ယင်းသို့ထွန်းလင်းတောက်ပသောအရောင်အဝါသည် မိုးတိမ်များ၌ဖြစ်ပေါ်တတ်သောသက်တံနှင့်တူ၏။ ဤကားထာဝရဘုရား၏ဘုန်းအသရေတော်ကို ဖော်ပြသောတောက်ပသည့်အလင်းရောင်ဖြစ်သတည်း။
ယေဇကျေလ 11:22 - Common Language Bible အသက်ရှင်သောသတ္တဝါတို့သည်စ၍ပျံ ကြသောအခါဘီးများသည်လည်းလိုက် သွားကြ၏။ ဣသရေလအမျိုးသားတို့ ဘုရားသခင်၏တောက်ပသောဘုန်းအသ ရေတော်သည်သူတို့၏အပေါ်၌တည် လျက်ရှိ၏။- Garrad Bible ထို့ နောက်၊ အ နီး၌ စက် များ ရှိ သော ခေ ရု ဗ တို့ သည်၊ ဣ သ ရေ လ လူ မျိုး ၏ ဘု ရား သ ခင့် ဘုန်း တော် လွှမ်း မိုး လျက် ရှိ နေ စဉ်၊ အ တောင် ဖြန့်၍၊ Judson Bible ထိုအခါ ခေရုဗိမ်တို့သည် အတောင်တို့ကို ဖြန့်၍၊ ဘီးတို့သည်လည်း လိုက်ကြ၏။ ဣသရေလအမျိုး၏ ဘုရားသခင့် ဘုန်းတော်သည်လည်း သူတို့အပေါ်၌ ရှိတော်မူ၏။ မြန်မာ့စံမီသမ္မာကျမ်း ထို့နောက် ဘေး၌ဘီးပါသောခေရုဗိမ်တို့သည် တောင်ပံများကိုဖြန့်၏။ အစ္စရေးလူမျိုး၏ဘုရားသခင်ဘုန်းတော်သည်လည်း သူတို့အထက်၌ တည်နေ၏။ |
ယင်းသို့ထွန်းလင်းတောက်ပသောအရောင်အဝါသည် မိုးတိမ်များ၌ဖြစ်ပေါ်တတ်သောသက်တံနှင့်တူ၏။ ဤကားထာဝရဘုရား၏ဘုန်းအသရေတော်ကို ဖော်ပြသောတောက်ပသည့်အလင်းရောင်ဖြစ်သတည်း။
သူတို့သည်မိမိတို့တောင်ပံများကိုဖြန့်၍ ငါ၏မျက်မှောက်၌ပင်ကမ္ဘာမြေကြီးမှအထက် သို့ပျံတက်ကြ၏။ ထိုအခါဘီးတို့သည်လည်း လိုက်ပါသွားကြ၏။ သတ္တဝါတို့သည်ဗိမာန် တော်အရှေ့တံခါးတွင်ရပ်နားကြ၏။ ဣသ ရေလအမျိုးသားတို့ဘုရားသခင်၏ တောက်ပသောဘုန်းအသရေတော်သည် လည်းသူတို့အပေါ်၌တည်လေ၏။-
ထာဝရဘုရား၏တောက်ပသောအသရေ တော်သည် ထိုသတ္တဝါများမှအထက်သို့လျှံ တက်ပြီးလျှင် ဗိမာန်တော်အဝင်ဝသို့ရွေ့ လျား၏။ ထိုနောက်ဗိမာန်တော်သည်မိုးတိမ် များဖြင့်ပြည့်သဖြင့် တံတိုင်းသည်ဘုရားသခင်၏ဘုန်းအသရေဖြင့်ထွန်းတောက် လျက်နေ၏။-
ထိုအရပ်တွင်ဣသရေလအမျိုးသားတို့ ၏ဘုရားသခင်၏တောက်ပသောဘုန်း အသရေတော်သည်အရှေ့အရပ်မှပေါ် ထွက်လာသည်ကိုငါမြင်ရ၏။ ဘုရားသခင်၏အသံတော်သည်ပင်လယ်မြည် ဟည်းသံနှင့်တူ၏။ ကမ္ဘာမြေကြီးသည် လည်းကိုယ်တော်၏ဘုန်းအသရေတော် နှင့်တောက်ပလျက်ရှိ၏။-
ထိုအခါဣသရေလအမျိုးသားတို့ ကိုး ကွယ်သောဘုရားသခင်၏တောက်ပသော ဘုန်းအသရေတော်သည် ကျိန်းဝပ်တော်မူ ရာခေရုဗိမ်များမှလျှံတက်လျက်ဗိမာန် တော်အဝင်ဝသို့ရွေ့လျားသွားတော်မူ၏။ ထာဝရဘုရားသည်ပိတ်ချောထည်ကိုဝတ် ဆင်ထား၍ စာရေးကိရိယာကိုယူဆောင် လာသူအားခေါ်တော်မူ၍၊-