အကြောင်းမူကား၊ ပြည်တန်ဆာမကို မှီဝဲသော ယောက်ျားသည် ဆင်းရဲ၍၊ မုန့်တလုံးကိုသာ ရတတ်၏။ မျောက်မထားသော မိန်းမသည်လည်း မြတ်သောအသက် ကို ဘမ်းတတ်၏။
ယေဇကျေလ 13:18 - Common Language Bible ထိုနောက်သူတို့အားအရှင်ထာဝရဘုရား အောက်ပါအတိုင်းမိန့်တော်မူကြောင်းကို ဆင့်ဆိုရမည်မှာ ``အချင်းအမျိုးသမီးတို့သင်တို့သည်အ မင်္ဂလာရှိကြပါသည်တကား။ အခြားလူ တို့ကိုထောင်ချောက်ကဲ့သို့ချုပ်ကိုင်နိုင်သော တန်ခိုးကိုရရှိကြစေရန် လူတိုင်းအားသင် တို့သည်မှော်အတတ်စီရင်ထားသည့်လက် ပတ်များနှင့် ခေါင်းစည်းပုဝါများကိုချုပ် လုပ်တပ်ဆင်ပေးကြ၏။ သင်တို့သည်မိမိ တို့ကိုယ်ကျိုးအတွက် ငါ၏လူစုတော် အပေါ်သေမှုရှင်မှုတန်ခိုးကိုရလို ကြ၏။- Garrad Bible တ တောင် ဆစ် တိုင်း၌၊ လက် ဖွဲ့ ချုတ် တွယ် ခြင်း၊ ဦး ခေါင်း တိုင်း မှ ခြေ ထိ ဖုံး အုပ် ခြင်း ပြု လျက်၊ လူ့ အ သက် ကို လိုက် ဖမ်း သော မိန်း မ တို့ သည်၊ အ မင်္ဂ လာ ရှိ ကြ၏။ ငါ့ လူ တို့ အ သက် ကို လိုက် ဖမ်း ခြင်း၊ ကိုယ့် အ ဖို့ အ ရှင် ထား ခြင်း ပြု ကြ မည် လော။ Judson Bible အရှင်ထာဝရဘုရား၏အမိန့်တော်ကို ဟောပြောဆင့်ဆိုရမည်မှာ၊ အသက်ဝိညာဉ်တို့ကိုဖမ်းခြင်းငှာ ခပ်သိမ်းသောသူတို့၏နံပါး၌ ခေါင်းအုံးကိုထည့်၍၊ လူအကြီးအငယ်တို့ ခေါင်းပေါ်မှာ ဦးထုပ်တို့ကို တင်ထားသောမိန်းမတို့သည် အမင်္ဂလာရှိကြ၏။ ငါ့လူတို့၏ အသက်ဝိညာဉ်ကိုဖမ်း၍၊ ကိုယ်အသက်ဝိညာဉ်ကို သေခြင်းမှ ကယ်ချွတ်ကြလိမ့်မည်လော။ မြန်မာ့စံမီသမ္မာကျမ်း သူတို့အား ဘုရားရှင်ထာဝရဘုရားက စိတ်ဝိညာဉ်ကို ထောင်ဖမ်းရန် အဆောင်လက်ပတ်ကြိုး ချုပ်လုပ်သောမိန်းမ၊ ခေါင်းခြုံပဝါအရွယ်အစားမျိုးစုံ ချုပ်လုပ်သောမိန်းမတို့သည် အမင်္ဂလာရှိ၏။ ငါ့လူမျိုးတော်၏စိတ်ဝိညာဉ်ကို ထောင်ဖမ်းပြီးမှ သင်တို့စိတ်ဝိညာဉ် ချမ်းသာရာရမည်ထင်သလော။ |
အကြောင်းမူကား၊ ပြည်တန်ဆာမကို မှီဝဲသော ယောက်ျားသည် ဆင်းရဲ၍၊ မုန့်တလုံးကိုသာ ရတတ်၏။ မျောက်မထားသော မိန်းမသည်လည်း မြတ်သောအသက် ကို ဘမ်းတတ်၏။
ထိုအခါငါသည်``အို အရှင်ထာဝရဘုရား၊ ကိုယ်တော်ရှင်သည်ယေရုရှလင်မြို့သားတို့ အားလှည့်ဖြားတော်မူပါပြီ။ ငြိမ်းချမ်းမှု ရရှိလိမ့်မည်ဟုကိုယ်တော်ရှင်မိန့်တော်မူခဲ့ သော်လည်း ယခုအခါသူတို့၏လည်မျိုတွင် ဋ္ဌားတေ့လျက်ရှိပါ၏'' ဟုလျှောက်၏။
ထိုသူတို့သည်ငါ့လူမျိုးတော်၏အနာများ ကိုပေါ့ပေါ့တန်တန်သဘောထား၍ကုသ ကြ၏။ `အစစအရာရာအဆင်မပြေချိန် ၌အစစအရာရာအဆင်ပြေပါသည်' ဟုဆိုကြ၏။-
``ပရောဖက်တို့သည်`အမှုခပ်သိမ်းအေးငြိမ်း ပါသည်' ဟုဆို၍ငါ့လူမျိုးတော်အားလှည့် စားခဲ့ကြ၏။ အမှုခပ်သိမ်းမှာမအေးမ ငြိမ်းသေးပါတကား။ ငါ၏လူမျိုးတော် သည်သရွတ်မကိုင်သည့်ကျောက်မြို့ရိုးကို တည်ဆောက်၍ပရောဖက်တို့ကလာ၍ထုံး သုတ်ပေးကြ၏။-
အရှင်ထာဝရဘုရားမိန့်တော်မူသည် ကား``ငှက်ကိုဖမ်းသကဲ့သို့၊ လူတို့အား ထောင်ချောက်ကဲ့သို့ထိန်းချုပ်ရန် သင်အသုံး ပြုသည့်လက်ပတ်များကိုငါမုန်း၏။ သင် ၏လက်မှလက်ပတ်များကိုဆွဲဖြတ်ကာ ငှက်များကဲ့သို့ထိန်းချုပ်ခံထားရသူ တို့အားသင်၏လက်မှငါလွတ်မြောက် စေမည်။-
သင်၏ခေါင်းစည်းပုဝါများကိုဆွဲဖြတ် ၍ ငါ၏လူမျိုးတော်အားသင့်လက်မှ အပြီးအပိုင်လွတ်မြောက်စေမည်။ ထို အခါငါသည်ထာဝရဘုရားဖြစ် တော်မူကြောင်းသင်သိရှိလိမ့်မည်။
သူတို့၏ခေါင်းဆောင်များထဲတွင်ပူးပေါင်း ကြံစည်မှုရှိ၏။ သူတို့သည်သားကောင်များ ကိုကိုက်သတ်ဆွဲဖြတ်ပြီးနောက် ဟောက်နေ သောခြင်္သေ့များနှင့်တူကြ၏။ သူတို့သည် လူများကိုသတ်၍ရနိုင်သမျှသောငွေ နှင့်ဥစ္စာပစ္စည်းတို့ကိုယူကြ၏။ ယင်းသို့သတ် ဖြတ်မှုဖြင့်သူတို့သည်အမျိုးသမီးမြောက် မြားစွာကိုမုဆိုးမဘဝသို့ရောက်စေ ကြ၏။-
ထိုအခါငါတို့သည်ပရိယာယ်ဖြင့်လူတို့ကို လမ်းလွဲအောင်လိမ်လည်ပြောဆိုတတ်သူတို့၏ သြဝါဒလှိုင်းလုံးများအထဲ၌ သြဝါဒလေ ကြောင်းပြောင်းတိုင်းလွင့်ပါသွားသောကလေး သူငယ်များကဲ့သို့ဖြစ်ကြတော့မည်မဟုတ်။-
လူတို့သည်မှန်ကန်သည့်သြဝါဒကိုနားမ ထောင်ဘဲကိုယ့်အလိုဆန္ဒများကိုလိုက်၍ မိမိ တို့ကြားနာလိုသည့်စကားများပြောဆိုမည့် ဆရာသမားများကိုရှာဖွေကြမည့်အချိန် ကာလရောက်လိမ့်မည်။-
သူတို့၏မျက်စိသည်အကျင့်ပျက်သည့် အမျိုးသမီးများကိုသာကြည့်လျက်အပြစ် ကူး၍အားမရနိုင်ကြ။ သူတို့သည်ယုံ ကြည်ခြင်းမရင့်ကျက်သူတို့ကိုထောင် ချောက်ထဲသို့ကျစေကြ၏။ လောဘလွန် ကူးမှုတွင်ကျင်လည်ကြ၏။ သူတို့သည် ဘုရားသခင်၏ကျိန်စာသင့်သူများ ဖြစ်ကြ၏။-