ဟာဇေလ၏ဋ္ဌားဘေးမှလွတ်မြောက်သူကို ယေဟုသတ်လိမ့်မည်။ ယေဟုလက်မှလွတ် မြောက်သူကိုဧလိရှဲသတ်လိမ့်မည်။-
ယေဇကျေလ 15:7 - Common Language Bible အပြစ်ဒဏ်ခတ်မည်။ သူတို့သည်မီးဘေး တစ်ခုမှလွတ်မြောက်ခဲ့ကြသော်လည်း ယခု အခါ၌အခြားမီးဘေးတစ်ခုသင့်ကြ လိမ့်မည်။ ထိုသူတို့အပြစ်ဒဏ်ခံရကြ သောအခါ ငါသည်ထာဝရဘုရားဖြစ် တော်မူကြောင်းသင်တို့သိရှိကြလိမ့်မည်။- Garrad Bible ထွက် ခဲ့ ကြ သော် လည်း၊ မျက် နှာ ထား သည့် အ လျောက်၊ ကျွမ်း လောင် ခံ ရ ကြ ဦး မည်။ ထို သို့ မျက် နှာ တော် ထား သည့် ကာ လ၊ ငါ သည် ထာ ဝ ရ ဘု ရား ဖြစ် ကြောင်း၊ သင် တို့ သိ ရ ကြ လ တ္တံ့။ Judson Bible သူတို့တစ်ဖက်၌ ငါသည် မျက်နှာကိုထားမည်။ သူတို့သည် မီးတစ်ပုံမှထွက်၍ တစ်ပုံ၌လောင်လိမ့်မည်။ သူတို့တစ်ဖက်၌ ငါသည် မျက်နှာကို ထားသောအခါ၊ ငါသည်ထာဝရဘုရားဖြစ်ကြောင်းကို သင်တို့သိရကြလိမ့်မည်။ မြန်မာ့စံမီသမ္မာကျမ်း ငါသည် သူတို့ထံမှ မျက်နှာလွှဲမည်။ သူတို့သည် မီးဘေးတစ်ခုမှလွတ်မြောက်လျှင်လည်း နောက်မီးဘေးတစ်ခုက သူတို့ကိုလောင်ကျွမ်းနေဦးမည်။ ထိုသို့ ငါမျက်နှာလွှဲထားသောအခါ ငါသည် ထာဝရဘုရားဖြစ်ကြောင်း သင်တို့သိကြလိမ့်မည်’ဟု မိန့်တော်မူ၏။ |
ဟာဇေလ၏ဋ္ဌားဘေးမှလွတ်မြောက်သူကို ယေဟုသတ်လိမ့်မည်။ ယေဟုလက်မှလွတ် မြောက်သူကိုဧလိရှဲသတ်လိမ့်မည်။-
သို့ရာတွင်ဒုစရိုက်ပြုသူတို့မူကားသေသော အခါ မကြာမီပင်သူတို့ကိုလူတို့မေ့ပျောက်သွား စေရန် ကိုယ်တော်သည်သူတို့ကိုဆန့်ကျင်ဘက်ပြု တော်မူ၏။
ထာဝရဘုရားသည်ဖြောင့်မှန်စွာ တရားစီရင်တော်မူခြင်းအားဖြင့်မိမိကိုယ် ကို ပေါ်လွင်ထင်ရှားစေတော်မူပြီ။ သူယုတ်မာတို့သည်မိမိတို့၏အကျင့်များ အားဖြင့် ပြန်၍ကျော့မိကြကုန်၏။
ထိတ်လန့်ဖွယ်ရာဘေးဥပဒ်မှလွတ်မြောက် ရန်ကြိုးစားသူသည်မြေတွင်းထဲသို့ကျ လိမ့်မည်။ မြေတွင်းမှလွတ်မြောက်လာသူသည် ကျော့ကွင်းတွင်မိလိမ့်မည်။ ကောင်းကင်မှမိုး ကြီးသည်းထန်စွာရွာသွန်း၍ ကမ္ဘာမြေကြီး ၏အုတ်မြစ်များသည်တုန်လှုပ်လိမ့်မည်။-
ငါသည်ဤမြို့ကိုချမ်းသာမပေးဘဲဖျက် ဆီးပစ်ရန်သန္နိဋ္ဌာန်ချမှတ်ထားလေပြီ။ ယင်း ကိုဗာဗုလုန်မင်း၏လက်သို့ပေးအပ်လိုက် မည်ဖြစ်၍ သူသည်လည်းဤမြို့ကိုမီးရှို့ ဖျက်ဆီးပစ်လိမ့်မည်။ ဤကားငါထာဝရ ဘုရားမြွက်ဟသည့်စကားဖြစ်၏'' ဟုမိန့် တော်မူ၏။
သင်တို့သည်မိမိတို့ပြည်နယ်စပ်၌သင်တို့ ကိုတရားစီရင်သဖြင့် စစ်ပွဲတွင်ကျဆုံးရ ကြလိမ့်မည်။ ထိုအခါငါသည်ထာဝရ ဘုရားဖြစ်ကြောင်းကို လူတိုင်းသိရှိကြ လိမ့်မည်။-
ငါသည်သူတို့ကိုအတိုက်အခံပြုမည်။ သူ့ ကိုစံနမူနာနှင့်ကဲ့ရဲ့ပုံဆောင်ခံရသူအ ဖြစ်အသုံးပြုမည်။ ငါ၏လူမျိုးတော်အသိုင်း အဝိုင်းမှဖယ်ရှားမည်။ သို့မှသာလျှင်ငါ သည်ထာဝရဘုရားဖြစ်တော်မူကြောင်း သင်တို့သိရှိကြလိမ့်မည်။
အရှင်ထာဝရဘုရားမိန့်တော်မူသည် ကား``စပျစ်နွယ်သားကိုတောမှယူ၍မီး မွှေးကြသကဲ့သို့ ငါသည်ယေရုရှလင် မြို့မှလူတို့ကိုယူ၍၊-
သို့ရာတွင်ထိုစပျစ်ပင်သည်အမျက်ထွက်သူတို့ လက်ဖြင့်အမြစ်မှဆွဲနုတ်ခြင်းကိုခံရကာ မြေပေါ်သို့လဲကျလေ၏။ အရှေ့လေကြောင့်စပျစ်သီးများပိန်ခြောက်ကုန်၏။ စပျစ်ကိုင်းတို့သည်လည်းကျိုးပဲ့ခြောက်သွေ့ကာ မီးရှို့ခြင်းကိုခံရကြ၏။
သင်တို့အနက်ပုန်ကန်သူများနှင့်တော်လှန် သူများကိုဖယ်ရှားပစ်မည်။ သူတို့ကိုမိမိ တို့ယခုနေထိုင်ရာပြည်များမှထွက်သွား စေမည်။ သို့ရာတွင်ဣသရေလပြည်သို့ပြန် လာခွင့်ပြုမည်မဟုတ်။ ထိုအခါငါသည် ထာဝရဘုရားဖြစ်တော်မူကြောင်း သင်တို့ သိရှိကြလိမ့်မည်'' ဟုမိန့်တော်မူ၏။
သင်တို့၏ဘိုးဘေးတို့အားငါပေးမည်ဟု ကျိန်ဆိုကတိပြုထားသည့်ဣသရေလ ပြည်သို့ သင်တို့ကိုငါယူဆောင်လာသော အခါ ငါသည်ဘုရားသခင်ဖြစ်တော်မူ ကြောင်းသင်တို့သိရှိကြလိမ့်မည်။-
အို ဣသရေလအမျိုးသားတို့၊ ငါသည်ငါ ၏နာမတော်ကိုထောက်၍ မိမိ၏အသရေ ကိုကာကွယ်ရန်သင်တို့၏ယုတ်မာဆိုးညစ် ဖောက်ပြန်သောအကျင့်များအလျောက် သင် တို့ကိုမစီရင်သောအခါငါသည်ထာဝရ ဘုရားဖြစ်တော်မူကြောင်းသင်တို့သိရှိ ကြလိမ့်မည်'' ဟုမိန့်တော်မူ၏။ ဤကား အရှင်ထာဝရဘုရားမိန့်တော်မူသော စကားဖြစ်၏။
ငါသည်လူတို့အားအပြစ်များအတွက်ဒဏ် ခတ်၍ သူတို့၏ပြည်ကိုလူသူဆိတ်ငြိမ်ရာ အရပ်ဖြစ်စေသောအခါ ငါသည်ထာဝရ ဘုရားဖြစ်တော်မူကြောင်းသူတို့သိရှိ ကြလိမ့်မည်'' ဟုမိန့်တော်မူ၏။
သို့ဖြစ်၍ငါအရှင်ထာဝရဘုရားမိန့် တော်မူသည်ကား ယေရုရှလင်မြို့၊ ငါသည် သင့်ရန်သူဖြစ်၍လူမျိုးတကာတို့ရှေ့ တွင်သင့်အားအပြစ်ဒဏ်စီရင်မည်။-
နေရာတကာတွင်လူတို့သည်အသတ်ခံရ ကြလိမ့်မည်။ ဤသည်ကားငါသည်ထာဝရ ဘုရားဖြစ်ကြောင်းသိရကြလိမ့်မည်။
ငါသည်သင့်အားချမ်းသာပေးလိမ့်မည်မဟုတ်၊ အဘယ်သို့မျှလည်းကရုဏာပြလိမ့်မည်မ ဟုတ်။ သင်ပြုခဲ့သည့်စက်ဆုပ်ဖွယ်ရာအမှုများ အတွက် ငါသည်သင့်ကိုဒဏ်ပေးမည်။ သို့မှသာ လျှင်ငါသည်ထာဝရဘုရားဖြစ်ကြောင်းသင် သိရှိလိမ့်မည်'' ဟုမိန့်တော်မူ၏။
ဣသရေလအမျိုးသားဖြစ်စေ၊ ဣသရေလ အမျိုးသားတို့နှင့်နေထိုင်သောလူမျိုးခြား သားဖြစ်စေ၊ သွေးပါသောအသားကိုစား လျှင် ထာဝရဘုရားသည်ထိုသူကိုမျက်နှာ လွှဲ၍ မိမိ၏လူမျိုးတော်မှထုတ်ပယ်တော် မူလိမ့်မည်။-
ငါသည်သင်တို့တစ်ဘက်၌ရှိသဖြင့် သင်တို့ သည်စစ်ရှုံး၍ရန်သူ၏အုပ်စိုးခြင်းကိုခံရ လိမ့်မည်။ သင်တို့သည်အလွန်ထိတ်လန့်သဖြင့် လိုက်သူမရှိဘဲနှင့်ပြေးရကြလိမ့်မည်။
ထိုနေ့သည်သင်တို့အတွက်ခြင်္သေ့ကိုကြောက် ၍ ထွက်ပြေးခါမှဝက်ဝံနှင့်တွေ့သကဲ့သို့ လည်းကောင်း၊ အိမ်ပြန်ရောက်ခါမှနံရံကိုင် မိ၍ မြွေအကိုက်ခံရသကဲ့သို့လည်း ကောင်းဖြစ်လိမ့်မည်။-