ထာဝရဘုရားသည်ယေရုရှလင်မြို့သားများ နှင့် ယုဒပြည်သူတို့အားလွန်စွာအမျက်ထွက် တော်မူသဖြင့်ရှေ့တော်မှနှင်ထုတ်တော် မူ၏။
ယေဇကျေလ 17:7 - Common Language Bible ``ထိုအရပ်တွင်အခြားလင်းယုန်ငှက်ကြီး တစ်ကောင်ရှိ၏။ သူ၏အတောင်များသည် သန်မာ၍ အမွေးတို့သည်လည်းထူထပ်၏။ စပျစ်ပင်သည်ယခုမိမိတည်ရာဥယျာဉ် မှနေ၍ ရေများကိုပိုရနိုင်လိမ့်မည်ဟု မျှော်လင့်ကာ သူ၏ဘက်သို့အမြစ်များကို ထိုးစေ၍အရွက်များကိုလည်းမျက်နှာ မူစေ၏။- Garrad Bible ၎င်း ပြင်၊ များ ပြား သော အ မွေး၊ ကျယ် ဝန်း သော အ တောင် နှင့် ပြည့် စုံ သော မ ဟာ ရွှေ လင်း တ တစ် ကောင် ရှိ သေး သ ဖြင့်၊ အ ခက် အ လက် ပေါ များ၍၊ Judson Bible အမွေးထူထပ်၍ ကြီးစွာသော အတောင်ရှိသော ရွှေလင်းတကြီးတစ်ကောင်ရှိ၏။ စပျစ်ပင်သည် မိမိစိုက်ရာချောင်းမြောင်းနားမှာ ထိုရွှေလင်းတ၏ကျေးဇူးကြောင့်၊ ရေကိုရအံ့သောငှာ သူရှိရာသို့အမြစ်သွယ်ဝိုက်၍ အကိုင်းလည်း ထိုးလေ၏။ မြန်မာ့စံမီသမ္မာကျမ်း နောက်ထပ် တောင်ပံသန်စွမ်း၍ အမွေးထူသော လင်းယုန်ငှက်ကြီးတစ်ကောင်ရှိ၏။ ထိုစပျစ်ပင်သည် ရေရရှိရန် ထိုလင်းယုန်ငှက်ကြီးရှိရာသို့ မိမိပေါက်ရာအရပ်မှ အမြစ်ကိုရောက်စေ၏၊ အကိုင်းအခက်တို့ကို ဖြာထွက်စေ၏။ |
ထာဝရဘုရားသည်ယေရုရှလင်မြို့သားများ နှင့် ယုဒပြည်သူတို့အားလွန်စွာအမျက်ထွက် တော်မူသဖြင့်ရှေ့တော်မှနှင်ထုတ်တော် မူ၏။
သူတို့၏လက်အောက်တွင်မင်းကြီး၏ရန်သူ များကို ရဲစွမ်းသတ္တိနှင့်တိုက်ခိုက်နိုင်သော တပ်သားသုံးသိန်းခုနစ်ထောင့်ငါးရာရှိ၏။-
သို့သော်လည်းယုဒဘုရင်သည်ပုန်ကန်ထ ကြွလျက် မြင်းနှင့်စစ်သည်အမြောက်အမြား ကိုစစ်ကူရရှိရန် အီဂျစ်ပြည်သို့သံတမန် များကိုစေလွှတ်လေသည်။ သူ၏အကြံထ မြောက်သလော။ ဘေးလွတ်မည်လော။ ငြိမ်း ချမ်းရေးစာချုပ်ကိုချိုးဖောက်ပြီးနောက် အပြစ်ပေးခြင်းကိုမခံရဘဲနေမည် လော။
အပင်ငယ်သည်ရွက်နုများထွက်လာကာနိမ့် နိမ့်နှင့်အကိုင်းအခက်များဖြာ၍ထွက်လာ သောစပျစ်နွယ်ပင်ဖြစ်လာလေသည်။ ထို အပင်၏အကိုင်းအခက်တို့သည်လင်းယုန် ငှက်ရှိရာသို့တက်လျက်အမြစ်များသည် လည်းအောက်သို့နက်စွာဆင်းသွားကြ၏။ စပျစ်ပင်သည်အကိုင်းအခက်တို့ဖြင့် ဝေဆာလျက်နေ၏။
သို့သော်အရွက်အသီးများဖြင့်လှပဝေ ဆာသောစပျစ်ပင်ဖြစ်လာစေရန် ယင်းကို ရေအလုံအလောက်ရှိသည့်မြေကောင်း မြေသန့်၌စိုက်ပျိုးထားခဲ့ပြီးဖြစ်သည်။
ရေကိုကောင်းစွာရရှိသဖြင့်အပင်ကြီး ထွားလာနိုင်၏။ မြေအောက်စမ်းများမှလည်းရေကိုရရှိ၏။ ထိုမြစ်တို့သည်အာရစ်ပင်ပေါက်ရာအရပ်သို့ စီးပြီးလျှင် သစ်တောထဲရှိအခြားသောအပင်များသို့ ချောင်းများဖြင့်ရေကိုပို့ဆောင်ပေး၏။