ထို့ကြောင့်သူတို့အားထာဝရအရှင်ဘုရားသခင်မိန့်တော်မူသည်ကား``သင်တို့မြင်သော အရာများသည်မဟုတ်မမှန်။ သင်တို့၏ဗျာ ဒိတ်ရူပါရုံများသည်လည်းလီဆယ်မှုများ သာဖြစ်သဖြင့် ငါသည်သင်တို့အားဆန့်ကျင် ဘက်ပြုလျက်ရှိ၏ဟု ငါအရှင်ထာဝရ ဘုရားမိန့်တော်မူ၏။-
သို့ ဖြစ်၍ အ ရှင် ထာ ဝ ရ ဘု ရား က လည်း၊ အ ကျိုး မဲ့ ဟော ပြော လျက်၊ မု သာ ရူ ပါ ရုံ ကို မြော် မြင် ကြ သော၊ သင် တို့ တစ် ဘက်၌ ငါ နေ၏။
ထိုကြောင့် အရှင်ထာဝရဘုရားမိန့်တော်မူသည်ကား၊ သင်တို့သည် အချည်းနှီးသောစကားကိုပြော၍ မုသားရူပါရုံကိုမြင်သောကြောင့် ငါသည် သင်တို့တစ်ဖက်၌နေ၏။
ထို့ကြောင့် ဘုရားရှင်ထာဝရဘုရားက ‘သင်တို့သည် အချည်းနှီးသောစကားကို ပြောဆို၍ မဟုတ်မမှန်သောနိမိတ်ကို မြင်သောကြောင့် သင်တို့ကို ငါဆန့်ကျင်မည်’ဟု မိန့်တော်မူ၏။
ထိုအခါဗေသလမြို့သားပရောဖက်အိုကြီး က``ငါသည်လည်းသင်ကဲ့သို့ပင်ပရောဖက်ဖြစ် ပါ၏။ ထာဝရဘုရား၏အမိန့်တော်အရ ကောင်းကင်တမန်တစ်ပါးကသင့်ကိုအိမ်သို့ ဖိတ်ခေါ်၍ဧည့်ဝတ်ပြုရန် ငါ့အားမှာကြား ထားပါသည်'' ဟုဆို၏။ ယင်းသို့ထိုပရောဖက် ကြီးကမုသားသုံး၍ပြောဆိုသဖြင့်၊
အို ယေရုရှလင်မြို့၊ သင်သည်လွင်ပြင်ပေါ်မှ ကျောက်ဆောင်ကြီးသဖွယ်ချိုင့်ဝှမ်းများအ ထက်တွင်မြင့်မားစွာရပ်တည်လျက်ရှိ၏။ သို့ သော်ငါထာဝရဘုရားသည်သင့်အားတိုက် ခိုက်တော်မူမည်။ သင်သည်မိမိအားအဘယ် သူမျှမတိုက်မခိုက်နိုင်။ သင်၏ခံတပ်များ ကိုလည်းမဖြိုမခွင်းနိုင်ဟုဆိုချေသည်။-
မိမိတို့အချင်းချင်းပြောဆိုကြသည့်စကား များကို ငါ၏ဗျာဒိတ်တော်ကဲ့သို့ပြန်ကြားပြော ဆိုသည့်ပရောဖက်တို့ကိုငါဆန့်ကျင်ဘက်ပြု မည်။-
အို ဗာဗုလုန်မြို့၊ သင်သည်ကမ္ဘာမြေပြင်တစ်ခု လုံးကိုဖျက်ဆီးတတ်သည့်တောင်နှင့်တူ၏။ သို့ရာတွင်ငါထာဝရဘုရားကားသင်၏ ရန်သူဖြစ်ပေသည်။ ငါသည်သင့်ကိုဆွဲကိုင် ကာမြေပြင်နှင့်တစ်ညီတည်းဖြစ်စေမည်။ သင့်အားပြာပုံဆိုက်စေမည်။-
လူတို့အားငါထာဝရဘုရားသည်သူတို့ ၏ရန်သူဖြစ်ကြောင်း ငါ၏ဋ္ဌားလွယ်အိမ်မှ ဋ္ဌားတော်ကိုထုတ်ယူ၍ သူတို့အပေါင်းအား လူဆိုးလူကောင်းမရွေးသုတ်သင်ပစ်မည် ဖြစ်ကြောင်း၊-
``သို့ဖြစ်၍ယခုငါအရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ အချင်းတုရုမြို့၊ ငါ သည်သင်၏ရန်သူဖြစ်၏။ သင့်အားတိုက်ခိုက် ကြစေရန်လူမျိုးတကာတို့ကိုငါခေါ် ဆောင်ခဲ့မည်။ သူတို့သည်ပင်လယ်လှိုင်းလုံး များသဖွယ်သင်ရှိရာသို့ချီတက်လာ ကြလိမ့်မည်။-
ထိုမြို့ရှိလူတို့အားငါအရှင်ထာဝရ ဘုရားမိန့်တော်မူသည်ကိုဆင့်ဆိုလော့။ ဇိဒုန် မြို့၊ ငါသည်သင်၏ရန်သူဖြစ်၏။ သင့်ကိုငါ ပြုသည့်အမှုအတွက်လူတို့သည် ငါ့အား ထောမနာပြုကြလိမ့်မည်။ ငါသည်သင်၏ လူတို့အားအပြစ်ဒဏ်ပေး၍ ငါ၏သန့်ရှင်း မြင့်မြတ်မှုကိုပြသောအခါငါသည်ထာ ဝရဘုရားဖြစ်တော်မူကြောင်းသူတို့သိ ရှိကြလိမ့်မည်။-
ငါသည်သင်၏ရန်သူ၊ နိုင်းမြစ်၏ရန်သူ ဖြစ်၏။ မြောက်ဘက်ရှိမိဂဒေါလမြို့မှသည် တောင်ဘက်သုဏေမြို့တိုင်အောင်၊ ဆူဒန်နယ် စပ်အထိအီဂျစ်ပြည်တစ်ပြည်လုံးကို လူသူဆိတ်ငြိမ်ရာအရပ်ဖြစ်စေမည်။-
ငါအရှင်ထာဝရဘုရားသည်သင်တို့၏ ရန်သူဖြစ်၍ ငါ၏သိုးတို့သည်သင့်တာဝန် ဖြစ်ကြောင်းအတိအလင်းကြေညာ၏။ ငါ သည်မိမိ၏သိုးများကိုသင်တို့ထံမှသိမ်း ယူမည်။ အဘယ်အခါ၌မျှသင်တို့သည် သူတို့အားထိန်းကျောင်းခွင့်နှင့် မိမိတို့ကိုယ် ကိုသာလျှင်ကြည့်ရှုပြုစုခွင့်ကိုငါပေး တော့မည်မဟုတ်။ သိုးတို့သည်သင်တို့၏ အစာမဖြစ်အောင် ငါသည်မိမိသိုးတို့ ကိုသင်တို့လက်မှကယ်ဆယ်မည်။
လူတို့အားငါအရှင်ထာဝရဘုရားအဘယ် သို့မိန့်တော်မူသည်ကိုဆင့်ဆိုလော့။ ``စိရတောင်တို့၊ငါသည်သင်၏ရန်သူဖြစ်၏။ ငါ၏လက်ကိုဆန့်၍ငါသည်သင့်အားလူသူ ဆိတ်ငြိမ်ရာမြေရိုင်းဒေသဖြစ်စေမည်။
အရှင်ထာဝရဘုရားက``အချင်းလူသား၊ မေရှက်နှင့်တုဗလလူမျိုးတို့၏အကြီး ဆုံးမင်းဖြစ်သူဂေါဂအားရှုတ်ချလော့။ ငါသည်သူ၏ရန်သူဖြစ်ကြောင်းဆင့်ဆို လော့။-
သို့ဖြစ်၍ငါအရှင်ထာဝရဘုရားမိန့် တော်မူသည်ကား ယေရုရှလင်မြို့၊ ငါသည် သင့်ရန်သူဖြစ်၍လူမျိုးတကာတို့ရှေ့ တွင်သင့်အားအပြစ်ဒဏ်စီရင်မည်။-
အနန္တတန်ခိုးရှင်ထာဝရဘုရားက``ငါသည် သင်၏ရန်သူဖြစ်၏။ သင့်ရထားများကိုငါ မီးရှို့ပစ်မည်။ သင်၏စစ်သည်တပ်သားတို့သည် စစ်ပွဲတွင်ကျဆုံးကြလိမ့်မည်။ သူတစ်ပါး တို့ထံမှ သင်သိမ်းယူထားသည့်ဥစ္စာပစ္စည်း မှန်သမျှကိုငါဖယ်ရှားမည်။ သင်၏သံတမန် တို့၏တောင်းဆိုသံများကိုကြားကြရ တော့မည်မဟုတ်'' ဟုမိန့်တော်မူ၏။
နောင်ကာလ၌လူအချို့တို့သည်မုသားပြော ဆိုသည့်ဝိညာဉ်များ၏စကားကိုနာခံလျက် နတ်မိစ္ဆာတို့၏သြဝါဒကိုလိုက်နာကာ မိမိ တို့၏ယုံကြည်ခြင်းကိုစွန့်လွှတ်ကြလိမ့်မည် ဟုဝိညာဉ်တော်က အတိအလင်းဖော်ပြ တော်မူ၏။-
ကာယဆိုင်ရာလေ့ကျင့်မှုသည်အကျိုးပေးသင့် သလောက်ပေး၏။ ဝိညာဉ်ရေးဆိုင်ရာလေ့ကျင့်မှု သည်ကားယခုဘဝနောင်ဘဝအတွက်အရာ ရာ၌အကျိုးကိုပေး၏။-
အဘယ်ကြောင့်ဆိုသော်ထာဝရဘုရားသည် ဖြောင့်မတ်သူတို့အား၊ကြည့်ရှုစောင့်ရှောက်တော်မူ၍ သူတို့၏ဆုတောင်းပတ္ထနာများကို၊ နားညောင်းတော်မူသောကြောင့်တည်း။ သို့ရာတွင်ဒုစရိုက်ပြုသူတို့ထံမှ မျက်နှာလွှဲတော်မူ၏။''