အချင်းလူပျို၊ အသက်ပျိုသောအခါ ပျော်မွေ့ လော့။ အသက်ပျိုစဉ်ကာလတွင် စိတ်ရွှင်လန်းခြင်း ရှိလော့။ ကိုယ်အလိုရှိရာလမ်းနှင့်၊ ကိုယ်ဥာဏ်ပြသော လမ်းသို့လိုက်လော့။ သို့ရာတွင်၊ ထိုအမှုအလုံးစုံတို့ကို ဘုရားသခင်စစ်ကြော၍၊ သင့်ကို အပြစ်ပေးတော်မူမည် ဟု အောက်မေ့လော့။
ယေဇကျေလ 11:21 - Common Language Bible သို့ဖြစ်၍ငါသည်ညစ်ညမ်းစက်ဆုပ်ဖွယ် ကောင်းသောရုပ်တုများကိုစိတ်စွဲလမ်းသူ တို့ကိုဒဏ်ခတ်တော်မူမည်။ သူတို့ပြုခဲ့ သည့်အမှုများအတွက်ဒဏ်ခတ်တော်မူ မည်'' ဟုမိန့်တော်မူ၏။ ဤကားအရှင် ထာဝရဘုရားမိန့်မြွက်တော်မူချက် ပင်ဖြစ်သတည်း။ Garrad Bible စက် ဆုပ် ရွံ ရှာ ဖွယ် ရုပ် ပွား ဆင်း တု များ အား၊ စိတ် စွဲ လမ်း သူ တို့ မှာ မူ၊ ချင်း တို့ အ လေ့ အ လာ များ ကို ငါ ဆပ် ပေး မည် ဟု၊ အ ရှင် ထာ ဝ ရ ဘု ရား မိန့် တော် မူ ကြောင်း များ ကို၊ ဆင့် ဆို လော့ ဟူ၍ တည်း။ Judson Bible သို့မဟုတ်လျှင်၊ စက်ဆုပ်ရွံရှာဖွယ်သော အမှုအရာတို့၏အလိုသို့ စိတ်နှလုံးအားဖြင့် လိုက်သောသူတို့၏အပြစ်ကို၊ သူတို့၏ခေါင်းပေါ်သို့ ငါရောက်စေမည်ဟု အရှင်ထာဝရဘုရား မိန့်တော်မူ၏။ မြန်မာ့စံမီသမ္မာကျမ်း သို့သော် စက်ဆုပ်ရွံရှာဖွယ်ရာများနောက်သို့လိုက်လိုသော စိတ်ဆန္ဒပြင်းပြသောသူတို့ကိုမူ သူတို့ပြုကျင့်သည့်အတိုင်း သူတို့ခေါင်းပေါ်သို့ပြန်ရောက်စေမည်’ဟူ၍ မိန့်တော်မူသည်”ဟု မိန့်ဆိုလေ၏။ |
အချင်းလူပျို၊ အသက်ပျိုသောအခါ ပျော်မွေ့ လော့။ အသက်ပျိုစဉ်ကာလတွင် စိတ်ရွှင်လန်းခြင်း ရှိလော့။ ကိုယ်အလိုရှိရာလမ်းနှင့်၊ ကိုယ်ဥာဏ်ပြသော လမ်းသို့လိုက်လော့။ သို့ရာတွင်၊ ထိုအမှုအလုံးစုံတို့ကို ဘုရားသခင်စစ်ကြော၍၊ သင့်ကို အပြစ်ပေးတော်မူမည် ဟု အောက်မေ့လော့။
ဤနည်းအားဖြင့်ငါသည်အပြစ်ကူးလွန် သူများ၊ ငါ့ကိုစွန့်ပစ်သူများ၊ အခြားဘုရား တို့အားနံ့သာပေါင်းဖြင့်မီးရှို့ပူဇော်သူ များနှင့် မိမိတို့သွန်းလုပ်သည့်ရုပ်တုများ ကိုဝတ်ပြုကိုးကွယ်သူတို့အားအပြစ် ပေးတော်မူမည်။-
ထိုအခါသူတို့အားထာဝရဘုရားက`သင် တို့ဘိုးဘေးများသည် ငါ့ကိုစွန့်ပစ်၍အခြား ဘုရားများကိုဝတ်ပြုကိုးကွယ်ကြ၏။ သူ တို့သည်ငါ့ကိုစွန့်ပစ်ကာငါ၏သြဝါဒ များကိုမလိုက်နာကြ။-
သူတို့အားမိမိတို့အပြစ်နှင့်ယုတ်မာမှု များအတွက် နှစ်ဆမျှကြီးလေးသည့်အပြစ် ဒဏ်ကိုငါပေးမည်။ အဘယ်ကြောင့်ဆိုသော် သူတို့သည်လူသေသဖွယ်အသက်မရှိသည့် ရုပ်တုများအားဖြင့် ငါ၏ပြည်တော်ကိုညစ် ညမ်းစေလေပြီ။ မိမိတို့အားငါပေးအပ် သည့်ပြည်ကိုဘုရားအတုအယောင်များ နှင့်ပြည့်နှက်စေလေပြီ'' ဟုမိန့်တော်မူ၏။
``အဘယ်သူသည်လူ၏စိတ်နှလုံးကို သိနားလည်နိုင်သနည်း။ လူ၏စိတ်နှလုံးသည်အရာခပ်သိမ်းထက် စဉ်းလဲတတ်၏။ ထိုစိတ်နှလုံးတွင်ကုသ၍မရနိုင်သောအနာ ရှိ၏။''
အို ဣသရေလ၊သင်သည်ရှေးအခါကပင်ငါ၏ ထမ်းပိုးကိုချိုး၍ငါ၏နှောင်ကြိုးများကိုဖြတ် ခဲ့၏။ သင်သည်ငါ၏စကားကိုနားမထောင်ငါ့အား ဝတ်မပြုမကိုးကွယ်။ တောင်မြင့်ရှိသမျှအပေါ်၌လည်းကောင်း၊စိမ်း လန်းသည့် သစ်ပင်ရှိသမျှအောက်၌လည်းကောင်း၊ သင်သည်ပြည့်တန်ဆာကဲ့သို့ပြုမူခဲ့လေသည်။
သူတို့သည်ပြန်လည်ရောက်ရှိလာသောအခါ မိမိတို့တွေ့ရှိရသမျှသောစက်ဆုပ်ဖွယ်ကောင်း သည့်ရုပ်တုများကိုပယ်ရှားရကြမည်။-
ကိုယ်တော်က``အချင်းလူသားဤသူတို့ သည်ရုပ်တုများကိုစွဲလမ်းသောစိတ်ရှိ ၍ မိမိရှေ့တွင်ထိမိ၍လဲစရာဖြစ်စေ ကြကုန်ပြီ။ သူတို့သည်အဖြေကိုငါ့ထံ မှရလိမ့်မည်ဟုထင်မှတ်ကြသလော။
ငယ်စဉ်အခါကသင့်အကြောင်းကို သင်သည် မေ့ပျောက်ကာဆိုးညစ်မှုအပေါင်းကိုပြု၍ ငါ ၏အမျက်ကိုနှိုးဆော်ခဲ့၏။ သို့ဖြစ်၍ထိုအမှု အရာများအတွက် ငါသည်သင့်ကိုဒဏ်ပေး ရ၏။ သင်သည်အကျင့်ပျက်ပြားမှုအပြင် အခြားစက်ဆုပ်ဖွယ်ကောင်းသည့်အမှုများ ကို အဘယ်ကြောင့်ထပ်လောင်း၍ပြုသနည်း'' ဟူ၍တည်း။ ဤကားအရှင်ထာဝရဘုရား မိန့်တော်မူသောစကားဖြစ်၏။
ယင်းသို့ကျိန်ဆိုရခြင်းအကြောင်းမှာသူတို့ သည် မိမိတို့၏ရုပ်တုကိုးကွယ်မှုကိုပိုမို နှစ်သက်ကြလျက် ငါ၏အမိန့်တော်တို့ကို ပစ်ပယ်ကာငါ၏ပညတ်တော်တို့ကိုချိုး ဖောက်၍ ဥပုသ်နေ့ကိုမရိုမသေပြုကြ သောကြောင့်ဖြစ်၏။
သင်တို့သည်ယနေ့တိုင်အောင်ပင်သူတို့ ဆက်သသည့်ပူဇော်သကာများကိုဆက် သလျက် ရုပ်တုများအားမိမိတို့၏သား သမီးများကိုမီးရှို့ပူဇော်ကာကိုယ့်ကိုယ် ကိုညစ်ညမ်းစေကြ၏။ အချင်းဣသရေလ အမျိုးသားတို့၊ သင်တို့သည်ငါ့ထံသို့ လာ၍ငါ၏အလိုတော်ကိုစုံစမ်းမေး မြန်းကြ၏။ ငါသည်အသက်ရှင်တော်မူ သောအရှင်ထာဝရဘုရားဖြစ်တော်မူ သည်နှင့်အညီ အဘယ်သို့မျှစုံစမ်းမေး မြန်းခွင့်ကိုသင်တို့အားပေးမည်မဟုတ်။-
သင်တို့အနက်ပုန်ကန်သူများနှင့်တော်လှန် သူများကိုဖယ်ရှားပစ်မည်။ သူတို့ကိုမိမိ တို့ယခုနေထိုင်ရာပြည်များမှထွက်သွား စေမည်။ သို့ရာတွင်ဣသရေလပြည်သို့ပြန် လာခွင့်ပြုမည်မဟုတ်။ ထိုအခါငါသည် ထာဝရဘုရားဖြစ်တော်မူကြောင်း သင်တို့ သိရှိကြလိမ့်မည်'' ဟုမိန့်တော်မူ၏။
သို့ဖြစ်၍ငါသည်အမျက်တော်ကိုသွန်းလောင်း ၍ သူတို့အပေါ်သို့အမျက်တော်ကိုမီးသ ဖွယ်သက်ရောက်စေမည်။ သူတို့ပြုခဲ့သည့်အမှု များအတွက်သူတို့၏ခေါင်းပေါ်သို့ကျရောက် စေမည်'' ဟုမိန့်တော်မူ၏။ ဤကားအရှင် ထာဝရဘုရားမိန့်တော်မူသောစကား ဖြစ်၏။
``အို ဣသရေလနိုင်ငံ၊ သင်ပျက်သုဉ်းရာအချိန် ကျပြီ။ သင်ပြုခဲ့သောအမှုများအတွက် ငါ သည်သင့်အားတရားစီရင်ပြီဖြစ်၍ သင်သည် ငါ၏အမျက်တော်ဒဏ်ကိုခံရလိမ့်မည်။ သင် ပြုခဲ့သည့်စက်ဆုပ်ဖွယ်ရာအမှုအပေါင်း၏ အကျိုးဆက်ကိုသင့်အားငါပေးဆပ်မည်။-
ငါသည်သင့်အားချမ်းသာပေးလိမ့်မည်မဟုတ်၊ အဘယ်သို့မျှလည်းကရုဏာပြလိမ့်မည်မ ဟုတ်။ သင်ပြုခဲ့သည့်စက်ဆုပ်ဖွယ်ရာအမှုများ အတွက် ငါသည်သင့်ကိုဒဏ်ပေးမည်။ သို့မှသာ လျှင်ငါသည်ထာဝရဘုရားဖြစ်ကြောင်းသင် သိရှိလိမ့်မည်'' ဟုမိန့်တော်မူ၏။
``မကြာမီပင်သင်သည် ငါ၏အမျက်တော် ဒဏ်ကိုအပြည့်အဝသင့်အပေါ်သို့သွန်း လောင်းလိမ့်မည်။ ငါသည်သင်ပြုခဲ့သောအမှု များအတွက် သင့်အားတရားစီရင်မည်။ သင် ပြုသည့်စက်ဆုပ်ဖွယ်ရာအမှုများ၏အကျိုး ဆက်ကိုသင့်အားငါပေးအပ်မည်။-
သို့ရာတွင်ငါသည်သူတို့ကိုသနားမည် မဟုတ်။ ချမ်းသာပေးလိမ့်မည်မဟုတ်။ ထိုသူ တို့သူတစ်ပါးအားပြုကြသည်အတိုင်း သူတို့အားငါပြုမည်'' ဟုမိန့်တော်မူ၏။
ဖြောင့်မတ်သူများဖြစ်ကြသောငါ၏လူစု တော်သည် ယုံကြည်၍အသက်ရှင်လိမ့်မည်။ သို့ရာတွင်တွန့်ဆုတ်သွားသူကိုမူကား ငါသည်နှစ်သက်လိမ့်မည်မဟုတ်'' ဟုကျမ်းစာတော်တွင်ဖော်ပြပါရှိ၏။-
ထိုသူတို့သည်အသင်းတော်တွင်စိတ်ဝမ်း ကွဲပြားစေသူများ မိမိတို့နဂိုဇာတိစိတ် အလိုသို့လိုက်သူများ၊ ဝိညာဉ်တော်ကို မရသူများဖြစ်ကြ၏။-