သင်တို့သည်မိမိတို့ပြည်နယ်စပ်၌သင်တို့ ကိုတရားစီရင်သဖြင့် စစ်ပွဲတွင်ကျဆုံးရ ကြလိမ့်မည်။ ထိုအခါငါသည်ထာဝရ ဘုရားဖြစ်ကြောင်းကို လူတိုင်းသိရှိကြ လိမ့်မည်။-
ဓား ဘေး ကြောင့် သင် တို့ ကျ ဆုံး ကြ လိမ့် မည်။ ဣ သ ရေ လ ပြည် စွန် တွင် ပင် ငါ ဆုံး ဖြတ် သည့် အ လျောက်၊ ငါ သည် ထာ ဝ ရ ဘု ရား ဖြစ် သည် ကို၊ သင် တို့ သိ ရ ကြ လ တ္တံ့။
သင်တို့သည် ဓားဖြင့်ဆုံးရှုံးကြ၍၊ ဣသရေလပြည်စွန်းမှာ ငါစစ်ကြောစီရင်သဖြင့်၊ ငါသည် ထာဝရဘုရား ဖြစ်ကြောင်းကို သင်တို့သိရကြလိမ့်မည်။
သင်တို့သည် ဓားဘေးဖြင့် သေရလိမ့်မည်။ ငါသည် သင်တို့ကိုအစ္စရေးနယ်စပ်တွင် တရားစီရင်မည်။ သို့မှ ငါသည် ထာဝရဘုရားဖြစ်ကြောင်း သင်တို့သိရလိမ့်မည်။
ဗိမာန်တော်တွင်ရှောလမုန်နှင့်ဣသရေလ အမျိုးသားအပေါင်းတို့သည် သစ်ခက်တဲနေ ပွဲတော်ကိုခုနစ်ရက်တိုင်တိုင်ကျင်းပကြလေ သည်။ လူအုပ်ကြီးမှာမြောက်ဘက်ဟာမတ်တောင် ကြားလမ်းမှသည် တောင်ဘက်အီဂျစ်ပြည်နယ် စပ်တိုင်အောင်အနှံ့အပြားအရပ်ရပ်မှလာ ရောက်သူများဖြစ်သတည်း။-
သူသည်မြောက်သို့လားသော်ဟာမတ်တောင်ကြား လမ်း၊ တောင်သို့လားသော်ပင်လယ်သေတိုင်အောင် ယခင်အခါကဣသရေလပြည်၏ပိုင်နက်နယ် မြေမှန်သမျှတို့ကိုပြန်လည်သိမ်းယူလေသည်။ ဤကားဣသရေလအမျိုးသားတို့၏ဘုရားသခင်ထာဝရဘုရားသည် မိမိ၏ကျွန်တော် ရင်း၊ ဂါသေဖာမြို့နေ၊ အမိတ္တဲ၏သားပရောဖက် ယောနအားဖြင့်မိန့်တော်မူခဲ့သောစကား တော်အတိုင်းပင်ဖြစ်သတည်း။
ထာဝရဘုရားသည်ဖြောင့်မှန်စွာ တရားစီရင်တော်မူခြင်းအားဖြင့်မိမိကိုယ် ကို ပေါ်လွင်ထင်ရှားစေတော်မူပြီ။ သူယုတ်မာတို့သည်မိမိတို့၏အကျင့်များ အားဖြင့် ပြန်၍ကျော့မိကြကုန်၏။
ရိဗလမြို့၌ပင်ဗာဗုလုန်ဘုရင်သည်ဇေဒ ကိ၏မျက်မှောက်တွင် သူ၏သားတော်တို့ကို ကွပ်မျက်စေလေသည်။ သူသည်ယုဒမှူးမတ် များကိုလည်းသတ်စေ၍၊-
အကယ်၍ဝါကြွားလိုသူလူတစ်စုံတစ်ယောက် ရှိပါမူ ထိုသူသည်ငါ၏အကြောင်းကိုသိရှိနားလည်မှု ၌သာလျှင်ဝါကြွားရာ၏။ အဘယ်ကြောင့်ဆိုသော်ငါ၏မေတ္တာသည်ခိုင်မြဲ၍ ငါပြုသောအမှုသည်တရားမျှတမှု၊ ဖြောင့်မတ်မှန်ကန်မှုရှိသောကြောင့်ဖြစ်၏။ ဤအမှုတို့ကိုငါနှစ်သက်မြတ်နိုး၏။ ဤကားငါထာဝရဘုရားမြွက်ဟသည့် စကားပင်တည်း'' ဟုမိန့်တော်မူ၏။
အုတ်မြစ်များအတိုင်းသားပေါ်လာစေ ရန်ရည်ရွယ်လျက် ငါသည်ပရောဖက်တို့ ထုံးသုတ်ထားသည့်မြို့ရိုးကိုဖြိုချချိုး ဖဲ့မည်။ မြို့ရိုးပြိုကျသောအခါ သင်တို့ သည်ပိ၍သေကြလိမ့်မည်။ ထိုအခါငါ သည်ထာဝရဘုရားဖြစ်တော်မူကြောင်း သင်တို့သိရှိကြလိမ့်မည်။''
သင်၏ခေါင်းစည်းပုဝါများကိုဆွဲဖြတ် ၍ ငါ၏လူမျိုးတော်အားသင့်လက်မှ အပြီးအပိုင်လွတ်မြောက်စေမည်။ ထို အခါငါသည်ထာဝရဘုရားဖြစ် တော်မူကြောင်းသင်သိရှိလိမ့်မည်။
သို့ဖြစ်၍ သင်တို့သည်သင်တို့၏ဗျာဒိတ် ရူပါရုံအတုများကိုမြင်ရတော့မည် မဟုတ်။ မှောက်မှားလမ်းလွဲမှုကိုဖြစ်စေ သည့်ဗျာဒိတ်စကားများကိုဟောရတော့ မည်မဟုတ်။ ငါသည်ထာဝရဘုရားဖြစ် တော်မူကြောင်း သင်တို့သိရှိစေရန်ငါ ၏လူမျိုးတော်အားသင်တို့လက်မှ ငါကယ်ဆယ်မည်'' ဟူ၍တည်း။
ဗျာဒိတ်ရူပါရုံအတုများကိုမြင်၍မှား ယွင်းသောကြိုတင်ဟောပြောမှုကိုပြုကြ ၏။ အသင်ပရောဖက်တို့အားငါဒဏ်ခတ် တော်မူအံ့။ သင်တို့သည်ငါ၏လူမျိုးတော် တိုင်ပင်စည်းဝေးရာသို့ဝင်ရလိမ့်မည်မ ဟုတ်။ ဣသရေလနိုင်ငံသားတို့၏စာရင်း တွင်လည်းသင်တို့၏နာမည်များကိုမသွင်း ရ။ သင်တို့သည်မိမိတို့ပြည်သို့အဘယ် အခါ၌မျှမပြန်ရ။ ထိုအခါငါသည် အရှင်ထာဝရဘုရားဖြစ်တော်မူကြောင်း သင်တို့သိရှိကြလိမ့်မည်။''
နေရာတကာတွင်လူတို့သည်အသတ်ခံရ ကြလိမ့်မည်။ ဤသည်ကားငါသည်ထာဝရ ဘုရားဖြစ်ကြောင်းသိရကြလိမ့်မည်။
ဂေဗလအမျိုးသားတို့၏ပြည်၊ ဟေရမုန် တောင်၏တောင်ဘက်ရှိဗာလဂဒ်မြို့မှဟာ မတ်တောင်ကြားအထိ၊ အရှေ့ဘက်တွင် တည်ရှိသောလေဗနုန်ပြည်အားလုံးတို့ ကိုသိမ်းယူရန်ကျန်ရှိနေသေးသည်။-