။ အခန်းကိုကြည့်ပါ။ |
ထာဝရဘုရားက``ဤသူတို့သည်ငါ့အား နှုတ်ဖြင့် ဝတ်ပြုကိုးကွယ်ပါသည်ဟုဆိုသော် လည်းသူတို့၏စကားများသည်အဋ္ဌိပ္ပါယ် မရှိ။ သူတို့၏စိတ်သည်လည်းအရပ်တစ်ပါး သို့ရောက်၍နေ၏။ သူတို့၏ဘာသာတရား သည် မိမိတို့အလွတ်ကျက်မှတ်ထားသည့်လူ့ ထုံးတမ်းစဉ်လာနှင့်နည်းဥပဒေများသာ လျှင်ဖြစ်ပေသည်။-
ထိုသူတို့သည်အထံတော်သို့လာ၍ ``ဆရာတော်၊ အရှင်သည်မှန်သောစကားကိုသာပြောတတ် ပါ၏။ လူတို့အဘယ်သို့ထင်မှတ်ကြသည်ကို အရေးမစိုက်။ လူ့မျက်နှာကိုမထောက်ဘဲဘုရား သခင်၏တရားလမ်းကိုဟုတ်မှန်သည့်အတိုင်း သွန်သင်တော်မူကြောင်းအကျွန်ုပ်တို့သိပါ၏။ ရောမဧကရာဇ်မင်းအားအခွန်ဆက်အပ်ပါ သလော၊ မဆက်အပ်ပါသလော။ အကျွန်ုပ်တို့ သည်အခွန်ဆက်ရမည်လော၊ မဆက်ရမည် လော'' ဟုပရိယာယ်ဆင်၍မေးလျှောက်ကြ၏။
သင်တို့သည်အမှားကြီးမှားလျက်နေကြ ကြောင်း ယခုသင်တို့အားငါသတိပေး၏။ သင်တို့သည်`အကျွန်ုပ်တို့အတွက်ဘုရားသခင်ထာဝရဘုရားထံတော်သို့ဆုတောင်း ပတ္ထနာပြုပါ။ ကိုယ်တော်နှင့်မိန့်မှာတော်မူ သမျှကိုလည်းအကျွန်ုပ်တို့အားပြန်လည် ပြောကြားပါ။ အကျွန်ုပ်တို့သည်ကိုယ်တော် ရှင်မိန့်မှာတော်မူသည်အတိုင်းပြုပါမည်' ဟုဆို၍ငါ့အားသင်တို့၏ဘုရားသခင် ထာဝရဘုရားထံတော်သို့စေလွှတ်ခဲ့ ကြ၏။-
ငါ့အား``အကျွန်ုပ်တို့ပန်ကြားသည့်အမှု ကိုပြုပါလော့။ အကျွန်ုပ်တို့၏ဘုရားသခင် ထာဝရဘုရားထံတော်သို့အကျွန်ုပ်တို့ အဖို့ဆုတောင်းပတ္ထနာပြုပါလော့။ ကျန်ရှိ နေသမျှသောအကျွန်ုပ်တို့အတွက်ဆု တောင်းပတ္ထနာပြုပါလော့။ အခါတစ်ပါး ကအကျွန်ုပ်တို့သည်အရေအတွက်အား ဖြင့်များပါ၏။ သို့ရာတွင်ယခုအခါ၌ အရှင်သိရှိသည့်အတိုင်းအကျွန်ုပ်တို့ တွင်လူအနည်းငယ်သာကျန်ရှိပါတော့ သည်။-
ကျွန်တော်မျိုးတို့သည်ကိုယ်တော်ရှင်ကိုပုန်ကန် ကြပါ၏။ ကိုယ်တော်ရှင်ကိုပစ်ပယ်ကာနောက် တော်သို့လိုက်ရန်ငြင်းဆန်ခဲ့ကြပါ၏။ ကျွန် တော်မျိုးတို့သည်သူတစ်ပါးတို့အားနှိပ်စက် ညှင်းဆဲ၍ကိုယ်တော်ရှင်ကိုလည်းပုန်ကန်ကြ ပါပြီ။ ကျွန်တော်မျိုးတို့၏အကြံအစည် များသည်မူမမှန်ပါ။ ကျွန်တော်မျိုးတို့၏ စကားများသည်လည်းမုသားဖြစ်ပါ၏။-
ကိုယ်တော်က``အချင်းလူသား၊ သင်သည်သူတို့ အား`သင်တို့သည်ငါ၏အလိုတော်ကိုစုံစမ်း မေးမြန်းရန်လာကြသလော။ ငါသည်အသက် ရှင်တော်မူသောဘုရားဖြစ်တော်မူသည်နှင့် အညီ သင်တို့မေးမြန်းစုံစမ်းမှုမှန်သမျှ ကိုလက်ခံမည်မဟုတ်။ ဤကားငါအရှင် ထာဝရဘုရား၏စကားဖြစ်၏' ဟုမိန့် တော်မူကြောင်းဆင့်ဆိုလော့။