ထိုနောက်နေဗုဇာရဒန်သည်မြို့ထဲတွင်ကျန် ရှိနေသေးသူများ၊ ကြွင်းကျန်သောအတတ် ပညာသည်များနှင့် ဗာဗုလုန်ဘုရင်ဘက်သို့ ကူးဝင်လာသူများအားဗာဗုလုန်ပြည်သို့ ဖမ်းဆီးခေါ်ဆောင်သွား၏။-
ယေဇကျေလ 12:11 - Common Language Bible သင်ပြုသောအမှုများသည်သူတို့တွေ့ကြုံ ရကြမည့်အမှုအရာများ၏ရှေ့ပြေး နိမိတ်ဖြစ်၍သူတို့သည်ဒုက္ခသည်များ၊ သုံ့ပန်းများဖြစ်ရကြမည်ဖြစ်ကြောင်း ဆင့်ဆိုလော့။- Garrad Bible သင် တို့ ရှေ့ သက် သေ လ က္ခ ဏာ အ ဖြစ်၊ ငါ ပြု သည့် နည်း တူ၊ သူ တို့ သည် သုံ့ ပန်း သိမ်း သွား ခံ ရ ကြ လျက်၊ Judson Bible ငါသည်သင်တို့၏နိမိတ်လက္ခဏာဖြစ်၏။ ငါပြုသကဲ့သို့ သင်တို့သည် ပြုရကြလိမ့်မည်။ နေရာပြောင်း၍ သိမ်းသွားခြင်းကို ခံရကြလိမ့်မည်။ မြန်မာ့စံမီသမ္မာကျမ်း ငါသည် သင်တို့အဖို့ နိမိတ်လက္ခဏာဖြစ်၏။ ငါလုပ်ပြသည့်အတိုင်း သူတို့ကြုံတွေ့ရလိမ့်မည်။ သုံ့ပန်းအဖြစ် လိုက်သွားရလိမ့်မည်ဟူ၍ မိန့်တော်မူသည်’ဟု ပြောကြားလော့။ |
ထိုနောက်နေဗုဇာရဒန်သည်မြို့ထဲတွင်ကျန် ရှိနေသေးသူများ၊ ကြွင်းကျန်သောအတတ် ပညာသည်များနှင့် ဗာဗုလုန်ဘုရင်ဘက်သို့ ကူးဝင်လာသူများအားဗာဗုလုန်ပြည်သို့ ဖမ်းဆီးခေါ်ဆောင်သွား၏။-
ဇေဒကိ၏သားများကိုဖခင်၏မျက်မှောက်၌ ကွပ်မျက်ပြီးလျှင် ဇေဒကိ၏မျက်စိများကို ဖောက်၍သူ့အားသံကြိုးများဖြင့်ချည်နှောင် ကာဗာဗုလုန်ပြည်သို့ဖမ်းဆီးသွားလေ သည်။
ယေရုရှလင်မြို့သားတို့၊ သင်တို့အားရန်သူ များဝိုင်းရံလျက်ရှိကြ၏။ ဤမြို့မှထွက် ခွာရန်သင်တို့၏ဥစ္စာပစ္စည်းများကိုစုသိမ်း ကြလော့။-
သူတို့ကမိမိတို့သည်အဘယ်အရပ်သို့ သွားရပါမည်နည်းဟု သင့်အားမေးသော အခါဤသို့ပြောကြားလော့။ ``သင်တို့အချို့သည်အနာရောဂါဘေး သင့်ပြီး သေရကြမည်ဖြစ်၍ အနာရောဂါဖြစ်ပွားရာသို့လည်းကောင်း၊ အချို့တို့မှာစစ်ပွဲတွင်ကျဆုံးရကြမည်ဖြစ်၍ စစ်မက်ဖြစ်ပွားရာသို့၊အချို့တို့ကားငတ်မွတ် ခေါင်းပါးခြင်းဘေးသင့်၍ သေရကြမည်ဖြစ်၍ငတ်မွတ်ခေါင်းပါးရာသို့၊ အချို့သူတို့မှာမူသုံ့ပန်းအဖြစ်ဖမ်းဆီး ခေါ်ဆောင်ခြင်းခံရကြမည်ဖြစ်၍၊ အဖမ်းခံရကြမည့်အရပ်သို့သွားရမည်ဟု'' ငါအားမိန့်တော်မူ၏။''
ထိုနောက်မင်းကြီး၏အစောင့်တပ်မတော်မှူး နေဗုဇာရဒန်သည်မြို့ထဲတွင်ကျန်ရှိနေ သေးသည့်သူများ၊ လက်မှုပညာသည်အကြွင်း အကျန်များနှင့် ဗာဗုလုန်မြို့သားတို့ဘက် သို့ကူးပြောင်းလာသူများအား ဗာဗုလုန် မြို့သို့ခေါ်ဆောင်သွားလေသည်။-
``အချင်းလူသား၊ ယခုသင်သည်ဒုက္ခသည် တစ်ဦးကဲ့သို့ အထုပ်အပိုးကိုယူ၍နေ့ အချိန်၌ထွက်ခွာသွားလော့။ ယင်းသို့သင် အရပ်တစ်ပါးသို့ထွက်ခွာသွားသည်ကို လူတိုင်းမြင်ပါစေ။ ပုန်ကန်တတ်သူတို့သည် လည်းသင့်အားနားလည်ကောင်းနားလည် ကြလိမ့်မည်။-
ထိုအထုပ်အပိုးကိုပခုံးပေါ်သို့တင်သည် ကိုလည်းကောင်း၊ မိမိသွားမည့်လမ်းကိုမမြင် နိုင်စေရန်မျက်နှာကိုဖုံး၍မှောင်ထဲတွင် သင် ထွက်ခွာသည်ကိုလည်းကောင်းထိုသူတို့မြင် ကြပါစေ။ သင်ပြုသောအမှုသည်ဣသရေ လအမျိုးသားတို့အတွက် သတိပေးသည့် နိမိတ်လက္ခဏာဖြစ်လိမ့်မည်'' ဟုမိန့်တော် မူ၏။
ထို့နောက်``အချင်းလူသား၊ အုတ်တစ်ချပ်ကို ယူ၍သင်၏ရှေ့တွင်ထားပြီးလျှင် ယေရုရှ လင်မြို့ပုံကိုအုတ်ပေါ်တွင်ရေးဆွဲလော့။-
သံပြားတစ်ချပ်ကိုလည်းယူ၍မြို့နှင့်သင် ၏စပ်ကြားတွင်တံတိုင်းသဖွယ်ထောင်၍ ထားလော့။ သင်သည်မြို့ဘက်သို့မျက်နှာမူ လော့။ မြို့သည်ဝိုင်းရံခြင်းကိုခံလျက်ရှိ၏။ သင်သည်မြို့ကိုဝိုင်းရံသူဖြစ်၏။ ဤသည် ကားဣသရေလအမျိုးသားတို့အတွက် ပုဗ္ဗနိမိတ်ဖြစ်လိမ့်မည်။
သို့ဖြစ်၍ယဇ်ပုရောဟိတ်မင်းဖြစ်သူယောရှု၊ နားထောင်လော့။ ယောရှု၏အပေါင်းအဖော် ယဇ်ပုရောဟိတ်တို့၊ သာယာသောအနာဂတ် ၏နိမိတ်လက္ခဏာကိုဆောင်သူတို့၊ နားထောင် ကြလော့။ ငါသည်``အညွှန့်အတက်'' ဟုနာမည် တွင်သောမိမိ၏အစေခံကိုပေါ်ထွန်းစေ မည်။-