ထာဝရဘုရားကသူ့အား ``သင်၏အမျိုး အနွယ်တို့သည် သူတစ်ပါး၏နိုင်ငံ၌သူစိမ်း တစ်ရံဆံအဖြစ်နေထိုင်ရကြမည်။ ထိုအရပ် တွင်သူတို့သည်နှစ်ပေါင်းလေးရာကျွန်အဖြစ် ဖြင့်နှိပ်စက်ညှင်းဆဲခြင်းကိုခံရကြမည်။-
ယေဇကျေလ 16:4 - Common Language Bible သင်မွေးဖွားသောအခါအဘယ်သူမျှ သင်၏ချက်ကြိုးကိုမဖြတ်၊ သင့်အားရေ မချိုးပေး။ ဆားနှင့်လည်းမလူး။ အနှီး နှင့်လည်းမပတ်ကြ။- Garrad Bible ထို အ ခြင်း အ ရာ များ ကို ဆို သော်၊ သင် သည် ဖွား မြင် ရာ နေ့၌၊ ချက် ကြိုး ဖြတ် ခြင်း၊ စင် ကြယ် အောင် ရေ ချိုး ခြင်း၊ ဆား လူး ခြင်း၊ အ နှီး ပတ် ခြင်း များ ကို၊ မ ခံ ရ ချေ။ Judson Bible သင့်ကို ဖွားခြင်းအကြောင်းအရာဟူမူကား၊ ဖွားသောနေ့၌ ချက်ကြိုးကိုမဖြတ်၊ သန့်ရှင်းစေခြင်းငှာ ရေမချိုး၊ ဆားနှင့်မလူး၊ အဝတ်နှင့် မပတ်ရစ်၊ မြန်မာ့စံမီသမ္မာကျမ်း သင်မွေးဖွားခြင်းအကြောင်းကိုဆိုရလျှင် သင်မွေးသောနေ့၌ သင့်ကို ချက်ကြိုးမဖြတ်ပေး၊ ရေချိုးသန့်စင်မပေး၊ ဆားမလူးပေး၊ အနှီးဖြင့် မပတ်ရစ်ပေး။ |
ထာဝရဘုရားကသူ့အား ``သင်၏အမျိုး အနွယ်တို့သည် သူတစ်ပါး၏နိုင်ငံ၌သူစိမ်း တစ်ရံဆံအဖြစ်နေထိုင်ရကြမည်။ ထိုအရပ် တွင်သူတို့သည်နှစ်ပေါင်းလေးရာကျွန်အဖြစ် ဖြင့်နှိပ်စက်ညှင်းဆဲခြင်းကိုခံရကြမည်။-
အို ထာဝရဘုရားကြည့်တော်မူပါ။ ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးတို့အား အဘယ်ကြောင့်ဤမျှဒဏ်ခတ်တော်မူသနည်း။ အမျိုးသမီးတို့သည်မိမိတို့ချစ်မြတ်နိုးသည့် သားသမီးများ၏အသားကိုစားနေကြပါ၏။ ယဇ်ပုရောဟိတ်များနှင့်ပရောဖက်များသည်လည်း ဗိမာန်တော်အတွင်း၌ပင် အသတ်ခံလျက်နေရကြပါ၏။
ကိုယ်တော်ရှင်သည်ရန်သူများကိုကျွန်တော်မျိုး၏ ပတ်လည်တွင်ကြောက်မက်ဖွယ်သောပျော်ပွဲသဘင် ဆင်ယင်ရန်ဖိတ်ခေါ်တော်မူပါ၏။ ကိုယ်တော်ရှင်အမျက်ထွက်တော်မူရာ ထိုနေ့ရက်ကာလ၌အဘယ်သူမျှချမ်းသာရာ ရလိမ့်မည်မဟုတ်ပါ။ သူတို့သည်ကျွန်တော်မျိုးချစ်မြတ်နိုး၍ ကျွေးမွေးပြုစုခဲ့သည့်သားသမီးများကို သတ်ဖြတ်ကြပါ၏။
ထိုမြို့အားအရှင်ထာဝရဘုရား မိန့်တော်မူ သည်ကား ``သင်၏မျိုးရိုးစဉ်ဆက်သည်ခါနာန်ပြည်တွင် မွေးဖွား၍ သင်၏အဖသည်အာမောရိအမျိုး သား၊ သင်၏အမိမှာဟိတ္တိအမျိုးသမီး ဖြစ်၏။-
သို့ရာတွင်သူတို့သည်တောကန္တာရ၌ပင် ငါ့ကိုအာခံကြ၏။ ငါ၏အမိန့်တော်တို့ ကိုလိုက်နာသူမှန်သမျှသည်အသက်ရှင် ခွင့်ရမည်ဖြစ်သော်လည်းသူတို့သည်ငါ ၏ပညတ်တော်တို့ကိုချိုးဖောက်၍ငါ၏ အမိန့်တော်တို့ကိုပစ်ပယ်ကြ၏။ ဥပုသ်နေ့ ကိုလည်းအလျှင်းမရိုသေ။ သို့ဖြစ်၍ငါ သည်သူတို့အားတောကန္တာရတွင်ငါ၏ အမျက်တော်သွန်းလောင်းခြင်းဒဏ်ကိုခံ စေ၍ သုတ်သင်ဖျက်ဆီးပစ်ရန်အကြံရှိ ခဲ့၏။-
သူတို့သည်ငါ့အားအာခံကာငါ၏စကား ကိုနားမထောင်ဘဲနေကြ၏။ သူတို့သည်မိမိ တို့မြတ်နိုးသည့်စက်ဆုပ်ဖွယ်ကောင်းသောရုပ် တုများနှင့် အီဂျစ်ဘုရားများကိုမစွန့်ကြ။ ငါသည်သူတို့အားအီဂျစ်ပြည်တွင်ငါ၏ အမျက်ဒေါသကိုသူတို့အပေါ်သို့သွန်း လောင်း၍ အမျက်တော်ဒဏ်ကိုအပြည့် အဝခံကြစေရန်အကြံရှိခဲ့၏။-
ထိုအကျင့်များကိုမစွန့်လျှင်ငါသည်သူ၏ အဝတ်ကိုချွတ်၍ သူမွေးသည့်နေ့ကကဲ့သို့ အဝတ်အချည်းစည်းရှိစေမည်၊ သူ့အားသွေ့ ခြောက်၍အသုံးမကျသောလွင်ပြင်ကဲ့သို့ ဖြစ်စေသဖြင့် သူသည်ရေငတ်၍အသက် ဆုံးရလိမ့်မည်။-
သူတို့မိခင်သည်သစ္စာမဲ့လျက်သူတို့အား အရှက်မဲ့စွာမွေးဖွားခဲ့၏။ သူကိုယ်တိုင် က``ငါ့အားစားစရာအစာရေစာ၊ သိုး မွေး၊ ချည်နှင့်သံလွင်ဆီ၊ စပျစ်ရည်ကို ပေးသောချစ်သူတို့နောက်သို့ငါလိုက် မည်'' ဟုဆို၏။
နို့စို့သူငယ်တစ်ဦးကိုအနှီးဖြင့်ပတ်လျက် နွားစားခွက်တွင်သိပ်ထားသည်ကိုသင်တို့ တွေ့မြင်ကြလိမ့်မည်။ ဤအခြင်းအရာကို တွေ့မြင်သော်သူငယ်တော်ဖြစ်ကြောင်းသိရှိ နိုင်ကြလိမ့်မည်'' ဟုဆို၏။
ဧည့်ရိပ်သာတွင်သူတို့တည်းခိုရန်နေရာမရှိ သောကြောင့် သူငယ်တော်ကိုအနှီးဖြင့်ပတ်၍ နွားစားခွက်တွင်သိပ်ထားကြ၏။
သင်တို့သည်အီဂျစ်ပြည်တွင်ကျွန်ခံရာမှ သင် တို့၏ဘုရားသခင်ထာဝရဘုရားသည် သင် တို့အားလွတ်မြောက်စေခဲ့ကြောင်းကိုသတိ ရကြလော့။ ထိုအကြောင်းကြောင့် ငါသည် ယခုဤပညတ်ကိုသင်တို့အားပေး၏။''
``ထာဝရဘုရားက၊`ငါသည်သင်တို့ကို ကျွန်ခံရာအီဂျစ်ပြည်မှထုတ်ဆောင်ခဲ့သော သင်တို့၏ဘုရားသခင်ထာဝရဘုရား ဖြစ်တော်မူ၏။'
ထိုအခါယောရှုသည်လူအပေါင်းတို့အား``ဣသ ရေလအမျိုးသားတို့၏ဘုရားသခင်ထာဝရ ဘုရားကဤသို့မိန့်တော်မူသည်။ `ရှေးအခါက သင်တို့၏ဘိုးဘေးများဖြစ်ကြသောတေရ၊ သူ၏သားအာဗြဟံနှင့်နာခေါ်တို့သည် ဥဖရတ်မြစ်တစ်ဘက်တွင်နေထိုင်၍အခြား သောဘုရားများကိုကိုးကွယ်ကြ၏။-