မြည်တမ်းစကား 2:22 - Common Language Bible22 ကိုယ်တော်ရှင်သည်ရန်သူများကိုကျွန်တော်မျိုး၏ ပတ်လည်တွင်ကြောက်မက်ဖွယ်သောပျော်ပွဲသဘင် ဆင်ယင်ရန်ဖိတ်ခေါ်တော်မူပါ၏။ ကိုယ်တော်ရှင်အမျက်ထွက်တော်မူရာ ထိုနေ့ရက်ကာလ၌အဘယ်သူမျှချမ်းသာရာ ရလိမ့်မည်မဟုတ်ပါ။ သူတို့သည်ကျွန်တော်မျိုးချစ်မြတ်နိုး၍ ကျွေးမွေးပြုစုခဲ့သည့်သားသမီးများကို သတ်ဖြတ်ကြပါ၏။ အခန်းကိုကြည့်ပါ။Garrad Bible22 ကိုယ် တော် သည်၊ အ ဘက် ဘက် က ကြောက် လန့် ဖွယ် ရာ ဘေး များ ကို၊ ပွဲ သ ဘင် နေ့ ဖိတ် သ ကဲ့ သို့၊ ခေါ် တော် မူ သည့် အ တိုင်း၊ ထာ ဝ ရ ဘု ရား အ မျက် တော် ထား ရာ နေ့၌၊ ဘေး လွတ်၍ ကြွင်း ကြံ သူ တစ် ဦး မျှ မ ရှိ ချေ။ အ ကျွန်ုပ် ချီ ပွေ့ ကျွေး မွေး သော သူ ငယ် တို့ ကို ပင်၊ ရန် သူ တို့ ကုန် ဆုံး စေ ကြ ပြီ တ ကား။ အခန်းကိုကြည့်ပါ။Judson Bible22 ပွဲသဘင်နေ့၌ လူတို့ကိုခေါ်ဖိတ်သကဲ့သို့၊ အကျွန်ုပ်ပတ်လည်၌ ကြောက်မက်ဖွယ်သော အရာတို့ကို ခေါ်ဖိတ်တော်မူပြီ။ ထာဝရဘုရားအမျက်တော်ထွက်သောနေ့၌ အဘယ်သူမျှမလွတ်၊ မကျန်ကြွင်းရပါ။ အကျွန်ုပ် ချီပိုက်ကျွေးမွေးသော သူတို့ကို အကျွန်ုပ်၏ရန်သူသည် ဖျက်ဆီးပါပြီ။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း22 ပွဲတော်နေ့၌ လူတို့ကိုဖိတ်ခေါ်သကဲ့သို့ ကြောက်လန့်ဖွယ်ရာတို့ကို အဘက်ဘက်မှ ကိုယ်တော်ဖိတ်ခေါ်တော်မူပြီ။ ထာဝရဘုရားအမျက်ထွက်တော်မူသောနေ့၌ လွတ်မြောက်သောသူ၊ အသက်ရှင်ကျန်ရစ်သောသူတစ်ယောက်မျှမရှိ။ အကျွန်ုပ်ချီပိုက်၍ကျွေးမွေးစောင့်ရှောက်သောသူတို့ကို ရန်သူတို့ အကုန်အစင်ဖျက်ဆီးလေပြီ။ အခန်းကိုကြည့်ပါ။ |
သို့ရာတွင်ထာဝရဘုရားက``ငါမြင်ရ သည်ကား အဘယ်သို့နည်း။ သူတို့သည်ကြောက်လန့်၍နောက်သို့ဆုတ်ခွာ နေကြ၏။ သူတို့၏စစ်သူရဲများသည်အရေးရှုံးနိမ့်ကြ လေပြီ။ သူတို့သည်ကြောက်အားကြီး၍၊ နောက်သို့လှည့်မကြည့်ဘဲအစွမ်းကုန်လျင် မြန်စွာ ပြေးကြလေကုန်၏'' ဟုမိန့်တော်မူ၏။
``သို့ဖြစ်၍ဣသရေလအမျိုးသားတို့၏ ဘုရားသခင်အနန္တတန်ခိုးရှင်ငါထာဝရ ဘုရားက သင်တို့သည်အဘယ်ကြောင့်မိမိ တို့အပေါ်သို့ဤသို့သောဘေးအန္တရာယ်ဆိုး သက်ရောက်အောင် ဆိုးညစ်သောအမှုကိုပြု ကြသနည်း။ သင်တို့သည်မိမိတို့အမျိုး ပြုတ်စေရန်အမျိုးသား၊ အမျိုးသမီး၊ ကလေးသူငယ်နှင့်နို့စို့အရွယ်တို့အား ဆုံးပါးပျက်စီးစေလိုကြသလော။-
ထာဝရဘုရားသည်ဗာဗုလုန်ဘုရင်ကိုခေါ် ဆောင်တော်မူခဲ့၏။ ထိုဘုရင်သည်လည်းယုဒ လူငယ်လူရွယ်များကိုဗိမာန်တော်ထဲ၌ပင် သတ်ဖြတ်လေသည်။ ဘုရားသခင်သည်အသက် ကြီးသူ၊ ငယ်သူ၊ ယောကျာ်းမိန်းမ၊ ဖျားနာသူ၊ ကျန်းမာသူတို့ကိုမသနားဘဲရှိရှိသမျှ သောသူတို့ကိုဗာဗုလုန်ဘုရင်၏လက်သို့ အပ်တော်မူ၏။-
အို ထာဝရဘုရား၊ကိုယ်တော်ရှင်သည်ယုဒ ပြည်ကို အပြီးအပိုင်ပစ်ပယ်တော်မူပါပြီလော။ ဇိအုန်မြို့သားတို့အားမုန်းတီးရွံရှာတော် မူပါသလော။ ကျွန်တော်မျိုးတို့၏အနာကိုကုသ၍ မရနိုင်သည့်တိုင်အောင် အဘယ်ကြောင့်ကိုယ်တော်ရှင်သည် ကျွန်တော်မျိုးတို့အား၊ဤမျှပြင်းထန်စွာ ထိခိုက်ဒဏ်ရာရစေတော်မူပါသနည်း။ ကျွန်တော်မျိုးတို့သည်ငြိမ်းချမ်းသာယာမှုကို စောင့်မျှော်ကြသော်လည်းအချည်းနှီးသာ ဖြစ်ပါ၏။ အနာပျောက်လိမ့်မည်ဟုမျှော်လင့်ကြသော်လည်း ထိတ်လန့်၍သာလာရကြပါ၏။
စစ်မက်အန္တရာယ်၊ အစာငတ်မွတ်ခေါင်းပါး ခြင်းဘေးနှင့်အနာရောဂါဘေးဖြင့်မသေ ဘဲ ကျန်ရှိနေသူယုဒဘုရင်ဇေဒကိ၊ သူ၏ မှူးမတ်များနှင့်ပြည်သူတို့ကိုမူကား မိမိ တို့ကိုသတ်လိုသူရန်သူများနှင့်နေဗုခဒ် နေဇာ၏လက်တွင်အဖမ်းခံရစေမည်။ နေ ဗုခဒ်နေဇာသည်လည်းသူတို့အားကွပ်မျက် စေလိမ့်မည်။ အဘယ်သူကိုမျှအသက်ချမ်း သာပေးလိမ့်မည်မဟုတ်။ အဘယ်သူကိုမျှ သနားကရုဏာပြလိမ့်မည်မဟုတ်။ ဤ ကားငါထာဝရဘုရားမြွက်ဟသည့် စကားဖြစ်၏'' ဟုမိန့်တော်မူ၏။