သို့ရာတွင်မိက္ခာက``ငါသည်ထာဝရဘုရား မိန့်တော်မူသည့်အတိုင်းဖော်ပြမည်ဖြစ်ကြောင်း အသက်ရှင်တော်မူသောထာဝရဘုရားကို တိုင်တည်၍ငါဆို၏'' ဟုပြော၏။
ယေဇကျေလ 2:4 - Common Language Bible သူတို့သည်ခေါင်းမာ၍ငါ့အားမရိုသေ ကြ။ ငါထာဝရဘုရားအဘယ်သို့အမိန့် တော်ရှိသည်ကို သူတို့အားပြန်ကြားရန် သင့်ကိုသူတို့ထံသို့ငါစေလွှတ်မည်။- Garrad Bible စိတ် ခက် မာ၍ မျက် နှာ ပြောင် တိုက် သော၊ ထို အ မျိုး သား တို့ သို့ ငါ စေ လွှတ် သည့် အ တိုင်း၊ အ ရှင် ထာ ဝ ရ ဘု ရား ဤ သို့ မိန့် တော် မူ သည် ဟူ၍၊ သင် ဆင့် ဆို သ ဖြင့်၊ Judson Bible ရဲသောမျက်နှာနှင့် ခိုင်မာသော နှလုံးရှိသော အမျိုးသားတို့ရှိရာသို့ သင့်ကို ငါစေလွှတ်၍၊ သင်က၊ အရှင်ထာဝရဘုရား မိန့်တော်မူသည်ဟု သူတို့အားပြောရမည်။ မြန်မာ့စံမီသမ္မာကျမ်း သူတို့သည် ခေါင်းမာသူ၊ စိတ်နှလုံးမာကျောသူများဖြစ်ကြ၏။ ထို့ကြောင့် သူတို့ထံသို့ သင့်ကိုစေလွှတ်၍ ‘ဘုရားရှင်ထာဝရဘုရား ဤသို့မိန့်တော်မူသည်’ဟု ဆင့်ဆိုစေခြင်းဖြစ်၏။ |
သို့ရာတွင်မိက္ခာက``ငါသည်ထာဝရဘုရား မိန့်တော်မူသည့်အတိုင်းဖော်ပြမည်ဖြစ်ကြောင်း အသက်ရှင်တော်မူသောထာဝရဘုရားကို တိုင်တည်၍ငါဆို၏'' ဟုပြော၏။
သင်တို့သည်သူတို့ကဲ့သို့ခေါင်းမမာကြ နှင့်။ ထာဝရဘုရား၏စကားတော်ကိုနား ထောင်ကြလော့။ သင်တို့သည်သင်တို့ဘုရားသခင်ထာဝရဘုရားထာဝစဉ်သီးသန့် ထားတော်မူသောယေရုရှလင်မြို့ဗိမာန် တော်သို့လာ၍ ကိုယ်တော်အားကိုးကွယ် ဝတ်ပြုကြလော့။ သို့ပြုလျှင်ကိုယ်တော် သည်သင်တို့အားအမျက်ထွက်တော်မူ တော့မည်မဟုတ်။-
ဇေဒကိသည်နေဗုခဒ်နေဇာမင်းကိုပုန်ကန် လေ၏။ နေဗုခဒ်နေဇာသည်မိမိ၏ကျေးဇူး သစ္စာတော်ကိုစောင့်ထိန်းရန် သူ့အားအတင်း အကြပ်ဘုရားသခင်၏နာမတော်ကိုတိုင် တည်ကျိန်ဆိုစေတော်မူခဲ့၏။ ဇေဒကိသည် ခေါင်းမာ၍နောင်တမရ။ ဣသရေလအမျိုး သားတို့၏ဘုရားသခင်ထာဝရဘုရား ထံတော်သို့ပြန်မလာဘဲနေလေသည်။-
ကိုယ်တော်ကမောရိဘအရပ်တွင်ရောက်ရှိ နေသော သင်တို့ဘိုးဘေးများကဲ့သို့သင်တို့သည် ခေါင်းမမာကြနှင့်။ တောကန္တာရရှိမဿာအရပ်တွင်ရောက်ရှိနေသော ဘိုးဘေးများကဲ့သို့ခေါင်းမမာကြနှင့်။
မတရားသောသူသည် မိမိမျက်နှာကို ခိုင်မာ စေတတ်၏။ ဖြောင့်မတ်သောသူမူကား၊ မိမိသွားရာလမ်း ကို ပြင်ဆင်တတ်၏။
သင်တို့သည်သံကဲ့သို့တင်းမာလျက်၊ ကြေးဝါကဲ့သို့မာကြောလျက်၊ခေါင်းမာ နေကြလိမ့်မည်ကိုငါသိ၏။
သို့ရာတွင် ထာဝရဘုရားက``သင်သည် အသက်အရွယ်ငယ်လွန်းသည်ဟုမဆိုနှင့်။ ငါစေလွှတ်သည့်သူထံသို့သင်သွား၍ ငါ မိန့်မှာတော်မူသမျှကိုပြန်ကြားလော့။-
ဤအကြောင်းကြောင့်ငါသည်မိုးဦးကိုခေါင် စေ၍ မိုးနှောင်းကိုလည်းမရွာဘဲနေစေခြင်း ဖြစ်၏။ သင်သည်ပြည့်တန်ဆာအသွင်ကိုဆောင် လျက်ရှိ၏။ သင်၌အရှက်အကြောက်မရှိ တော့ပေ။
ထိုအခါမင်းကြီးသည်ယေဟုဒိအားစေ လွှတ်၍စာလိပ်ကိုအယူခိုင်းလေသည်။ ယေဟု ဒိသည်လည်းဧလိရှမာ၏အခန်းမှထိုစာ လိပ်ကိုယူပြီးလျှင် မင်းကြီးနှင့်တကွမင်း ကြီး၏ပတ်လည်တွင်ရပ်လျက်နေသည့် မှူးမတ်များ၏ရှေ့တွင်ဖတ်ပြ၏။-
ထာဝရဘုရားသည်သစ္စာရှိမှုကိုအမှန်ပင်လိုလားတော်မူ၏။ ကိုယ်တော်သည်သင်တို့အားဒဏ်ခတ်တော်မူသော်လည်းသင်တို့သည်ဂရုမစိုက်ကြ။ ဖျက်ဆီးချေမှုန်းတော်မူသော်လည်းပဲ့ပြင်ဆုံးမမှုကိုသင်တို့မခံမယူလိုကြ။ သင်တို့သည်ကျောက်ခဲထက်ခေါင်းမာလျက်နောင်တမရဘဲနေကြ၏။
သူတို့သည်စက်ဆုတ်သည့်အမှုတို့ကိုပြုကျင့် သည့်အတွက်ရှက်ကြပါသလော။ အလျှင်း မရှက်ကြ။ ရှက်သွေးရောင်ပင်မသန်းကြ။ သို့ ဖြစ်၍သူတို့သည်အခြားသူများနည်းတူ ပြိုလဲရကြလိမ့်မည်။ ငါအပြစ်ဒဏ်ခတ်သော အခါသူတို့သည်ဆုံးခန်းသို့ရောက်ကြလိမ့် မည်။ ဤကားငါထာဝရဘုရားမြွက်ဟ သည့်စကားဖြစ်၏'' ဟုမိန့်တော်မူ၏။
ငါ၏လူမျိုးတော်သည်ငါစက်ဆုတ်သည့် အမှုအရာတို့ကိုပြုကျင့်သည့်အတွက်ရှက် ကြောက်ကြသလော။ သင်တို့အလျှင်းမရှက် မကြောက်ကြ။ သင်တို့သည်ရှက်သွေးပင်မသန်း တတ်ကြ။ သို့ဖြစ်၍သင်တို့သည်အခြားသူ များနည်းတူပြိုလဲရကြလိမ့်မည်။ ငါအပြစ် ဒဏ်ခတ်သောအခါသင်တို့နာလန်ထူနိုင် ကြတော့မည်မဟုတ်။ ဤကားငါထာဝရ ဘုရားမြွက်ဟသည့်စကားဖြစ်၏။
ထိုနောက်ပြည်နှင်ဒဏ်သင့်သူသင်၏အမျိုး သားများထံသို့သွားလော့။ သူတို့သင်၏ စကားကိုဂရုစိုက်သည်ဖြစ်စေ၊ မစိုက် သည်ဖြစ်စေ၊ ငါအရှင်ထာဝရဘုရား အဘယ်သို့မိန့်တော်မူသည်ကိုပြော ကြားလော့'' ဟုမိန့်တော်မူ၏။
ထိုနောက်သင့်အားငါတစ်ဖန်ပြောကြားစေ လိုသောအခါ၌သင်၏နှုတ်ကိုဖွင့်မည်။ ထို အခါသင်သည်သူတို့အားငါ့အရှင်ထာဝရ ဘုရား ဤသို့မိန့်တော်မူသည်ဟုဆင့်ဆိုရ မည်။ အချို့သောသူတို့သည်သင့်စကားကို နားထောင်၍ အချို့တို့သည်နားမထောင်ဘဲ နေကြလိမ့်မည်။ အဘယ်ကြောင့်ဆိုသော်သူ တို့သည်ပုန်ကန်တတ်သောလူမျိုးဖြစ်သော ကြောင့်တည်း။''
ထိုနောက်ကိုယ်တော်က``အချင်းလူသား၊ ဣသ ရေလအမျိုးသားတို့ထံသို့သွား၍ ငါမိန့် တော်မူသမျှတို့ကိုဆင့်ဆိုလော့။-
သို့သော်အဘယ်ဣသရေလအမျိုးသားမျှ သင့်စကားကိုနားထောင်ကြလိမ့်မည်မဟုတ်။ သူတို့သည်ငါ၏စကားကိုပင်နားထောင် ကြလိမ့်မည်မဟုတ်။ သူတို့အားလုံးပင် ခေါင်းမာ၍အာခံတတ်သူများဖြစ်ကြ၏။-
ထာဝရဘုရားသည်ငါ့ကိုသိုးကျောင်း နေရာမှခေါ်ယူပြီး လူမျိုးတော်ဣသရေလ ထံသို့သွားရောက်၍ဗျာဒိတ်ပေးရန်စေခိုင်း တော်မူခဲ့သည်။-
စိတ်နှလုံးကိုကျောက်ကဲ့သို့မာကျောစေ ကြ၏။ သူတို့သည်ရှေးပရောဖက်များအား ဖြင့်ငါပေးအပ်ခဲ့သည့်သွန်သင်ချက်များ ကိုနားမထောင်သဖြင့် အနန္တတန်ခိုးရှင် ငါထာဝရဘုရားသည်ပြင်းစွာအမျက် ထွက်ခဲ့သည်။-
``သိုးများအားဝံပုလွေစုထဲသို့စေလွှတ်သကဲ့ သို့သင်တို့အားငါစေလွှတ်၏။ သို့ဖြစ်၍မြွေကဲ့သို့ ပါးနပ်လိမ္မာကာချိုးကဲ့သို့အဆိပ်ကင်း၍နူးညံ့ သိမ်မွေ့ကြလော့။-
သို့ဖြစ်သောကြောင့်သင်တို့သည်ယခုမှစ၍ ထာဝရဘုရား၏အမိန့်တော်ကိုနာခံ လျက် ခေါင်းမာသောသဘောကိုပယ်ရှားကြ လော့။-
သူတို့သည်ခေါင်းမာ၍ပုန်ကန်တတ်သော သဘောရှိကြောင်းကိုငါသိ၏။ သူတို့သည် ငါမသေခင်ကပင်ထာဝရဘုရားအား ပုန်ကန်ခဲ့လျှင် ငါသေလွန်ပြီးနောက်သာ ၍ပုန်ကန်ကြဦးမည်။-