``ရှမာရိမြို့သည်သင်ပြုခဲ့သည့်ဒုစရိုက်၏ ထက်ဝက်ကိုပင်မပြု။ သင်သည်သူပြုသမျှ သောအမှုအပေါင်းတို့ထက် ပို၍စက်ဆုပ်ဖွယ် ကောင်းသည့်အမှုကိုပြုလေပြီ။ သင်သည်စက် ဆုပ်ရွံရှာဖွယ်ကောင်းလှသဖြင့် သင့်ညီအစ်မ တို့ကားသင်နှင့်စာသော်အပြစ်မဲ့သူများဟု ပင်ထင်မှတ်ရ၏။-
ရှ မာ ရိ လည်း သင့် ပြစ် မှု ထက် ဝက် မျှ မ ပြု ချေ။ သင် သည် ချင်း တို့ ထက် မြောက် မြား စွာ ရွံ ရှာ ဖွယ် ပြု သ ဖြင့်၊ ညီ အစ် မ တို့ ကို ဖြောင့် မတ် ရာ ရောက် စေ ပြီ တ ကား။
ရှမာရိသည်လည်း၊ သင်ပြုမိသော ဒုစရိုက်တစ်ဝက်ကိုမျှမပြုမိ။ သင်မူကား၊ ညီအစ်မတို့၏အပြစ်ကို မထင်ရှားစေသည်တိုင်အောင်၊ စက်ဆုပ်ရွံရှာဖွယ်သော အမှုတို့ကို သူတို့ထက်မက များပြားစွာပြုလေပြီတကား။
ရှမာရိ၏အပြစ်သည် သင်ပြုသောအပြစ်၏တစ်ဝက်မျှလောက်ပင်မရှိ။ သင်သည် သူတို့ထက် စက်ဆုပ်ရွံရှာဖွယ်အပြစ်များစွာကို ပြုလေပြီ။ သင်ပြုသောစက်ဆုပ်ရွံရှာဖွယ်များလွန်းသဖြင့် သင့်အစ်မသည် ဖြောင့်မတ်သည်ဟုပင် ထင်ရလေပြီ။
သင်သည်သူတို့၏ခြေရာကိုနင်းလျက်စက် ဆုပ်ဖွယ်ရာအကျင့်များကိုပြုကျင့်ရုံဖြင့် ကျေနပ်ပါသလော။ မကျေနပ်။ အချိန်အနည်း ငယ်အတွင်းသင်သည်သူတို့ပြုသမျှသော အမှုအပေါင်းတို့ထက်ပိုမိုဆိုးရွားသော အမှုကိုပြုကျင့်ခဲ့၏။-
``အဟောလိဗသည်ဤအဖြစ်အပျက်ကို တွေ့မြင်၏။ သို့ရာတွင်သူသည်အဟောလ ထက်ပင် ပိုမိုဆိုးရွားသောပြည့်တန်ဆာ ဖြစ်လာ၏။-