သို့ရာတွင်ထိုသူသည်မကြာမမြင့်မီဆုံးပါး ပျက်စီး ရတော့မည်ဖြစ်ကြောင်း ထာဝရဘုရားသိတော်မူသဖြင့်သူ့အား ကြည့်၍ ပြုံးရယ်တော်မူ၏။
ယေဇကျေလ 12:23 - Common Language Bible ထိုစကားပုံနှင့်ပတ်သက်၍ငါအရှင်ထာဝရ ဘုရားအဘယ်သို့မိန့်တော်မူသည်ကိုသူတို့ အား ယခုပြောကြားလော့။ ငါသည်ထိုစကား ပုံကိုပပျောက်စေမည်။ ဣသရေလပြည် တွင်အဘယ်အခါ၌မျှထပ်မံ၍သုံးစွဲရ ကြမည်မဟုတ်။ အချိန်ကာလကျရောက်လာ ပြီဖြစ်၍ဗျာဒိတ်ရူပါရုံများသည် အကောင် အထည်ပေါ်လာမည်ဖြစ်ကြောင်းထိုသူတို့ အားဆင့်ဆိုလော့။'' Garrad Bible သို့ နှင့် အ ညီ၊ ထို ဆို ရိုး ကို ဣ သ ရေ လ လူ မျိုး တို့ ဆက် လက် မ သုံး ရ အောင်၊ ငါ ပြတ် စဲ စေ မည် ဟု၊ အ ရှင် ထာ ဝ ရ ဘု ရား မိန့် တော် မူ သည် ဟူ ၍ လည်း ကောင်း၊ နေ့ ရက် ကာ လ နီး လျက်၊ ရူ ပါ ရုံ ဟူ သ မျှ ပြည့် လု ပြီ ဟူ၍ လည်း ကောင်း၊ ဆင့် ဆို လော့။ Judson Bible သို့ဖြစ်၍၊ အရှင်ထာဝရဘုရား၏ အမိန့်တော်ကို ဆင့်ဆိုရမည်မှာ၊ ထိုစကားပုံကို ငါပျောက်စေမည်။ နောက်တစ်ဖန် ဣသရေလအမျိုး၌ မသုံးရကြ။ နေ့ရက်ကာလနီးပြီ။ ခပ်သိမ်းသော ဗျာဒိတ်ရူပါရုံလည်း ပြည့်စုံကြလိမ့်မည်ဟု ပြောလော့။ မြန်မာ့စံမီသမ္မာကျမ်း သို့ဖြစ်၍ သူတို့အား ဘုရားရှင်ထာဝရဘုရားက ‘သင်တို့ပြောသော ထိုဆိုရိုးစကားကို ငါအဆုံးသတ်စေမည်။ နောင်တွင် ထိုစကားကို အစ္စရေးပြည်၌ ပြောဆိုရတော့မည်မဟုတ်။ ဗျာဒိတ်နိမိတ်ဟူသမျှ ဖြစ်လာမည့်နေ့ ရောက်တော့မည်’ဟု မိန့်တော်မူ၏။ |
သို့ရာတွင်ထိုသူသည်မကြာမမြင့်မီဆုံးပါး ပျက်စီး ရတော့မည်ဖြစ်ကြောင်း ထာဝရဘုရားသိတော်မူသဖြင့်သူ့အား ကြည့်၍ ပြုံးရယ်တော်မူ၏။
အနန္တတန်ခိုးရှင်ထာဝရဘုရားသည်တစ် ပြည်လုံးကိုဖျက်ဆီးပစ်တော်မူရန် သန္နိဋ္ဌာန် ချမှတ်ပြီးကြောင်းငါကြားသိရလေပြီ။ သင်တို့အားငါသတိပေးသည်ကိုပြက် ရယ်မပြုကြနှင့်။ ပြက်ရယ်ပြုကြပါမူ သင်တို့သည်အသက်ဘေးမှလွတ်ကင်း ရန်ပို၍ပင်ခဲယဉ်းပေလိမ့်မည်။
ငါထာဝရဘုရားသည်သူတို့အားဗျာဒိတ် ပေးတော်မူသည်အတိုင်းပြုရမည်။ ကြန့်ကြာ မှုရှိတော့မည်မဟုတ်။ အချင်းပုန်ကန်တတ်သူ တို့၊ သင်တို့အားငါသတိပေးခဲ့သည့်အတိုင်း သင်တို့လက်ထက်၌ပင်ငါပြုမည်။ ဤကားငါ မိန့်မြွက်တော်မူသည့်စကားဖြစ်၏'' ဟု အရှင်ထာဝရဘုရားမိန့်တော်မူ၏။
ထာဝရဘုရားက``အို ယေရုရှလင်မြို့၊ လူ တို့သည်သင်၏အကြောင်းနှင့်ပတ်သက်၍`အမိ စရိုက်သမီးလိုက်' ဟူသောစကားပုံကို သုံးစွဲကြလိမ့်မည်။-
``ငါသည်အသက်ရှင်တော်မူသောဘုရား ဖြစ်သည်နှင့်အညီ ဣသရေလနိုင်ငံတွင် ဤစကားပုံကိုနောက်တစ်ဖန်သုံးစွဲရ တော့မည်မဟုတ်။-
ကိုယ်တော်က``အချင်းလူသား၊ ဣသရေလ ပြည်သူပြည်သားတို့အား ငါအရှင်ထာဝရ ဘုရားမိန့်တော်မူသည်ကား``နိုင်ငံတစ်ခု လုံးပျက်သုဉ်းရာအချိန်ကျပြီ။
ဘုရားသခင်၏တောင်တော်မြတ်တည်းဟူသော ဇိအုန်တောင်ပေါ်တွင်တံပိုးခရာမှုတ်ကြလော့။ နှိုးဆော်သံပေးကြလော့။ ယုဒပြည်သူတို့တုန်လှုပ်ကြလော့။ ထာဝရဘုရားတရားစီရင်တော်မူရာနေ့ရက် ကာလသည်မကြာမီကျရောက်လာလိမ့်မည်။
ထာဝရဘုရားတရားစီရင်တော်မူရာ နေ့ကြီးသည်နီးကပ်၍အလွန်နီးကပ်၍ လာလေပြီ။ ထိုနေ့ရက်ကာလသည်လျင် မြန်စွာသက်ရောက်လာတော့အံ့။ ထိုနေ့ရက် သည်ခါးသီးလွန်းသောကြောင့်ရဲစွမ်းသတ္တိ အရှိဆုံးစစ်သူရဲပင်လျှင်စိတ်ပျက်စွာ အော်ဟစ်လိမ့်မည်။
အနန္တတန်ခိုးနှင့်ထာဝရဘုရားက``မာန် မာနထောင်လွှားသူနှင့်ယုတ်မာသူအပေါင်း တို့သည် ကောက်ရိုးသဖွယ်မီးကျွမ်းလောင် ကြမည့်နေ့ရက်ကာလကျရောက်လာလိမ့် မည်။ ထိုနေ့ရက်ကာလ၌သူတို့သည်မီး ကျွမ်းလောင်၍သွားကာ အမြစ်အကိုင်း အစအနမျှပင်ကျန်ရှိကြလိမ့်မည် မဟုတ်။-
အမှန်အကန်သင်တို့အားငါဆိုသည်ကား၊ ဤ အမှုအရာအလုံးစုံတို့သည်ယခုအသက်ရှင် လျက်ရှိသူတို့မသေလွန်မီဖြစ်ပျက်လာလိမ့်မည်။-