ယုဒသည်သားကောင်ကိုသတ်၍ သားရဲတွင်းသို့ပြန်လာသောခြင်္သေ့ကဲ့သို့ ကိုယ်ကိုစန့်လျက်ဝပ်လျက်ရှိ၏။ မည်သူကမျှသူ့အားမနှောင့်ယှက်ဝံ့။
ယေဇကျေလ 19:5 - Common Language Bible ခြင်္သေ့မသည်မိမိ၏မျှော်လင့်ချက်များမရှိ တော့ဘဲ မျှော်မှန်းချက်များကုန်ဆုံးသည်ကို သိမြင်သောအခါ အခြားသားငယ်တစ်ကောင်ကိုကြီးပြင်းအောင် ကျွေးမွေးစောင့်ရှောက်ပြန်၏။ ထိုသားငယ်သည်လည်း ကြောက်မက်ဖွယ်ကောင်းသောခြင်္သေ့ ဖြစ်လာလေသည်။ Garrad Bible ခြင်္သေ့ မ သည်၊ စောင့် မြော် ရာ အ ကြောင်း နှောင့် နှေး ပျက် စီး သည် ကို သိ မြင် သ ဖြင့်၊ သား ငယ် တစ် ကောင် ကို ရွေး ကောက် လျက်၊ Judson Bible သားဆုံးရှုံးကြောင်းကို အမိသည်မြင်၍ စိတ်ပျက်သောအခါ၊ သားတစ်ကောင်ကို ယူပြန်၍ ခြင်္သေ့ပျိုဖြစ်စေခြင်းငှာ ပြုသဖြင့်၊ မြန်မာ့စံမီသမ္မာကျမ်း မျှော်လင့်စောင့်စားခဲ့သောအရာ ပျက်စီးသွားကြောင်း ခြင်္သေ့မ သိမြင်သောအခါ သားပေါက်ထဲမှတစ်ကောင်ကို ရွေးယူ၍ သန်စွမ်းသောခြင်္သေ့ပျိုဖြစ်အောင် ကျွေးမွေးပြန်၏။ |
ယုဒသည်သားကောင်ကိုသတ်၍ သားရဲတွင်းသို့ပြန်လာသောခြင်္သေ့ကဲ့သို့ ကိုယ်ကိုစန့်လျက်ဝပ်လျက်ရှိ၏။ မည်သူကမျှသူ့အားမနှောင့်ယှက်ဝံ့။
အရှင်၏ခမည်းတော်ဒါဝိဒ်နှင့်သူ၏လူတို့ သည်စစ်ရည်ဝသူများဖြစ်သည်ကိုလည်း ကောင်း၊ သူတို့သည်သားငယ်ပျောက်သည့်ဝက် ဝံမကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသည်ကို လည်းကောင်းအရှင်သိတော်မူပါ၏။ အရှင့် ခမည်းတော်သည်အတွေ့အကြုံများသည့် စစ်သည်တော်တစ်ဦးဖြစ်သဖြင့် ညဥ့်အခါ မိမိ၏လူတို့နှင့်အတူအိပ်စက်တော်မမူ တတ်ပါ။-
သားကောင်များဖမ်းသည့်အတတ်ကို သင်ကြားပေးသဖြင့်၊ ခြင်္သေ့ငယ်တစ်ကောင်သည်သန်စွမ်းလာ၍ လူသားစားခြင်္သေ့ဖြစ်လာလေသည်။
လူမျိုးတကာတို့သည်သူ၏အကြောင်းကို ကြားသောအခါ တွင်းဖြင့်ထောင်၍ဖမ်းပြီးလျှင်နှာဖားကြိုး ထိုးလျက် အီဂျစ်ပြည်သို့ဆွဲငင်သွားကြ၏။
သူသည်အရွယ်ရောက်၍သန်စွမ်းသောအခါ၊ အခြားခြင်္သေ့များနှင့်အတူအစာရှာရန် လှည့်လည်လျက်၊ သားကောင်ဖမ်းသည့်အတတ်ကိုသင်ယူ ကာ လူသားစားခြင်္သေ့ဖြစ်လာ၏။