အစာစားခြင်းအရာ၌ ငါညည်းတွားခြင်းရှိ၏။ ငိုကြွေးမြည်တမ်းခြင်း မျက်ရည်သည်လည်း ရေစီးသကဲ့သို့ ဖြစ်၏။
ယေဇကျေလ 12:18 - Common Language Bible ကိုယ်တော်က``အချင်းလူသား၊ သင်သည် တုန်လှုပ်လျက်အစားအစာကိုစားလော့။ ကြောက်လန့်တုန်လှုပ်လျက်ရေကိုသောက် လော့။- Garrad Bible အ ချင်း လူ့ သား၊ သင့် အ စာ ကို တုန် လှုပ် လျက်၊ ရေ ကို ကြောင့် ကြ ကြောက် လန့် လျက် စား သောက်၍၊ Judson Bible အချင်းလူသား၊ တုန်လှုပ်လျက် အစာကိုစားလော့။ တုန်လှုပ်လျက်၊ သတိပြုလျက် ရေကိုသောက်လော့။ မြန်မာ့စံမီသမ္မာကျမ်း “အချင်းလူသား၊ အစာကို ကြောက်ရွံ့တုန်လှုပ်စိတ်နှင့် စားလော့။ ရေကို စိုးရိမ်ထိတ်လန့်စိတ်နှင့် သောက်လော့။ |
အစာစားခြင်းအရာ၌ ငါညည်းတွားခြင်းရှိ၏။ ငိုကြွေးမြည်တမ်းခြင်း မျက်ရည်သည်လည်း ရေစီးသကဲ့သို့ ဖြစ်၏။
ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးတို့အား ဝမ်းနည်းမှု တည်းဟူသောအစားအစာကိုကျွေး၍ မျက်ရည်တည်းဟူသောရေကိုကြီးမားသည့် ခွက်ဖလားဖြင့်တိုက်တော်မူပါပြီ။
ကျေးလက်များတွင်လူသတ်သမားတို့ လှည့်လည်သွားလာလျက်နေသဖြင့် ကျွန်တော်မျိုးတို့သည်အသက်စွန့်၍ အစားအစာရှာဖွေရကြပါ၏။
ယင်းသည်သင့်အားစိတ်ဆင်းရဲအောင်ပြု၍ မူးယစ်စေလိမ့်မည်။ ကြောက်လန့်မှုနှင့်ပျက်စီးဆုံးရှုံးမှုကို ဖြစ်စေတတ်သည့်ဖလား၊ သင့်အစ်မရှမာရိ၏ဖလားဖြစ်သည်။
ထိုဗျာဒိတ်ရူပါရုံကိုငါဒံယေလတစ် ယောက်တည်းသာမြင်ရ၏။ ငါနှင့်အတူ ရှိသောသူတို့သည်အဘယ်အရာကိုမျှ မမြင်ကြရ။ သို့ရာတွင်သူတို့သည် ထိတ် လန့်တုန်လှုပ်လျက်ထွက်ပြေးပုန်းအောင်း နေကြ၏။-
ငါသည်စားနပ်ရိက္ခာကိုရှားပါးစေသဖြင့် အိမ် ရှင်မဆယ်ယောက်ဖုတ်ရမည့်မုန့်အရေအတွက် မှာ အိမ်ရှင်မတစ်ဦး၏ဖိုတွင်ဖုတ်နိုင်မည့်မုန့် အရေအတွက်မျှသာရှိမည်။ သင်တို့သည်ထို မုန့်ကိုခွဲတမ်းချ၍မလောက်မငဝေမျှစား ရလိမ့်မည်။
``သင်တို့သည်နိုင်ငံရပ်ခြားသို့ရောက်ရှိနေထိုင် ရစဉ် လေတိုက်ခတ်သောသစ်ရွက်သံကိုကြားရုံ မျှဖြင့်ကြောက်လန့်ထွက်ပြေးရလိမ့်မည်။ သင်တို့ သည်စစ်ပွဲ၌ရန်သူလိုက်၍ပြေးရဘိသကဲ့ သို့ပြေးရလိမ့်မည်။ အနီးတွင်ရန်သူမရှိဘဲ လဲကျလိမ့်မည်။-
သို့ဖြစ်၍သင်တို့ကိုတိုက်ခိုက်ရန် ထာဝရ ဘုရားစေလွှတ်သောရန်သူ၏အမှုကိုသင် တို့ထမ်းရလိမ့်မည်။ သင်တို့သည်စားရေး၊ သောက်ရေး၊ ဝတ်ရေးမှစ၍အရာရာ၌ချို့ တဲ့လျက်ရှိကြလိမ့်မည်။ သင်တို့သေကြေ ပျက်စီးသည့်တိုင်အောင် ရန်သူများသည် သင်တို့အားညှင်းဆဲနှိပ်စက်လိမ့်မည်။-
သင်တို့သည်ရောက်ရှိသောနေရာတွင်ငြိမ်း ချမ်းမှုကိုမရရှိနိုင်။ အတည်တကျနေ ထိုင်ရာအရပ်မရှိ။ထာဝရဘုရားသည် သင်တို့အားပူပင်သောကရောက်စေတော် မူမည်။ မျှော်လင့်ရာမဲ့ပြီးစိတ်ပျက်အား လျော့စေတော်မူမည်။-