ယေဇကျေလ 12:25 - Common Language Bible25 ငါထာဝရဘုရားသည်သူတို့အားဗျာဒိတ် ပေးတော်မူသည်အတိုင်းပြုရမည်။ ကြန့်ကြာ မှုရှိတော့မည်မဟုတ်။ အချင်းပုန်ကန်တတ်သူ တို့၊ သင်တို့အားငါသတိပေးခဲ့သည့်အတိုင်း သင်တို့လက်ထက်၌ပင်ငါပြုမည်။ ဤကားငါ မိန့်မြွက်တော်မူသည့်စကားဖြစ်၏'' ဟု အရှင်ထာဝရဘုရားမိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။Garrad Bible25 အ သို့ ဆို သော်၊ ငါ ထာ ဝ ရ ဘု ရား သည် ဗျာ ဒိတ် ပေး တော် မူ မည်။ ဗျာ ဒိတ် တော် ချက် လည်း၊ မ နှောင့် မ နှေး ဘဲ အ တည် ဖြစ် လိမ့် မည်။ အို ပုန် ကန် လေ့ ရှိ သော အ ဆက်၊ သင် တို့ ခေတ် ၌ ပင်၊ ဗျာ ဒိတ် တော် ကို ပေး လျက် အ တည် ပြု မည် ဟု၊ ငါ အ ရှင် ထာ ဝ ရ ဘု ရား မိန့် တော် မူ သည် ဟူ ၍ တည်း။ အခန်းကိုကြည့်ပါ။Judson Bible25 ငါသည် ထာဝရဘုရား ဖြစ်၏။ ငါပြောလျှင်၊ ပြောသည်အတိုင်း ပြည့်စုံလိမ့်မည်။ ပြည့်စုံချိန်လည်း မရွေ့ရ။ အချင်းပုန်ကန်တတ်သောအမျိုး၊ သင်တို့လက်ထက်၌ ငါပြောမည်။ ပြောသည်အတိုင်းလည်း ပြည့်စုံစေမည်ဟု အရှင်ထာဝရဘုရား မိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း25 ငါထာဝရဘုရားသည် မိန့်ဆိုလျှင် မိန့်ဆိုသည့်အတိုင်း မကြန့်ကြာဘဲဖြစ်လာလိမ့်မည်။ အို ပုန်ကန်တတ်သောအမျိုးအနွယ်၊ ငါပြောသောစကားသည် သင်တို့လက်ထက်တွင် အမှန်ဖြစ်လာလိမ့်မည်’ဟု မိန့်တော်မူပြီဟူ၍ ဆင့်ဆိုလော့”ဟု မိန့်ဆို၏။ အခန်းကိုကြည့်ပါ။ |
ဣသရေလအမျိုးသားတို့၏ဘုရားသခင်၊ အနန္တတန်ခိုးရှင်ငါထာဝရဘုရားမိန့်တော် မူသည့်စကားကိုနားထောင်လော့။ ငါသည်သူ တို့၏ဝမ်းမြောက်ရွှင်လန်းသံများနှင့်မင်္ဂလာ ပွဲများ၏ပျော်ရွှင်သံများကို ဤအရပ်တွင် ဆိတ်သုဉ်းစေမည်။ ဤအမှုအရာများဖြစ် ပျက်သည်ကိုဤအရပ်ရှိလူတို့တွေ့မြင် ရကြလိမ့်မည်။''
နောက်ဆုံး၌ထာဝရဘုရားသည်မိမိ ကြုံးဝါးတော်မူခဲ့သည့်အတိုင်းပြုတော် မူလေပြီ။ ကိုယ်တော်သည်ရှေးကာလ သတိပေးတော်မူခဲ့သည့်အတိုင်းငါတို့အား သနားကရုဏာကင်းမဲ့စွာသုတ်သင်ဖျက်ဆီး တော်မူလေပြီ။ ကိုယ်တော်သည်ငါတို့ရန်သူများအား အောင်ပွဲကိုပေးတော်မူ၍ ငါတို့ပြိုလဲမှုအတွက်ဝမ်းမြောက်စေတော်မူပါ၏။
ကုန်သွယ်သူသည်မိမိရောင်းလိုက်သည့်မြေယာ ကိုပြန်လည်ရရှိရန် အသက်ရှည်နိုင်လိမ့်မည် မဟုတ်။ အဘယ်ကြောင့်ဆိုသော်လူတိုင်းနှင့် ဆိုင်သောဘုရားသခင်၏ဗျာဒိတ်တော်ကို ပြန်လည်ပြင်ဆင်မည်မဟုတ်သောကြောင့်တည်း။ သူတို့အပြစ်ကြောင့်ဆိုးညစ်သူတို့သည် မသေဘဲကျန်ရစ်နိုင်ကြမည်မဟုတ်။-
ထိုအမှုအရာများအမှန်ဖြစ်ပေါ်မည့်အချိန်မရောက်သေး။ သို့ရာတွင်ငါပြသောအရာများအမှန်ဖြစ်ပေါ်သောအချိန်သည်လျင်မြန်စွာကျရောက်လာလိမ့်မည်။ ထိုအချိန်သည်အလာနှေးသည်ဟုထင်မှတ်ရသော်လည်း ဧကန်မုချရောက်လာမည်သာဖြစ်၍စောင့်မျှော်၍နေလော့။ ကြန့်ကြာတော့မည်မဟုတ်။-
ငါသည်မိမိပရောဖက်များမှတစ်ဆင့် သင်တို့၏ဘိုးဘေးတို့အားအမိန့်ပညတ် များနှင့်သတိပေးစကားများကိုမိန့်မှာ သတိပေးခဲ့၏။ သူတို့သည်ငါ၏စကားကို လျစ်လှူရှုခဲ့ကြသဖြင့် ထိုက်သင့်သည့် အပြစ်ဒဏ်ကိုခံရကြ၏။ ထိုအခါသူ တို့သည်နောင်တရ၍လာကြ၏။ အနန္တ တန်ခိုးရှင်ငါထာဝရဘုရားသည်မိမိ စိတ်ပြဋ္ဌာန်းထားသည့်အတိုင်း သူတို့အား အပြစ်နှင့်အလျောက်ဆုံးမတော်မူကြောင်း ကိုလည်းသိမှတ်လာကြကုန်၏'' ဟုသူ တို့အားကြားပြောရန်မိန့်မှာတော်မူ၏။