သုံးလခန့်ကြာလေသော်တစ်စုံတစ်ယောက်က ယုဒအား``သင်၏ချွေးမတာမာသည်ယောကျာ်း တစ်ဦးဦးနှင့်ဖောက်ပြန်သဖြင့် ယခုကိုယ်ဝန် ဆောင်လျက်ရှိလေပြီ'' ဟုပြောလေ၏။ ယုဒက``သူ့ကိုအပြင်သို့ထုတ်၍မီးရှို့ သတ်စေ'' ဟုစီရင်လေ၏။
ယေဇကျေလ 16:34 - Common Language Bible သင်သည်ထူးခြားသောပြည့်တန်ဆာဖြစ်၏။ အဘယ်သူမျှသင့်အားအခကြေးငွေပေး၍ ပြည့်တန်ဆာလုပ်စေသည်မဟုတ်။ သင်သည် အခကြေးငွေလည်းမရ။ သင်ကသာလျှင် ပေး၏။ သင်သည်အကယ်ပင်ထူးပါပေ သည်'' ဟူ၍တည်း။ Garrad Bible တစ် ပါး သော ပြည့် တန် ဆာ မ တို့ နှင့် သင် ခြား နား သည် တ ကား။ မှား ယွင်း ရန် လိုက် ရှာ သူ မ ရှိ ဘဲ မှား ယွင်း ခြင်း၊ အ ခ မ ယူ ဘဲ အ ခ ပေး တတ် ခြင်း များ ဖြင့် ခြား နား သည် ဟု အ ရှင် ထာ ဝ ရ ဘု ရား မိန့် တော် မူ ကြောင်း၊ Judson Bible သို့ဖြစ်၍၊ သင်သည် အခြားသော ပြည့်တန်ဆာတို့နှင့် ခြားနားစွာပြုတတ်၏။ သင်ပြုသကဲ့သို့ အဘယ်သူမျှ မတရားသောမေထုန်ကို မပြုတတ်။ သင်သည် အခကိုမခံ၊ သူတစ်ပါးတို့အားပေးသောကြောင့် အခြားသော မိန်းမတို့နှင့် ခြားနား၏။ မြန်မာ့စံမီသမ္မာကျမ်း သင်သည် ပြည့်တန်ဆာအလုပ်လုပ်ရာ၌ အခြားမိန်းမတို့နှင့်မတူ။ သင်နှင့်ဖောက်ပြန်မှားယွင်းဖို့ မည်သူမျှတောင်းဆိုစရာမလို။ သင်က အဖိုးအခမယူ၊ အဖိုးအခကိုပေးသူဖြစ်၍ အခြားမိန်းမတို့နှင့်ခြားနား၏’ဟု ဘုရားရှင်ထာဝရဘုရားမိန့်တော်မူ၏။ |
သုံးလခန့်ကြာလေသော်တစ်စုံတစ်ယောက်က ယုဒအား``သင်၏ချွေးမတာမာသည်ယောကျာ်း တစ်ဦးဦးနှင့်ဖောက်ပြန်သဖြင့် ယခုကိုယ်ဝန် ဆောင်လျက်ရှိလေပြီ'' ဟုပြောလေ၏။ ယုဒက``သူ့ကိုအပြင်သို့ထုတ်၍မီးရှို့ သတ်စေ'' ဟုစီရင်လေ၏။
ယောသပ်သည်ကိုယ်လုံးကိုယ်ပေါက်ကောင်း၍ လူ ချောလူလှတစ်ယောက်ဖြစ်ရကားကာလအတန် ကြာသောအခါ သူ့သခင်မသည်ယောသပ်အား စွဲလန်းလာသဖြင့်သူနှင့်အတူအိပ်ရန်ဖြား ယောင်းလေ၏။-
ပြည့်တန်ဆာအားအခကြေးငွေပေးရ၏။ သင်မူကားချစ်သူတို့ကိုအရပ်တကာမှ လာ၍ သင်နှင့်အိပ်စက်ကြစေရန်လက်ဆောင် များကိုပေးလေသည်။-
သို့ဖြစ်၍အချင်းပြည့်တန်ဆာ၊ ထာဝရ ဘုရားမိန့်တော်မူသည်ကိုနားထောင်လော့။
ဣသရေလပြည်သူတို့သည်ထိန်းချုပ်၍ မရသောမြည်းရိုင်းကဲ့သို့စိတ်ထင်ရာပြု လုပ်တတ်၏။ သူတို့သည်အာရှုရိပြည်သို့ သွား၍အကူအညီတောင်းခံကြ၏။ အခ ကြေးငွေပေး၍အခြားနိုင်ငံ၏ကာကွယ် ပေးမှုကိုခံယူကြ၏။-