``ငါထာဝရဘုရား၊ ယခုမိန့်ကြားနေသည်။ ငါသည်သင့်အားကြွယ်ဝစွာကောင်းချီးပေး မည်။ သင်၏တစ်ယောက်တည်းသောသားကိုငါ တောင်းသည့်အတိုင်းငြင်းဆန်ခြင်းမပြုဘဲ ပူဇော်သည့်အမှုကြောင့်၊-
ယေဇကျေလ 16:8 - Common Language Bible ``နောက်တစ်ဖန်ငါသည်သင်၏အနီးဖြတ်သန်း လာပြန်၏။ ထိုအခါသင်သည်ချစ်စိတ်ဝင်ရန် အရွယ်ရောက်ပြီဖြစ်ကြောင်းကိုငါတွေ့ရှိသ ဖြင့် ငါသည်အဝတ်ချည်းစည်းရှိသောသင်၏ ကိုယ်ကိုငါ၏အဝတ်ဖြင့်ဖုံးလွှမ်းပေးကာသင့် အားချစ်ပါမည်ဟုကတိထားပြီးလျှင် သင် နှင့်ပဋိညာဉ်ပြုသဖြင့်သင်သည်ငါ၏ ဇနီးဖြစ်လာ၏'' ဟူ၍တည်း။ ဤကားအရှင် ထာဝရဘုရားမိန့်တော်မူသောစကား ဖြစ်၏။ Garrad Bible တစ် ဖန်၊ ငါ သည် သွား၍ ရှု ကြည့် သော်၊ စုံ မက် ဖွယ် အ ရွယ် ရောက် သည် ကို မြင်၍၊ စောင် မြိတ် ဖြင့် သင့် ကို ခြုံ လွှမ်း ပြီး လျှင်၊ ပ ဋိ ညာဉ် ပြု၍ သ စ္စာ မူ သည့် အ လျောက်၊ သင့် ကာ မ ပိုင် ဖြစ် သည် ဟု၊ အ ရှင် ထာ ဝ ရ ဘု ရား မိန့် တော် မူ ကြောင်း၊ Judson Bible တစ်ဖန် ငါသည်လျှောက်သွား၍ သင့်ကိုမြင်သောအခါ၊ သင်၌ ချစ်လိုဖွယ်သော အချိန်အရွယ်ရှိသောကြောင့်၊ ငါသည် ကိုယ်အဝတ်စွန်းကို ဖြန့်၍၊ သင်၌ အချည်းစည်းရှိခြင်းကို ဖုံးအုပ်၏။ ကျိန်ဆိုခြင်းကိုလည်း ပြု၍၊ သင်နှင့် ပဋိညာဉ်ဖွဲ့သဖြင့်၊ သင်သည် ငါ၏ခင်ပွန်း ဖြစ်လေ၏။ မြန်မာ့စံမီသမ္မာကျမ်း သင့်အနားမှဖြတ်သွား၍ကြည့်သော် သင်သည် အိမ်ထောင်ပြုရမည့်အရွယ်သို့ ရောက်လေပြီ။ ထို့ကြောင့် အဝတ်မပါအချည်းစည်းဖြစ်နေသောသင့်ကို ငါ့ဝတ်လုံစွန်းဖြင့် ဖုံးအုပ်ပေး၏။ သင်နှင့်သစ္စာဆို၍ ပဋိညာဉ်ဖွဲ့၏။ ထို့ကြောင့် သင့်ကို ငါပိုင်ဆိုင်လေပြီ’ဟု ဘုရားရှင်ထာဝရဘုရားမိန့်တော်မူ၏။ |
``ငါထာဝရဘုရား၊ ယခုမိန့်ကြားနေသည်။ ငါသည်သင့်အားကြွယ်ဝစွာကောင်းချီးပေး မည်။ သင်၏တစ်ယောက်တည်းသောသားကိုငါ တောင်းသည့်အတိုင်းငြင်းဆန်ခြင်းမပြုဘဲ ပူဇော်သည့်အမှုကြောင့်၊-
ထိုသူအပေါင်းတို့သည်ကြောက်ရွံ့ထိတ်လန့် ကြ၏။ အို ထာဝရဘုရား၊ကိုယ်တော်၏လက်ရုံးတော်၊ တန်ခိုးတော်ကြောင့် ကျွန်ဘဝမှကိုယ်တော်လွတ်မြောက်စေတော် မူသော ကိုယ်တော်၏လူမျိုးတော်ဖြတ်သွားစဉ်သူတို့ သည် ကြောက်ရွံ့၍ကြက်သေသေလျက်နေကြပါ၏။
ကိုယ်တော်၏ကျွန်အာဗြဟံ၊ ဣဇာက်နှင့် ယာကုပ်တို့ကိုအောက်မေ့သတိရတော်မူ ပါ။ ကိုယ်တော်သည်သူတို့၏အဆက်အနွယ် တို့ကိုမိုးကောင်းကင်ကြယ်များကဲ့သို့ ပွား များစေမည်ဖြစ်ကြောင်းနှင့်ကိုယ်တော်ရှင် ကတိထားတော်မူသော ထိုပြည်အားလုံး ကိုသူတို့၏အဆက်အနွယ်တို့အား ထာဝစဉ်ပိုင်ဆိုင်ရန်ပေးမည်ဖြစ်ကြောင်း ကိုသတိရတော်မူပါ။-''
အို ဣသရေအမျိုးသားတို့၊ သင်တို့ကိုဖန်ဆင်းတော်မူသောထာဝရ ဘုရားက ``မကြောက်ကြနှင့်။ သင်တို့ကိုငါကွယ်ကာ စောင့်ရှောက်မည်။ သင်တို့အားနာမည်တပ်၍ငါခေါ်ယူပြီ။ သင်တို့ကိုငါပိုင်၏။
သင်တို့သည်ငါ့အဖို့အလွန်အဖိုးတန်သူများ ဖြစ်ပြီး ငါချစ်မြတ်နိုး၍ဂုဏ်ပြုချီးမြှင့်သူများဖြစ် သဖြင့် ငါသည်သင်တို့၏အသက်ကိုကယ်ရန် လူမျိုးစုတို့ကိုစွန့်လွှတ်မည်။
ငါသည်သူတို့ထံသို့ရပ်ဝေးမှကြွရောက် လာခဲ့ပေသည်။ အို ဣသရေလပြည်သားတို့၊ ငါသည်သင်တို့ကိုထာဝစဉ်ချစ်တော်မူ သည်ဖြစ်၍ မိမိ၏ခိုင်မြဲသောမေတ္တာတော် ကိုဆက်လက်၍ပြခဲ့၏။-
ထိုပဋိညာဉ်သည်သူတို့၏ဘိုးဘေးများ အားအီဂျစ်ပြည်မှထုတ်ဆောင်လာစဉ်အခါ က သူတို့နှင့်ငါဖွဲ့ခဲ့သည့်ပဋိညာဉ်နှင့်တူ လိမ့်မည်မဟုတ်။ ငါသည်သူတို့၏ခင်ပွန်း သဖွယ်ဖြစ်သော်လည်း သူတို့သည်မိမိတို့ နှင့်ငါပြုခဲ့သည့်ပဋိညာဉ်ကိုမစောင့်ထိန်း ခဲ့ကြ။-
``ထိုနောက်ငါသည်သင်၏အနီးမှဖြတ် သွားစဉ်သွေးထဲ၌ သင်လူးလျက်နေသည် ကိုမြင်ရ၏။ သင်သည်သွေးအလူးလူး နှင့်ဖြစ်နေစေကာမူငါသည်သင့်အား အသက်မသေစေခဲ့။-
ထာဝရဘုရားက၊ ``ဣသရေလငယ်စဉ်ကငါသည်သူ့ကိုချစ်၍၊ ငါသည်သူ့ကိုသားအဖြစ်နှင့်အီဂျစ်ပြည်မှ ခေါ်ဆောင်ခဲ့၏။
သူ၏စပျစ်ခြံများကိုလည်းပြန်လည်ရှင် သန်စေ၍ အာခေါ်ဟူသောဒုက္ခချိုင့်ဝှမ်းကို မျှော်လင့်ရာတံခါးဖြစ်စေမည်။ သူသည် အသက်အရွယ်ငယ်စဉ်အီဂျစ်ပြည်မှထွက် လာသောအခါကကဲ့သို့ ငါ့အားမေတ္တာတုံ့ ပြန်လိမ့်မည်။-
သူသည်ချစ်သူတို့နောက်သို့ပြေးလိုက်သော် လည်းမီမည်မဟုတ်၊ ရှာသော်လည်းတွေ့မည် မဟုတ်၊ ထိုအခါသူက``ငါသည်ခင်ပွန်း ဟောင်းထံသို့ပြန်မည်။ ငါသည်ခင်ပွန်းသစ် နှင့်ပေါင်းသင်းနေထိုင်ရသည်ထက် ခင်ပွန်း ဟောင်းနှင့်ပေါင်းသင်းနေထိုင်ရသည်က ပို၍ကောင်းသည်'' ဟုဆိုလိမ့်မည်။
ထာဝရဘုရားကမိမိ၏လူမျိုးတော် အား``ငါသည်သင်တို့အားအစဉ်အမြဲ ချစ်မြတ်နိုးပါ၏'' ဟုမိန့်တော်မူသော် လည်း၊ သူတို့က``ကျွန်တော်မျိုးအတွက်မေတ္တာတော် ကိုအဘယ်သို့ကိုယ်တော်ရှင်ပြတော်မူခဲ့ ပါသနည်း'' ဟုမေးလျှောက်ကြ၏။ ထာဝရဘုရားကလည်း``ဧသောနှင့် ယာကုပ်သည်ညီအစ်ကိုတော်သော်လည်း ငါ သည်ယာကုပ်နှင့်သားမြေးများကိုချစ်၍၊-
သို့ရာတွင်ငါတို့သည်အပြစ်ကူးလျက်ရှိနေ ကြစဉ်ပင် ခရစ်တော်သည်ငါတို့အတွက်အသေ ခံတော်မူ၏။ ဤနည်းအားဖြင့်ဘုရားသခင်သည် ငါတို့အားအဘယ်မျှချစ်တော်မူကြောင်းကို ထင်ရှားစွာပြတော်မူ၏။-
ထာဝရဘုရားသည် သနားကြင်နာတတ် သောဘုရားဖြစ်၏။ သင်တို့ကိုစွန့်ပစ်ဖျက် ဆီးတော်မူမည်မဟုတ်။ သင်တို့၏ဘိုးဘေး တို့နှင့်ကိုယ်တော်တိုင်ပြုတော်မူသောပဋိ ညာဉ်ကိုလည်းမေ့တော်မူမည်မဟုတ်။''
``သင်သည်အဘယ်သူနည်း'' ဟုမေး၏။ ရုသကလည်း``အရှင်၊ ကျွန်မသည်ရုသဖြစ် ပါသည်။ အရှင်သည်ကျွန်မနှင့်ဆွေမျိုးတော် စပ်သူဖြစ်၍ ကျွန်မအားကြည့်ရှုစောင့်ရှောက် ရန်တာဝန်ရှိသူဖြစ်ပါ၏။ ထို့ကြောင့်ကျွန်မ အားထိမ်းမြားလက်ထပ်တော်မူပါ'' ဟုပြန် ပြောလေ၏။
ထာဝရဘုရားသည်သင်တို့အား မိမိ၏လူမျိုး တော်အဖြစ်ဖြင့်ခန့်ထားတော်မူပြီးဖြစ်၏။ ထို့ ကြောင့်ကိုယ်တော်သည်နာမတော်ကိုထောက်၍ သင်တို့အားစွန့်ပစ်တော်မူလိမ့်မည်မဟုတ်။-